Samsung ဟာ Galaxy Note 20 စီးရီးကို သတ်မှတ်ထားတဲ့ အချို့ဈေးကွက်တွေမှာ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း Pre-order ကိုတော့ ကြိုတင်ပြီးလက်ခံထားတာပါ။

Galaxy Note 20 စီးရီးကို ရောင်းချပေးဖို့ သတ်မှတ်ထားတဲ့ ဈေးကွက်တွေထဲမှာ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ တောင်ကိုရီးယားလည်းပါဝင်ပါတယ်။ တောင်ကိုရီးယား ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ Galaxy Note 20 ဟာ Galaxy Note 10 စီးရီးတုန်းကလိုပဲ မြင့်မားတဲ့ စိတ်ဝင်စားမှုကို ရရှိထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားစက်ရုံတွေကနေ ထွက်ပေါ်လာတဲ့ သတင်းအရ (သြဂုတ်လ ၁၄ ရက်နေ့မနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ) လက်ရှိအချိန်ထိ Galaxy Note 20 Pre-order တင်တဲ့အရေအတွက်ဟာ ၁.၁၇ သန်း ရှိပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၉၀% အထိ မြင့်တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Note 10 ရဲ့ စုစုပေါင်း ရောင်းအားကို ကျော်တက်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ယေဘုယျအားဖြင့်တော့ Galaxy Note စီးရီးတွေဟာ တစ်ဖြည်းဖြည်းနဲ့ ပိုပြီးအဆင့်မြင့်မားလာသလို လူကြိုက်လည်း ပိုများလာတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Galaxy Note 9 ထက် Note 10 ကို ပိုပြီးလူကြိုက်များလာခဲ့သလို၊ အခု Note 20 ကလည်း ပိုများလာမယ့် အရိပ်အယောင်ကို တွေ့မြင်နိုင်ပါတယ်။ ပြောစရာရှိတာက အခုသိရှိရတဲ့ Pre-order နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းဟာ တောင်ကိုရီးယား ပြည်တွင်းဈေးကွက်တစ်ခုတည်းအတွက်သာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ရဲ့ အခြေအနေတွေ မပါဝင်သေးတာ ဖြစ်ပါတယ်။

Ref: GSM Arena