Samsung ဟာ OneUI 3.0 Update ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy S10 Series ကစတင်ပြီး Beta Version အနေနဲ့ ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစောပိုင်း Beta Version တွေဟာ Device အကုန်လုံးမှာ Battery ပိုစားနေတာနဲ့ Lockscreen Issue ပြဿနာတွေဖြစ်ပွားခဲ့ပြီး ခတ္တဆိုင်းငံ့ခဲ့ရတာဖြစ်ပါတယ်။

Samsung ကနေ Galaxy S20 Series နဲ့ Note 20 Series ဖုန်းတွေအတွက် အဆိုပါ ပြဿနာတွေကို ပြန်လည်ပြင်ဆင်ထားတဲ့ OneUI 3.0 Beta Update ကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Galaxy Z Fold2 အတွက်ပါ OneUI 3.0 Beta Update ကို ပြန်ထုတ်ပေးနေပြီလို့ သိရပါတယ်။

Galaxy Z Fold2 အတွက် OneUI 3.0 Beta Update အသစ်ဟာ Firmware Number “F916NKSU1ZTKD” ဖြစ်ပြီးတော့ November 2020 Android Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။ File Size အနေနဲ့ကတော့ ယခင် OneUI 3.0 Beta ကို အသုံးပြုနေတယ်ဆိုရင် 190MB ဝန်းကျင်ပဲ Download ပြုလုပ်ရမှာပါ။

ယခု Update ဟာ ယခင်တုန်းက ဖြစ်ပွားလေ့ရှိတဲ့ Lockscreen ပြဿနာနဲ့ တခြားသော Bug တွေကို ဖြေရှင်းထားတာဖြစ်တဲ့အတွက် Feature အသစ်တွေတော့ ထပ်မံပါဝင်လာခြင်းမရှိဘူးလို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OneUI 3.0 Update ဟာ Android 11 OS ကို အခြေခံထားတာဖြစ်ပြီး Privacy ပိုင်း Improvement တွေအပြင် Notification ၊ Media Playback နဲ့ တခြားသော Feature အသစ်တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။ Stable Update အနေနဲ့ကတော့ လာမယ့် နှစ်အစောပိုင်းလောက်မှပဲ တရားဝင်ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena