Samsung ဟာ Galaxy S10 Series စမတ်ဖုန်း အားလုံးအတွက် Android 11/One UI 3.0 ကို ဒီလ အစောပိုင်းက ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်က Samsung ဟာ Update ဖြန့်ချိပေးနေတာကို ရပ်နားလိုက်ပြီး Galaxy S10 Series စမတ်ဖုန်း အားလုံးမှာ Update မရရှိတော့ပါဘူး။ Samsung က  Galaxy S10 Series အတွက် Android 11/One UI 3.0 ကို ရပ်နားလိုက်ရတဲ့ အကြောင်းအရင်းကို မပြောပါဘူး။

Samsung Galaxy S10e, S10 & S10+ | Samsung Myanmar

သေချာတာက ကုဒ်တွေထဲမှာ Bugs ကြီးကြီးမားမား ပါလာလို့ ဖြစ်မှာပါ။ Update တင်ပြီးတဲ့ သုံးစွဲသူ တချို့က ဓါတ်ပုံတွေမှာ Blur ဖြစ်တာနဲ့ သာမာန်လောက်ပဲ အသုံးပြုနေရင်တောင် အပူချိန်လွန်ကဲတာလိုမျိုး စိတ်ပျက်စရာ Bugs တွေ ပါလာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကင်မရာမှာလည်း ပြဿနာရှိနေတယ်လို့ သိရပါတယ်။

Samsung Unveils the Galaxy S10 Series and You Can Pre-Order Them in Kenya | TechArena

အခုတော့ Samsung က အဲဒီ ပြဿနာကို မြန်မြန် ဖြေရှင်းနိုင်လိုက်ပြီဖြစ်ပြီး Galaxy S10 Series အတွက် One UI 3.0 Update ပြန်ပေးလိုက်ပါပြီ။ Firmware Version အသစ်က G975FXXU9EUA4 ဖြစ်ပြီး ဆွစ်ဇာလန်မှာ အစောဆုံးရနေပြီလို့ ထင်ပါတယ်။

ပြဿနာရှိခဲ့တဲ့ Update ကို တင်မိခဲ့သူတွေအတွက် အခု Update အသစ်က ပြဿနာ ဖြေရှင်းပေးသွားမယ်လို့ ထင်ရပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေဟာ Software Update တွေမှာ Bugs တွေ ပါလာတတ်တဲ့အတွက် Beta Program တွေမှာ အရင်ဆုံး စမ်းသပ်ပြီးမှ Stable Version ကို ဖြန့်ချိပေးလေ့ရှိပါတယ်။ ဒါပေမယ့် Stable Version တွေမှာလည်း Bugs တွေ ပါလာတတ်တဲ့ အတွက် အရေးကြီး ဒေတာတွေကို သိမ်းပြီးမှ တင်သင့်ပါတယ်။

Ref : gsmarena