Samsung က စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ လူကြိုက်များတဲ့ A Series မဟုတ်ဘဲ M Series ထဲက ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းက Galaxy M13 ဖြစ်ပါတယ်။

Samsung Galaxy M13 5G

တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပေမယ့် Samsung က ဖုန်း ဈေးနှုန်းကို မပြောသေးပါဘူး။ ဥရောပမှာ ရောင်းချမယ်လို့ ထင်ရပါတယ်။

Samsung Galaxy M13

Galaxy M13 မှာ ၆.၆ လက်မ FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး V ပုံသဏ္ဌာန် Notch ထည့်သွင်းထားပါတယ်။ Exynos 850 Chipset မောင်းနှင်ထားပြီး 4GB RAM , 64 /128GB Storage နဲ့ 5,000mAh ဘက်ထရီတွေ ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main , 5MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Android 12 အခြေပြု Samsung One UI Core 4.1 မောင်းနှင်ထားပြီး Core က One UI 4.1 မှာ ပါတဲ့ လုပ်ဆောင်ချက်အားလုံး ပါမှာမဟုတ်ဘူးလို့ ဆိုလိုပါတယ်။ စွမ်းရည်နိမ့် ဟာ့ဒ်ဝဲကြောင့် လုပ်ဆောင်ချက် အားလုံး မထည့်သွင်းထားတာပါ။ Galaxy M13 အတွက် Deep Green, Orange Copper နဲ့ Light Blue ၃ ရောင်ထုတ်လုပ်ထားပြီး Dual-SIM Support နဲ့ နားကြပ်ပေါက် ပါပါတယ်။

Ref : gsmarena