Samsung ဟာ ဒီနှစ်ထဲမှာ Mid-range တက်ဘလက် အသစ်တွေကို မိတ်ဆက်ပေးလာဖို့ ပြင်ဆင်နေပါတယ်။ ဒီ တက်ဘလက်တွေထဲမှာ လုံးဝ အသစ်ဖြစ်တာတွေလည်း ပါဝင်သလို၊ Refreshed လုပ်ထားတာတွေလည်း ပါဝင်မယ်လို့ ပြင်သစ်က Support pages အချို့နဲ့ Online benchmark ရလဒ်အချို့ကိုကိုးကားပြီး sammobile က ရေးသားဖော်ပြထားပါတယ်။

အခုလောလောဆယ်မှာတော့ မထုတ်လွှတ်ရသေးတဲ့ တက်ဘလက်မော်ဒယ်တွေအဖြစ် SM-P613, SM-P619, SM-T630, SM-T636B, နဲ့ SM-T503 စတဲ့ မော်ဒယ်နံပါတ်တွေကို တွေ့မြင်နိုင်ပါတယ်။ SM-P613 နဲ့ SM-P619 မော်ဒယ်နံပါတ်တွေကိုတော့ Samsung Frence ရဲ့ တရားဝင် Support pages တွေက အတည်ပြုပေးထားပါတယ်။ SM-P619 မော်ဒယ်နံပါတ်ကိုတော့ GCF (Global Certification Forum), Bluetooth, Geekbench နဲ့ HTML5test တွေမှာ ဖော်ပြထားပါတယ်။

Benchmarks တွေအရ Android 12, 4GB of RAM နဲ့ Octa-core Snapdragon 720G chipset သုံးထားကြောင်း သိနိုင်ပါတယ်။ Bluetooth documents တွေအရ SM-P619 မော်ဒယ်နံပါတ်ဟာ “Galaxy Tab S6 Lite” နဲ့ချိတ်ဆက်နေတာကို အံ့အားသင့်စရာ တွေ့မြင်ရပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက ထွက်ရှိပြီးသား Tab S6 Lite ဟာ မော်ဒယ်နံပါတ် SM-P610 နဲ့ဖြစ်ပါတယ်။ ဒါကြောင့် Tab S6 Lite နဲ့ SM-P619 တို့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကောက်ချက်ချနိုင်တာကတော့ Samsung ဟာ ၂၀၂၀ တုန်းက တက်ဘလက်ကို ၂၀၂၂ မှာ ပြန်လည်ဆန်းသစ်ထားတဲ့ “Lite” မော်ဒယ်အဖြစ် ပွဲထုတ်လာနိုင်တယ်ဆိုတာပါပဲ။ တကယ်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အချိန်ကပြောပြသွားပါလိမ့်မယ်။ ဒါ့အပြင် မော်ဒယ်နံပါတ် sM-T630 နဲ့ SM-T636B တို့ကလည်း နောက်ထပ်လုပ်ဆောင်နေတဲ့ တက်ဘက်မော်ဒယ်အမျိုးအစားတစ်ခု ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ မော်ဒယ်နံပါတ် SM-T503 ဟာ Galaxy Tab A7 Lite ကို Refresh လုပ်ထားတာဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြီးတိကျခိုင်လုံတဲ့ အချက်အလက်နဲ့ Hardware ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ မတွေ့ရသေးပါဘူး။ အချုပ်အားဖြင့် Samsung ဟာ ဒီနှစ်ထဲမှာ Tab S Lite မော်ဒယ်အသစ် (Wi-Fi, 5G) နဲ့ ပိုသေးငယ်တဲ့ Fan Edition တက်ဘက်အသစ်အပြင် ဘက်ဂျက်အသားပေး Galaxy Tab A7 Lite တို့ကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: sammobile