Samsung ဟာ Google Photos ၊ Adobe Lightroom နဲ့ Snapseed လိုမျိုး Android ဖုန်းတွေအတွက် လူကြိုက်များတဲ့ Photos Editing App တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် Galaxy Enhance-X လို့ နာမည်ပေးထားတဲ့ App အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

အခု Galaxy Enhance-X App ရဲ့ ထူးခြားချက်ကတော့ Photo Editing Feature တွေအတွက် AI Feature တွေကို အဓိကအသုံးပြုသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေကို AI ကို အသုံးပြုပြီး ပြင်ဆင်နိုင်သလို Resolution နိမ့်တဲ့ဓါတ်ပုံတွေကိုလည်း High Quality Version ဖြစ်အောင် အဆင့်မြှင့်တင်နိုင်ဦးမှာပါ။ Samsung ရဲ့ ပြောကြားချက်အရ အဆိုပါ App ဟာ ဓါတ်ပုံပိုင်းအတွက် One-stop AI Solution တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

Samsung Enhance-X App မှာဆိုရင် Feature တွေ အများအပြားပါဝင်မှာဖြစ်ပြီး Blur Removal ၊ Reflection Removal ၊ Resolution Upscaling ၊ Detail Sharpening ၊ Low-light ဓါတ်ပုံတွေကို အလင်းရောင်တင်ပေးနိုင်ခြင်း၊ HDR Effect Improvement တွေနဲ့ Moire Pattern Removal Feature တွေပါဝင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Feature တွေအကုန်လုံးကို Device တိုင်းမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Samsung ဖုန်းဖြစ်မှဆိုပြီး ကန့်သတ်ထားခြင်းမရှိပါဘူး။

နောက်ထပ်အားသာချက်တစ်ခုကတော့ Samsung Enhance-X App မှာ ပြင်ဆင်မှုတွေအကုန်လုံးဟာ Original ဓါတ်ပုံကို ထိခိုက်မှာမဟုတ်ဘဲ Copy ဓါတ်ပုံအနေနဲ့ပဲ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ အခု Samsung Enhance-X App ကို အသုံးပြုချင်တယ်ဆိုရင်တော့ Galaxy Store မှာပဲ Download ပြုလုပ်နိုင်ဦးမှာဖြစ်သလို Android 10 OS နှင့်အထက်ရှိနေဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – Gizmo China