[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္ဦးပိုင္းေလာက္ကစၿပီး Samsung ဟာ ကမာၻ႔ Chip ထုတ္လုပ္ေရးမွာ အႀကီးမားဆုံးအျဖစ္ ရပ္တည္လာႏိုင္ခဲ့တာပါ။ Intel ဆီက သရဖူကို အရယူႏိုင္ခဲ့တာက ကိုရီးယား နည္းပညာကုမၸဏီႀကီးရဲ႕ Memory division ေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။

အခုအခ်ိန္မွာေတာ့ Samsung ဟာ လာမယ့္ ၂၀၃၀အထိ မန္မိုရီမဟုတ္တဲ့ Chip ေတြ ထုတ္လုပ္ဖို႔အတြက္ ေဒၚလာ ၁၁၆ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စီစဥ္ထားေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒါဟာ ကုမၸဏီတစ္ခုလုံးရဲ႕ အျမတ္ဝင္ေငြအတြက္ မန္မိုရီထုတ္လုပ္မႈပိုင္းမွာပဲ မွီခိုအားထားေနရျခင္းကို ေလွ်ာ့ခ်လာႏိုင္မယ့္ နည္းလမ္းလည္း ျဖစ္ပါတယ္။

Samsung အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမယ့္ေငြေၾကးရဲ႕ တစ္ဝက္ေက်ာ္ကို သုေတသနဲ႔ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြမွာ အသုံးခ်မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုလုပ္ေဆာင္လိုက္ျခင္းေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း တစ္ေသာင္းခြဲကို ဖန္တီးေပးႏိုင္မယ္လို႔လည္း သိရပါတယ္။ က်န္ရွိေနတဲ့ ေငြေၾကးေတြကိုေတာ့ အေျခခံအေဆာက္အအုံအတြက္ သုံးစြဲမွာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။ Samsung System LSI, Exynos chips နဲ႔ Modems ဖြံ႕ၿဖိဳးမႈ၊ ISOCELL ဆင္ဆာနဲ႔ Samsung Foundry ေတြဟာ ၂၀၃၀ အထိ တစ္ႏွစ္ကို ေဒၚလာ ၉.၅ ဘီလီယံႏႈန္း လက္ခံရရွိမယ္လို႔ သိရပါတယ္။

ပုံမွန္အားျဖင့္ေတာ့ Samsung ရဲ႕ Memory division ဟာ အျမတ္အစြန္းအမ်ားဆုံး ယူေဆာင္ေပးႏိုင္သလို ရန္ပုံေငြလည္း အမ်ားဆုံး ရရွိခဲ့တာပါ။ ဒါေပမယ့္ Samsung ဟာ အျခားက႑ေတြကိုလည္း မျဖည့္တင္းဘူးဆိုရင္ ေရရွည္မွာ ေနာက္က်က်န္ခဲ့မယ္ဆိုတာကို ေကာင္းေကာင္း သိထားတဲ့အတြက္ အခုလိုေျခလွမ္းကို လွမ္းလိုက္ရတာျဖစ္တယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSMArena

[Unicode]

Logic Chip R&D နဲ့ ထုတ်လုပ်ခြင်းအတွက် ၂၀၃၀ အထိ ဒေါ်လာ ၁၁၆ ဘီလီယံ မြှုပ်နှံမယ့် Samsung

ပြီးခဲ့တဲ့နှစ်ဦးပိုင်းလောက်ကစပြီး Samsung ဟာ ကမ္ဘာ့ Chip ထုတ်လုပ်ရေးမှာ အကြီးမားဆုံးအဖြစ် ရပ်တည်လာနိုင်ခဲ့တာပါ။ Intel ဆီက သရဖူကို အရယူနိုင်ခဲ့တာက ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ Memory division ကြောင့်လို့ ဆိုနိုင်ပါတယ်။

အခုအချိန်မှာတော့ Samsung ဟာ လာမယ့် ၂၀၃၀အထိ မန်မိုရီမဟုတ်တဲ့ Chip တွေ ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၁၁၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ အမြတ်ဝင်ငွေအတွက် မန်မိုရီထုတ်လုပ်မှုပိုင်းမှာပဲ မှီခိုအားထားနေရခြင်းကို လျှော့ချလာနိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

Samsung အနေနဲ့ ရင်းနှီးမြှုပ်နှံမယ့်ငွေကြေးရဲ့ တစ်ဝက်ကျော်ကို သုတေသနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းခွဲကို ဖန်တီးပေးနိုင်မယ်လို့လည်း သိရပါတယ်။ ကျန်ရှိနေတဲ့ ငွေကြေးတွေကိုတော့ အခြေခံအဆောက်အအုံအတွက် သုံးစွဲမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ Samsung System LSI, Exynos chips နဲ့ Modems ဖွံ့ဖြိုးမှု၊ ISOCELL ဆင်ဆာနဲ့ Samsung Foundry တွေဟာ ၂၀၃၀ အထိ တစ်နှစ်ကို ဒေါ်လာ ၉.၅ ဘီလီယံနှုန်း လက်ခံရရှိမယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့်တော့ Samsung ရဲ့ Memory division ဟာ အမြတ်အစွန်းအများဆုံး ယူဆောင်ပေးနိုင်သလို ရန်ပုံငွေလည်း အများဆုံး ရရှိခဲ့တာပါ။ ဒါပေမယ့် Samsung ဟာ အခြားကဏ္ဍတွေကိုလည်း မဖြည့်တင်းဘူးဆိုရင် ရေရှည်မှာ နောက်ကျကျန်ခဲ့မယ်ဆိုတာကို ကောင်းကောင်း သိထားတဲ့အတွက် အခုလိုခြေလှမ်းကို လှမ်းလိုက်ရတာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

Ref: GSMArena