[Zawgyi]

Samsung ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက မိတ္ဆက္ခဲ့တဲ့ Galaxy Fold အျပင္ အျခား ဒီဇိုင္းႏွစ္မ်ိဳးနဲ႔ Foldable ဖုန္းေတြကို ဆက္လက္ထုတ္လုပ္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ Bloomberg ရဲ႕ ေဖာ္ျပခ်က္အရ Samsung က အသစ္ထုတ္မယ့္ Foldable ဒီဇိုင္းထဲမွာ တစ္မ်ိဳးက Huawei Mate X လိုမ်ိဳး အျပင္ဘက္ကို ေခါက္သိမ္းႏိုင္တဲ့ ဒီဇိုင္းမ်ိဳး ျဖစ္မယ္လို႔ သိရပါတယ္။

Samsung က ထပ္မံထုတ္လုပ္ဖို႔ စီစဥ္ေနတဲ့ ေနာက္ထပ္ ဒီဇိုင္းတစ္မ်ိဳးကေတာ့ Galaxy Fold လို အတြင္းဘက္ကို ေခါက္သိမ္းႏိုင္တဲ့ ဒီဇိုင္းပဲျဖစ္ၿပီး ေဒါင္လိုက္ေခါက္သိမ္းရမွာျဖစ္သလို အျပင္ဘက္မွာ မ်က္ႏွာျပင္ငယ္တစ္ခု ထပ္မံပါရွိဦးမယ္လို႔ သိရပါတယ္။ အနီးစပ္ဆုံးဥပမာျပရရင္ေတာ့ Motorola RAZR လို ဒီဇိုင္းအယူအဆလို႔ ေျပာရမွာပါ။

သတင္းအရ Samsung အေနနဲ႔ Motorola RAZR လို အတြင္းဘက္ကို ေဒါင္လိုက္ေခါက္သိမ္းႏိုင္တဲ့ Foldable အမ်ိဳးအစားကို ဒီႏွစ္ရဲ႕ ႏွစ္ကုန္ပိုင္း၊ ဒါမွွမဟုတ္ ၂၀၂၀ျပည့္ႏွစ္ အေစာပိုင္းမွာ ေရာင္းခ်ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ အျခားဒီဇိုင္းတစ္မ်ိဳးျဖစ္တဲ့ Mate X လို မ်က္ႏွာျပင္ကို အျပင္ဘက္ေခါက္သိမ္းရတဲ့ Foldable အမ်ိဳးအစားကေတာ့ ၂၀၂၀ျပည့္ႏွစ္ အတြင္းတစ္ခ်ိန္ခ်ိန္မွာ ျဖစ္မယ္လို႔ သိရပါတယ္။

Galaxy Fold ဟာ မ်က္ႏွာျပင္ကို အတြင္းဘက္ေခါက္သိမ္းတဲ့ ဒီဇိုင္းမ်ိဳးျဖစ္ေပမယ့္ Huawei ကေတာ့ အဆိုပါဒီဇိုင္းဟာ အေလးခ်ိန္ကိုပိုေစသလို၊ ေခါက္ထားခ်ိန္မွာလည္း ပိုထူထဲေစတာေၾကာင့္ ပယ္ခ်ခဲ့ၿပီး လက္ရွိ Mate X ဒီဇိုင္းကိုသာ အေကာင္းဆုံးအျဖစ္ ယူဆၿပီးထုတ္လုပ္ခဲ့တာလို႔ ေျပာခဲ့ဖူးပါတယ္။

Samsung အေနနဲ႔ လက္ရွိထုတ္လုပ္ထားတဲ့ Galaxy Fold ေတြမွာ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာအတြက္ စမ္းသပ္မႈေတြ မၿပီးျပတ္ေသးသလို မ်က္ႏွာျပင္ပိုင္းမွာလည္း အမွားအယြင္းအခ်ိဳ႕ကို ႀကဳံေတြ႕ေနရတယ္လို႔ ၾကားသိရပါတယ္။ ဒါေၾကာင့္ Samsung အေနနဲ႔ ေရာင္းခ်လိုက္တဲ့ Galaxy Fold ေတြထဲမွာ မ်က္ႏွာျပင္ပိုင္းဆိုင္ရာ ျပႆနာ တစ္စုံတစ္ခုႀကဳံလာခဲ့ရင္ အခမဲ့ ျပန္လည္လဲလွယ္တပ္ဆင္ေပးသြားဖြယ္ရွိေၾကာင္းလည္း ေကာလာဟလေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

