လက်ရှိအချိန်မှာ စမတ်ဖုန်းအများစုဟာ Storage အနေနဲ့ အမြင့်ဆုံး 128GB အထိပဲ ရှိနေသေးတာဖြစ်ပြီး Apple iPhone X လိုမျိုး ဖုန်းတွေမှာသာ 256GB ကို ရရှိနိုင်သေးတာဖြစ်ပါတယ်။ ယခင်က Storage 8GB, 16GB ဖုန်းတွေကနေ အခုအချိန်မှာ Hard Disk Storage လောက်နီးနီး Storage ကိုရရှိလာတာက အလွန်တိုးတက်လာတယ်ပဲပြောရမှာပါ။

အခု Samsung ကနေ နောက်နှစ်ထုတ်လုပ်မယ့် Galaxy S9 စမတ်ဖုန်းမှာ သာမန် ကွန်ပျူတာ Harddisk တစ်လုံးထက်တောင် ပိုမိုများပြားတဲ့ Storage ပါဝင်လာဖို့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အခုအချိန်မှာ Samsung က Galaxy S9 စမတ်ဖုန်းအတွက် 512GB UFS Storage Chip တွေကို စတင်ပြီး အမြောက်အများထုတ်လုပ်နေလို့ပဲဖြစ်ပါတယ်။

အဆိုပါ Storage Memory Chip တွေက Read Speed 860MB/s နဲ့ Write Speed 255MB/s အထိရှိမှာဖြစ်တဲ့အတွက် အလွန်မြန်ဆန်တယ်လို့ ပြောလို့ရပြီး 5GB File Size ရှိတဲ့ File တစ်ခုကို ကူးယူဖို့ စက္ကန့် ၂၀ ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

Samsung က အခုကစတင်ပြီးတော့ များပြားလှတဲ့ Storage 512GB Storage Chip တွေကို အမြောက်အများထုတ်လုပ်နေပြီဆိုတော့ နောက်နှစ်မှာ ထွက်ရှိမယ့် Samsung Galaxy S9 ဖုန်းမှာ မြင်လာရဖို့ ကျိန်းသေနေပြီလို့ ပြောလို့ရပါတယ်။