[Unicode]

Samsung ရဲ့ နောက်ထွက်မယ့် Foldable ဟာ Clamshell ဒီဇိုင်းနဲ့ဖြစ်မယ်လို့ သတင်းကြီးနေတာပါ။ ဒါ့အပြင် ဒီဇိုင်းပိုင်း အပြောင်းအလဲတွေကြောင့် ဈေးနှုန်းဟာ လက်ရှိ Galaxy Fold ရဲ့ တစ်ဝက်နီးပါးလောက်ပဲ ရှိမယ်လို့ The Korea Herald က ရေးသားဖော်ပြခဲ့ပါတယ်။

အခုတော့ Bloomberg ကနေ Samsung ရဲ့ Galaxy Fold အသစ်နဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းတစ်ခုထွက်လာပြန်ပါပြီ။ သတင်းရင်းမြစ်ကတော့ Galaxy Fold 2 မှာ 108MP အဓိက ကင်မရာပါဝင်လာမှာဖြစ်သလို 5x optical zoom unit လည်း ထည့်သွင်းထားမယ်လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တကယ်တော့ ဒီသတင်းဟာ နာမည်မရှိတဲ့မီဒီယာ တစ်ခုခုကဖော်ပြရင် ဆပ်ပြာပူဖောင်းသာသာ ကောလာဟလတစ်ခုအနေနဲ့ပဲ သတ်မှတ်ကြမှာပါ။ ဒါပေမယ့် Bloomberg ကဖော်ပြလိုက်တာ ဖြစ်တဲ့အတွက် စိတ်ဝင်စားစရာဖြစ်လာပြီး စောင့်ကြည့်စရာလည်း ဖြစ်လာတာပါ။

Galaxy S11 မှာလည်း အလားတူပဲ 108MP အဓိက ကင်မရာပါဝင်လာမယ်ဆိုတဲ့ ကောလာဟလလည်း ထွက်ထားပါသေးတယ်။ လက်ရှိအချိန်အထိ Samsung Galaxy Fold 2 နဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ ထွက်မလာသေးပါဘူး။ ဒါပေမယ့် Samsung ဟာ သူတို့ရဲ့ Foldable ဖုန်းသစ်ကို လာမယ့် ဖေဖော်ဝါရီလတစ်ရက်ရက်မှာ Galaxy S11 series နဲ့အတူ ကြေညာလာဖွယ်ရှိတာတော့ အမှန်ပါပဲ။

Ref: GSM Arena

[Zawgyi]

Samsung ရဲ႕ Foldable သစ္မွာ 108MP အဓိကကင္မရာနဲ႔ 5x Zoom တို႔ပါဝင္မယ္လို႔ သတင္းထြက္ေပၚလာ

Samsung ရဲ႕ ေနာက္ထြက္မယ့္ Foldable ဟာ Clamshell ဒီဇိုင္းနဲ႔ျဖစ္မယ္လို႔ သတင္းႀကီးေနတာပါ။ ဒါ့အျပင္ ဒီဇိုင္းပိုင္း အေျပာင္းအလဲေတြေၾကာင့္ ေဈးႏႈန္းဟာ လက္ရွိ Galaxy Fold ရဲ႕ တစ္ဝက္နီးပါးေလာက္ပဲ ရွိမယ္လို႔ The Korea Herald က ေရးသားေဖာ္ျပခဲ့ပါတယ္။

အခုေတာ့ Bloomberg ကေန Samsung ရဲ႕ Galaxy Fold အသစ္နဲ႔ပတ္သက္တဲ့ ေနာက္ထပ္ သတင္းတစ္ခုထြက္လာျပန္ပါၿပီ။ သတင္းရင္းျမစ္ကေတာ့ Galaxy Fold 2 မွာ 108MP အဓိက ကင္မရာပါဝင္လာမွာျဖစ္သလို 5x optical zoom unit လည္း ထည့္သြင္းထားမယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

တကယ္ေတာ့ ဒီသတင္းဟာ နာမည္မရွိတဲ့မီဒီယာ တစ္ခုခုကေဖာ္ျပရင္ ဆပ္ျပာပူေဖာင္းသာသာ ေကာလာဟလတစ္ခုအေနနဲ႔ပဲ သတ္မွတ္ၾကမွာပါ။ ဒါေပမယ့္ Bloomberg ကေဖာ္ျပလိုက္တာ ျဖစ္တဲ့အတြက္ စိတ္ဝင္စားစရာျဖစ္လာၿပီး ေစာင့္ၾကည့္စရာလည္း ျဖစ္လာတာပါ။

Galaxy S11 မွာလည္း အလားတူပဲ 108MP အဓိက ကင္မရာပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလလည္း ထြက္ထားပါေသးတယ္။ လက္ရွိအခ်ိန္အထိ Samsung Galaxy Fold 2 နဲ႔ပတ္သက္ၿပီး တိက်ခိုင္မာတဲ့ သတင္းအခ်က္အလက္ေတြ ထြက္မလာေသးပါဘူး။ ဒါေပမယ့္ Samsung ဟာ သူတို႔ရဲ႕ Foldable ဖုန္းသစ္ကို လာမယ့္ ေဖေဖာ္ဝါရီလတစ္ရက္ရက္မွာ Galaxy S11 series နဲ႔အတူ ေၾကညာလာဖြယ္ရွိတာေတာ့ အမွန္ပါပဲ။

Ref: GSM Arena