မတူညီတဲ့ဒီဇိုင်းနဲ့ Foldable ဖုန်းနှစ်မျိုး ထပ်ထုတ်ဖို့ စီစဉ်နေတဲ့ Samsung

Samsung ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ Galaxy Fold အပြင် အခြား ဒီဇိုင်းနှစ်မျိုးနဲ့ Foldable ဖုန်းတွေကို ဆက်လက်ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ Samsung က အသစ်ထုတ်မယ့် Foldable ဒီဇိုင်းထဲမှာ တစ်မျိုးက Huawei Mate X လိုမျိုး အပြင်ဘက်ကို ခေါက်သိမ်းနိုင်တဲ့ ဒီဇိုင်းမျိုး ဖြစ်မယ်လို့ သိရပါတယ်။

Samsung က ထပ်မံထုတ်လုပ်ဖို့ စီစဉ်နေတဲ့ နောက်ထပ် ဒီဇိုင်းတစ်မျိုးကတော့ Galaxy Fold လို အတွင်းဘက်ကို ခေါက်သိမ်းနိုင်တဲ့ ဒီဇိုင်းပဲဖြစ်ပြီး ဒေါင်လိုက်ခေါက်သိမ်းရမှာဖြစ်သလို အပြင်ဘက်မှာ မျက်နှာပြင်ငယ်တစ်ခု ထပ်မံပါရှိဦးမယ်လို့ သိရပါတယ်။ အနီးစပ်ဆုံးဥပမာပြရရင်တော့ Motorola RAZR လို ဒီဇိုင်းအယူအဆလို့ ပြောရမှာပါ။

သတင်းအရ Samsung အနေနဲ့ Motorola RAZR လို အတွင်းဘက်ကို ဒေါင်လိုက်ခေါက်သိမ်းနိုင်တဲ့ Foldable အမျိုးအစားကို ဒီနှစ်ရဲ့ နှစ်ကုန်ပိုင်း၊ ဒါမှှမဟုတ် ၂၀၂၀ပြည့်နှစ် အစောပိုင်းမှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခြားဒီဇိုင်းတစ်မျိုးဖြစ်တဲ့ Mate X လို မျက်နှာပြင်ကို အပြင်ဘက်ခေါက်သိမ်းရတဲ့ Foldable အမျိုးအစားကတော့ ၂၀၂၀ပြည့်နှစ် အတွင်းတစ်ချိန်ချိန်မှာ ဖြစ်မယ်လို့ သိရပါတယ်။

Galaxy Fold ဟာ မျက်နှာပြင်ကို အတွင်းဘက်ခေါက်သိမ်းတဲ့ ဒီဇိုင်းမျိုးဖြစ်ပေမယ့် Huawei ကတော့ အဆိုပါဒီဇိုင်းဟာ အလေးချိန်ကိုပိုစေသလို၊ ခေါက်ထားချိန်မှာလည်း ပိုထူထဲစေတာကြောင့် ပယ်ချခဲ့ပြီး လက်ရှိ Mate X ဒီဇိုင်းကိုသာ အကောင်းဆုံးအဖြစ် ယူဆပြီးထုတ်လုပ်ခဲ့တာလို့ ပြောခဲ့ဖူးပါတယ်။

Samsung အနေနဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Galaxy Fold တွေမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအတွက် စမ်းသပ်မှုတွေ မပြီးပြတ်သေးသလို မျက်နှာပြင်ပိုင်းမှာလည်း အမှားအယွင်းအချို့ကို ကြုံတွေ့နေရတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် Samsung အနေနဲ့ ရောင်းချလိုက်တဲ့ Galaxy Fold တွေထဲမှာ မျက်နှာပြင်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ခုကြုံလာခဲ့ရင် အခမဲ့ ပြန်လည်လဲလှယ်တပ်ဆင်ပေးသွားဖွယ်ရှိကြောင်းလည်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Ref: The Verge