Samsung ဟာ အခုအချိန်မှာ Foldable စမတ်ဖုန်းတွေကို အများဆုံးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုလို့တောင် ပြောနိုင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy Fold အပြင် အခုအချိန်မှာ Galaxy Z Flip ၊ Z Flip 5G နဲ့ Z Fold 2 ဆိုပြီး စုစုပေါင်း Foldable ဖုန်း ၄ မျိုးအထိ မိတ်ဆက်ပြီးပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Foldable ဖုန်းတွေဟာ စျေးနှုန်းအရတော့ တော်တော်လေးကိုများနေပြီးတော့ လက်ရှိ Flagship ဖုန်းတွေထက် စျေးပိုများနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်အတွင်းမှာတင် ဒါက ပြောင်းလဲသွားနိုင်ခြေရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် Samsung နဲ့ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေကျ Website တစ်ခုဖြစ်တဲ့ SamMobile ကနေ ယခုနှစ်မကုန်ခင်မှာ Budget Foldable ဖုန်းသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်းသစ်ရဲ့ Model Number က SM-F415 လို့သိရပြီးတော့ 64GB နဲ့ 128GB Storage Version ဆိုပြီး ၂ မျိုးထွက်ရှိသွားမှာဖြစ်ပါတယ်။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ မသိရှိရသေးပေမယ့် အရောင်အနေနဲ့ကတော့ Black ၊ Green နဲ့ Blue ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမယ်လို့သိရပါတယ်။ အစောပိုင်းတုန်းက အဆိုပါ Foldable ဖုန်းသစ်ဟာ Wi-Fi Alliance မှာလည်း တွေ့ရှိခဲ့ရသေးတဲ့အတွက် မကြာခင်မှာတော့ အသေးစိတ် Specification တွေကို သိရှိရနိုင်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Samsung ကနေ ဒေါ်လာ ၉၀၀ အောက်နဲ့ ရောင်းချသွားမယ့် Galaxy Fold Lite ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ အဆိုပါ စျေးနှုန်းဟာ ပုံမှန် Flagship ဖုန်းတစ်လုံးစျေးနီးပါးရှိနေပေမယ့်လည်း တခြားသော Foldable ဖုန်းတွေထက်တော့ ၃ ပုံ ၁ ပုံလောက်ကို ပိုစျေးသက်သာနေမှာပါ။

Ref – Android Central