[Zawgyi]

Samsung ဟာ လာမယ့္ Chipset အသစ္ျဖစ္တဲ့ 7nm chipset ေတြအတြက္ ျပင္ဆင္ေဆာင္႐ြက္ေနၿပီျဖစ္တယ္လို႔ ထုတ္လုပ္ေရးနယ္ပယ္တြင္းက ထြက္ေပၚလာတဲ့ သတင္းအရ သိရပါတယ္။ ဒီ Chipset အတြက္ Samsung ဟာ Dual core NPU ျဖစ္တဲ့ (an-AI-specific co-processor) ေပၚမွာ အေျခခံၿပီး အလုပ္လုပ္ရတာ ျဖစ္ပါတယ္။ သူဟာ Dual core ဒီဇိုင္းျဖစ္ၿပီး AI လုပ္ေဆာင္မႈေတြမွာ သိသိသာသာ အရွိန္အဟုန္ တိုးေစမွာ ျဖစ္ပါတယ္။

ယိုစိမ့္သတင္းေတြရဲ႕ဘုရင္ Ice Universe ကေတာ့ ဒီ NPU ကို Galaxy S10 ရဲ႕ ပုံရိပ္ပိုင္းဆိုင္ရာ လုပ္ငန္းစဥ္ေတြအတြက္ အသုံးျပဳလိမ့္မယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။ Processor အသစ္ေၾကာင့္ ဗီဒီယို ႐ိုက္ကူးမႈနဲ႔ အသံပိုင္းဆိုင္ရာ သိမွတ္ျခင္းလုပ္ေဆာင္မႈေတြလည္း ပိုၿပီးစြမ္းရည္ ျမင့္တက္လာမယ္လို႔ ဆိုပါတယ္။

Samsung ဟာ ဒီ ၂၀၁၈ ရဲ႕ အေစာပိုင္းအခ်ိန္ကတည္းက သူတို႔ရဲ႕ ပထမဆုံး NPU နဲ႔ Chipset အသစ္ Exyos 7 9610 ကို ေဖာ္ထုတ္ျပသခဲ့ၿပီး ျဖစ္ပါတယ္။ သူဟာ AI အတြက္ အဓိက ေထာက္ပံ့မွာ ျဖစ္ၿပီး ျမင္ကြင္းေတြကို အလိုအေလ်ာက္ သိမွတ္ႏိုင္စြမ္း၊ ေနာက္ခံေဝဝါးျခင္းကို ဆုံးျဖတ္ႏိုင္စြမ္း (အေရွ႕ဆုံခ်က္နဲ႔ အေနာက္ခံျမင္ကြင္းေတြကို ခ်ိန္ညႇိခြဲျခမ္းရာမွာ ရႈပ္ေထြး ခက္ခဲတဲ့ အေျခအေန ျဖစ္ေနရင္ေတာင္ ခြဲထုတ္ႏိုင္စြမ္း) ေတြ ရွိလာမွာ ျဖစ္ပါတယ္။

Exyos 7 9610 ဟာ ISP အသစ္နဲ႔ျဖစ္ၿပီး 120fps (4K) ဗီဒီယို ႐ိုက္ကူးျခင္းေတြ၊ 480fps (Full HD) slow-mo ဖမ္းယူျခင္းေတြကို အေကာင္းဆုံး ျပဳလုပ္ႏိုင္ပါတယ္။ ကင္မရာေတြကိုလည္း အလင္းေရာင္ နည္းပါးခ်ိန္မွာေတာင္ Noise-reduction ပိုမိုျပဳလုပ္ႏိုင္ေအာင္ ေထာက္ပံ့ေပးႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင္ လာမယ့္ Galaxy S10 ကေတာ့ ပိုၿပီး႐ုပ္ထြက္ေကာင္းမြန္တဲ့ ႐ိုက္ကူးမႈေတြ ျပဳလုပ္ႏိုင္ဖြယ္ရွိသလို AI စြမ္းရည္မွာလည္း ပိုၿပီးျမင့္မားလာဖြယ္ရွိပါတယ္။

Ref: gsmarena

 

[Unicode]

Samsung ဟာ လာမယ့် Chipset အသစ်ဖြစ်တဲ့ 7nm chipset တွေအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ထုတ်လုပ်ရေးနယ်ပယ်တွင်းက ထွက်ပေါ်လာတဲ့ သတင်းအရ သိရပါတယ်။ ဒီ Chipset အတွက် Samsung ဟာ Dual core NPU ဖြစ်တဲ့ (an-AI-specific co-processor) ပေါ်မှာ အခြေခံပြီး အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ သူဟာ Dual core ဒီဇိုင်းဖြစ်ပြီး AI လုပ်ဆောင်မှုတွေမှာ သိသိသာသာ အရှိန်အဟုန် တိုးစေမှာ ဖြစ်ပါတယ်။

ယိုစိမ့်သတင်းတွေရဲ့ဘုရင် Ice Universe ကတော့ ဒီ NPU ကို Galaxy S10 ရဲ့ ပုံရိပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အသုံးပြုလိမ့်မယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ Processor အသစ်ကြောင့် ဗီဒီယို ရိုက်ကူးမှုနဲ့ အသံပိုင်းဆိုင်ရာ သိမှတ်ခြင်းလုပ်ဆောင်မှုတွေလည်း ပိုပြီးစွမ်းရည် မြင့်တက်လာမယ်လို့ ဆိုပါတယ်။

Samsung ဟာ ဒီ ၂၀၁၈ ရဲ့ အစောပိုင်းအချိန်ကတည်းက သူတို့ရဲ့ ပထမဆုံး NPU နဲ့ Chipset အသစ် Exyos 7 9610 ကို ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ AI အတွက် အဓိက ထောက်ပံ့မှာ ဖြစ်ပြီး မြင်ကွင်းတွေကို အလိုအလျောက် သိမှတ်နိုင်စွမ်း၊ နောက်ခံဝေဝါးခြင်းကို ဆုံးဖြတ်နိုင်စွမ်း (အရှေ့ဆုံချက်နဲ့ အနောက်ခံမြင်ကွင်းတွေကို ချိန်ညှိခွဲခြမ်းရာမှာ ရှုပ်ထွေး ခက်ခဲတဲ့ အခြေအနေ ဖြစ်နေရင်တောင် ခွဲထုတ်နိုင်စွမ်း) တွေ ရှိလာမှာ ဖြစ်ပါတယ်။

Exyos 7 9610 ဟာ ISP အသစ်နဲ့ဖြစ်ပြီး 120fps (4K) ဗီဒီယို ရိုက်ကူးခြင်းတွေ၊ 480fps (Full HD) slow-mo ဖမ်းယူခြင်းတွေကို အကောင်းဆုံး ပြုလုပ်နိုင်ပါတယ်။ ကင်မရာတွေကိုလည်း အလင်းရောင် နည်းပါးချိန်မှာတောင် Noise-reduction ပိုမိုပြုလုပ်နိုင်အောင် ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင် လာမယ့် Galaxy S10 ကတော့ ပိုပြီးရုပ်ထွက်ကောင်းမွန်တဲ့ ရိုက်ကူးမှုတွေ ပြုလုပ်နိုင်ဖွယ်ရှိသလို AI စွမ်းရည်မှာလည်း ပိုပြီးမြင့်မားလာဖွယ်ရှိပါတယ်။

Ref: gsmarena