The Economic Times က Samsung ဟာ စမတ်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်း အများအပြားကို အိန္ဒိယကို ရွှေ့မယ်လို့ ပြောပါတယ်။ အဲဒီ ကိစ္စနဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းက Samsung ဟာ အိန္ဒိယ အစိုးရရဲ့ Production Linked Incentive (PLI) စီမံကိန်းအတိုင်း အိန္ဒိယမှာ နောက် ၅ နှစ်အတွင်း ဒေါ်လာ ၄၀ ဘီလီယမ်ကျော် တန်ကြေးရှိတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ ထုတ်လုပ်တဲ့ ဒေါ်လာ ၂၀၀ အထက် စမတ်ဖုန်း အများစုကို နိုင်ငံခြားသို့ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

Samsung ရဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်း အများအပြားကို အိန္ဒိယသို့ ရွှေ့မယ့် အစီအစဉ်ဟာ ဗီယက်နမ် စီးပွားရေးကို အထိနာစေမှာဖြစ်ပါတယ်။ ဗီယက်နမ်ဟာ Samsung စမတ်ဖုန်း ထုတ်လုပ်တဲ့ အဓိက နိုင်ငံ ဖြစ်ပြီး လက်ရှိမှာ တရုတ် နိုင်ငံပြီးနောက် ဒုတိယ အများဆုံး စမတ်ဖုန်း တင်ပို့ရောင်းချနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Samsung ဟာ တရုတ်က လက်ကျန် စက်ရုံကို အရင်နှစ်က ပိတ်သိမ်းခဲ့ပြီး အဲဒီမတိုင်ခင်က Samsung ဟာ အိန္ဒိယ နိုင်ငံ Noida မှာ ကုမ္ပဏီရဲ့ အကြီးမားဆုံး စမတ်ဖုန်း စက်ရုံကို ဖွင့်လှစ်ခဲ့ပါတယ်။ အိန္ဒိယဟာ အနာဂတ်မှာ စမတ်ဖုန်း ထုတ်လုပ်တဲ့ အဓိက နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena