[Zawgyi]

Samsung ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ကုမၸဏီရဲ႕ ပထမဆုံး Foldable ဖုန္းျဖစ္တဲ့ Galaxy Fold ကို မိတ္ဆက္ေပးသြားခဲ့ၿပီ ျဖစ္ပါတယ္။ မတ္လအစပိုင္းမွာေတာ့ Samsung ဟာ Galaxy Fold နဲ႔ ဒီဇိုင္းအယူအဆမတူတဲ့ ေနာက္ထပ္ Foldable ဖုန္းႏွစ္လုံးကို ထုတ္လုပ္မယ္လို႔ သတင္းထြက္လာပါတယ္။

Samsung က အသစ္ထုတ္ဦးမယ့္ Foldable ဖုန္းႏွစ္မ်ိဳးမွာ တစ္မ်ိဳးက မ်က္ႏွာျပင္ကို အျပင္ဘက္မွာထားၿပီး ေခါက္သိမ္းလို႔ရမယ့္ ဒီဇိုင္းလို႔ ဆိုခဲ့ၾကတာပါ။ အခုေတာ့ မ်က္ႏွာျပင္ကို အျပင္ဘက္မွာ ေခါက္ထားတဲ့ ဒီဇိုင္းကို Samsung က မူပိုင္ခြင့္တင္ထားတယ္လို႔ သိလိုက္ရပါတယ္။

၂၀၁၉ ဇန္နဝါရီမွာ WIPO ကို မူပိုင္ခြင့္တင္ခဲ့တဲ့ ပုံၾကမ္းဒီဇိုင္းကေတာ့ ေကာလာဟလထြက္ခဲ့တဲ့အတိုင္း အျပင္ဘက္ကို ေခါက္ၿပီးသိမ္းတဲ့ ဒီဇိုင္းျဖစ္ပါတယ္။ အလယ္မွာေတာ့ ပတၱာပုံစံကိုေတြ႕ရၿပီး ျဖန႔္လိုက္ခ်ိန္နဲ႔ ေခါက္ထားခ်ိန္ေတြမွာ အေလွ်ာ့အတင္းလုပ္ၿပီး ဟန္ခ်က္ထိန္းေပးႏိုင္တဲ့ သေဘာ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ မူပိုင္ခြင့္ဒီဇိုင္းမွာေတာ့ မ်က္ႏွာျပင္ကို အျပင္ဘက္ထားၿပီး ေခါက္ခ်ိဳးႏိုင္တာနဲ႔ ပတ္သက္တဲ့အခ်က္အလက္အခ်ိဳ႕ပဲ ေတြ႕ရွိႏိုင္တာျဖစ္ၿပီး အျခားအခ်က္အလက္ေတြေတာ့ မသိရွိႏိုင္ေသးပါဘူး။ ဒါ့အျပင္ အခု မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းဟာ ထုတ္လုပ္မႈျဖစ္စဥ္အထိ ဆက္သြားမယ္၊ မသြားဘူးဆိုတာလည္း မသိရွိရေသးတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

မျက်နှာပြင်ကို အပြင်ဘက်မှာထားပြီး ခေါက်သိမ်းတဲ့ Foldable ဖုန်းဒီဇိုင်း မူပိုင်ခွင့်တင်ထားတဲ့ Samsung

Samsung ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Galaxy Fold ကို မိတ်ဆက်ပေးသွားခဲ့ပြီ ဖြစ်ပါတယ်။ မတ်လအစပိုင်းမှာတော့ Samsung ဟာ Galaxy Fold နဲ့ ဒီဇိုင်းအယူအဆမတူတဲ့ နောက်ထပ် Foldable ဖုန်းနှစ်လုံးကို ထုတ်လုပ်မယ်လို့ သတင်းထွက်လာပါတယ်။

Samsung က အသစ်ထုတ်ဦးမယ့် Foldable ဖုန်းနှစ်မျိုးမှာ တစ်မျိုးက မျက်နှာပြင်ကို အပြင်ဘက်မှာထားပြီး ခေါက်သိမ်းလို့ရမယ့် ဒီဇိုင်းလို့ ဆိုခဲ့ကြတာပါ။ အခုတော့ မျက်နှာပြင်ကို အပြင်ဘက်မှာ ခေါက်ထားတဲ့ ဒီဇိုင်းကို Samsung က မူပိုင်ခွင့်တင်ထားတယ်လို့ သိလိုက်ရပါတယ်။

၂၀၁၉ ဇန်နဝါရီမှာ WIPO ကို မူပိုင်ခွင့်တင်ခဲ့တဲ့ ပုံကြမ်းဒီဇိုင်းကတော့ ကောလာဟလထွက်ခဲ့တဲ့အတိုင်း အပြင်ဘက်ကို ခေါက်ပြီးသိမ်းတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အလယ်မှာတော့ ပတ္တာပုံစံကိုတွေ့ရပြီး ဖြန့်လိုက်ချိန်နဲ့ ခေါက်ထားချိန်တွေမှာ အလျှော့အတင်းလုပ်ပြီး ဟန်ချက်ထိန်းပေးနိုင်တဲ့ သဘော ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ မူပိုင်ခွင့်ဒီဇိုင်းမှာတော့ မျက်နှာပြင်ကို အပြင်ဘက်ထားပြီး ခေါက်ချိုးနိုင်တာနဲ့ ပတ်သက်တဲ့အချက်အလက်အချို့ပဲ တွေ့ရှိနိုင်တာဖြစ်ပြီး အခြားအချက်အလက်တွေတော့ မသိရှိနိုင်သေးပါဘူး။ ဒါ့အပြင် အခု မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းဟာ ထုတ်လုပ်မှုဖြစ်စဉ်အထိ ဆက်သွားမယ်၊ မသွားဘူးဆိုတာလည်း မသိရှိရသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena