[Zawgyi]

Samsung က Headphone Jack ဖယ္ရွားလိုက္တဲ့ iPhone ေတြကို တိုက္ခိုက္တဲ့ ေၾကာ္ျငာ ဗီဒီယိုေတြကို ၂၀၁၇ ခုနွစ္ကတည္းက စတင္ ထုတ္လႊင့္ခဲ့ၿပီး iPhone Users ေတြကို Galaxy Phone ေျပာင္းသံုးဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ မၾကာခင္ကေတာ့ Samsung ဟာ Headphone Jack မပါတဲ့ Galaxy Note 10 နဲ႔ Note 10+ တို႔ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ Samsung က ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းသလို ျဖစ္မွာစိုးလို႔ Headphone Jack မပါတဲ့ iPhone ေတြကို တိုက္ခိုက္ခဲ့တဲ့ ေၾကာ္ျငာ ဗီဒီယိုေတြကို အင္တာနက္ကေန ဖယ္ရွားလိုက္ပါတယ္။

Samsung က iPhone Users ေတြကို Galaxy Note 8 ေျပာင္းကိုင္ဖို႔ ၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းမွာ ေၾကာ္ျငာ စီးရီး ၂ ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ ဗီဒီယိုေတြ အားလံုးကို Samsung US ရဲ႕ YouTube Channel မွာ တင္ခဲ့တာပါ။ အခုေတာ့ အဲဒီ ဗီဒီယိုေတြ မရွိေတာ့ပါဘူး။ အဲဒီ အခ်ိန္တုန္းက မီဒီယာေတြ သူတို႔ သတင္းေတြမွာ Embed လုပ္ခဲ့တဲ့ အဲဒီ ဗီဒီယိုမ်ားစြာဟာလည္း ဖြင့္ၾကည့္လို႔ မရေတာ့ပါဘူး။

လက္ရွိမွာ Samsung Malaysia ရဲ႕ YouTube Channel မွာ အဲဒီ ဗီဒီယို ၁ ခု ရွိေနပါေသးတယ္။ ေနာက္ဗီဒီယို ၁ ခုက Ingenius Series ျဖစ္ၿပီး iPhone ေတြရဲ႕ အားနည္းခ်က္ေတြကို ေထာက္ျပထားတဲ့ ဗီဒီယို ျဖစ္ပါတယ္။

XDA-Developers က Samsung ဟာ ၿပိဳင္ဖက္ Apple နဲ႔ Android Phone Company ေတြထက္ 3.5mm Headphone Jack ကို ပိုမို ၾကာရွည္စြာ ထည့္သြင္း အသံုးျပဳခဲ့တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ Samsung ဟာ microSD Storage Slot ကိုလည္း အခ်ိန္အၾကာဆံုး အသံုးျပဳခဲ့ပါတယ္။ Galaxy Note 9 မွာ အျမင့္ဆံုး အေနနဲ႔ 512GB Internal Storage နဲ႔ 512GB microSD Card Support ပါလာခဲ့ၿပီး ပထမဆံုး “Terabyte-capable” Phone အျဖစ္ Samsung က ေၾကညာခဲ့ပါတယ္။

Ref : androidpolice

[Unicode]

Headphone Jack မပါတဲ့ iPhone တွေကို တိုက်ခိုက်ခဲ့တဲ့ ကြော်ငြာ ဗီဒီယိုတွေကို Samsung ဖယ်ရှား

Samsung က Headphone Jack ကို ဖယ်ရှားလိုက်တဲ့ iPhone တွေကို တိုက်ခိုက်တဲ့ ကြော်ငြာ ဗီဒီယိုတွေကို ၂၀၁၇ ခုနှစ်ကတည်းက စတင် ထုတ်လွှင့်ခဲ့ပြီး iPhone Users တွေကို Galaxy Phone ပြောင်းသုံးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မကြာခင်ကတော့ Samsung ဟာ Headphone Jack မပါတဲ့ Galaxy Note 10 နဲ့ Note 10+ တို့ကို ကြေညာခဲ့ပါတယ်။ အခုတော့ Samsung က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ Headphone Jack မပါတဲ့ iPhone တွေကို တိုက်ခိုက်ခဲ့တဲ့ ကြော်ငြာ ဗီဒီယိုတွေကို အင်တာနက်ကနေ ဖယ်ရှားလိုက်ပါတယ်။

Samsung က iPhone Users တွေကို Galaxy Note 8 ပြောင်းကိုင်ဖို့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ကြော်ငြာ စီးရီး ၂ ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုတွေ အားလုံးကို Samsung US ရဲ့ YouTube Channel မှာ တင်ခဲ့တာပါ။ အခုတော့ အဲဒီ ဗီဒီယိုတွေ မရှိတော့ပါဘူး။ အဲဒီ အချိန်တုန်းက မီဒီယာတွေ သူတို့ သတင်းတွေမှာ Embed လုပ်ခဲ့တဲ့ အဲဒီ ဗီဒီယိုများစွာဟာလည်း ဖွင့်ကြည့်လို့ မရတော့ပါဘူး။

လက်ရှိမှာ Samsung Malaysia ရဲ့ YouTube Channel မှာ အဲဒီ ဗီဒီယို ၁ ခု ရှိနေပါသေးတယ်။ နောက်ဗီဒီယို ၁ ခုက Ingenius Series ဖြစ်ပြီး iPhone တွေရဲ့ အားနည်းချက်တွေကို ထောက်ပြထားတဲ့ ဗီဒီယို ဖြစ်ပါတယ်။

XDA-Developers က Samsung ဟာ ပြိုင်ဖက် Apple နဲ့ Android Phone Company တွေထက် 3.5mm Headphone Jack ကို ပိုမို ကြာရှည်စွာ ထည့်သွင်း အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Samsung ဟာ microSD Storage Slot ကိုလည်း အချိန်အကြာဆုံး အသုံးပြုခဲ့ပါတယ်။ Galaxy Note 9 မှာ အမြင့်ဆုံး အနေနဲ့ 512GB Internal Storage နဲ့ 512GB microSD Card Support ပါလာခဲ့ပြီး ပထမဆုံး “Terabyte-capable” Phone အဖြစ် Samsung က ကြေညာခဲ့ပါတယ်။

Ref : androidpolice