Samsung က 200MP ISOCELL Sensor ၂ ခုကို ကြေညာထားပြီးပြီ ဖြစ်ပေမယ့် Galaxy ဖုန်းတွေမှာ မထည့်သွင်းထားသေးပါဘူး။ အခုတော့ ကုမ္ပဏီဟာ နောက်ထပ် Sensor ၁ ခုကို ဖန်တီးနေပြီး မကြာခင်က Trademark အရ Fans တွေက အဲဒါဟာ 450MP Resolution ကင်မရာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Samsung ဟာ မကြာခင်က ကိုရီးယားက KIPRIS မှာ Hexa2pixel Trademark ကို မှတ်ပုံတင်ခဲ့ပြီး ဥရောပမှာလည်း အဲဒီ Trademark ကို မှတ်ပုံတင်ခဲ့ပါတယ်။

Trademark မှာ ကင်မရာ Sensor နဲ့ 450MP Resolution ကို မဖော်ပြထားပေမယ့် Samsung Fans တွေက Hexa2pixel အမည်ဟာ အရမ်းကို Resolution မြင့်မားတဲ့ Sensor ဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။

လက်ရှိ ISOCELL HP1 Sensor ဟာ 200MP Resolution ရှိပြီး 2×2 Pixel Binning or 4×4 Pixel Binning နဲ့ 50MP Mode ကို ပြောင်းနိုင်ပါတယ်။ Hexa2pixel ဟာ Tetra2pixel နဲ့ တူတဲ့ Binning နည်းပညာ အသစ်ကို အသုံးပြုထားပါတယ်။ 32 Pixel (6×6 Pixel) ကို ၁ ခုထဲအဖြစ် ပေါင်းစည်းနိုင်တဲ့အတွက် အဲဒီ Sensor ဟာ 450MP Resolution ရှိနိုင်ပါတယ်။

Samsung ဟာ 450MP Sensor ကို မကြာခင် ကြေညာမှာ မဟုတ်သေးဘဲ အချိန်ကြာမြင့်ဦးမယ်လို့ ထင်ရပါတယ်။

Ref : sammobile