တောင်ကိုရီးယားနိုင်ငံ Hwaseong မှာရှိတဲ့ စက်ရုံ V1 မှာ EUV (Extreme Ultraviolet) lithography လုပ်ငန်းစဉ်ပေါ်အခြေခံထုတ်လုပ်တဲ့ 6nm နဲ့ 7nm chip တွေကို စတင်ပြီး အမြောက်အများ ထုတ်လုပ်နေပြီလို့ Samsung က ကြေညာလိုက်ပါတယ်။

7nm အောက်က EUV capacity ဟာ ၂၀၂၀ အဆုံးသတ်မှာ သုံးဆဖြစ်လာပြီး လက်ရှိအစီအစဉ်အရ 6nm နဲ့ 7nm chip တွေကို လာမယ့်နှစ် ပထမသုံးလပတ်အတွင်းမှာ တင်ပို့ရောင်းချဖို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ မေလကို ပြန်ကြည့်မယ်ဆိုရင် Samsung ဟာ 7nm chip တွေအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာကို ပြန်တွေ့ရပါလိမ့်မယ်။

၂၀၁၉ သြဂုတ်လမှာတော့ 7nm EUV process ပေါ်တည်ဆောက်ထားတဲ့ Exynos 9825 နဲ့အတူ Galaxy Note 10 နှစ်မျိုးကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခါတော့ 6nm နဲ့ 7nm EUV chip တွေအတွက် မှတ်တိုင်တွေ ဆက်ပြီးစိုက်ထူသွားဖွယ်ရှိနေတာပါ။ အနာဂတ်ကိုမျှော်ကြည့်မယ်ဆိုရင်လည်း Samsung ဟာ 5nm နဲ့ 4nm chip တွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ပိုပြီးအာရုံစိုက်လာမယ်ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

အခုမှ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အောက်မှာပဲ ရှိနေသေးတဲ့ 3nm chip တွေကို မျှော်လင့်ဖို့ကတော့ နည်းနည်းအလှမ်းဝေးနေဦးမယ်လို့ ယူဆရပါတယ်။ အခြားတစ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်လည်း TSMC 5nm process ကို ပထမသုံးလပတ်ထဲမှာ အလုံးအရင်းနဲ့ထုတ်လုပ်ပြီး လာမယ့်ဇွန်လလောက်မှာ စီးပွားဖြစ်ပို့ဆောင်နိုင်ဖို့ မျှော်မှန်းနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: GSM Arena