Samsung က S23 Ultra မှာ 200MP ကင်မရာကို မိတ်ဆက်ခဲ့ပြီး အခုတော့  ၂၀၂၄ ခုနှစ်မှာ ဒီထက်ပိုကောင်းတဲ့ ကင်မရာတွေကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ကင်မရာ အသစ် ၃ လုံး ဖြစ်ပြီး အဲဒီအထဲမှာ 440MP ကင်မရာလည်း ပါဝင်ပါတယ်။

Tipster Revegnus က Samsung ဟာ 1.6μm Pixel Size ပါတဲ့ 50MP GN6 Sensor နဲ့ a 0.6μm Pixel Size ပါတဲ့ 200MP HP7 Sensor ကို အမြောက်အများထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက 440MP HU1 Sensor ဖြစ်ပြီး Pixel Size ကို မသိရသေးပါဘူး။

အဲဒီ Sensor ၃ လုံးကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ အမြောက်အများထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Revegnus က အဲဒီ Sensor တွေကို Samsung ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

50MP ISOCELL GN6 ဟာ ISOCELL GN1 နဲ့ ISOCELL GN2 Sensor ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး Samsung ရဲ့ အကြီးမားဆုံးနဲ့ ပထမဆုံး ၁ လက်မ ကင်မရာ Sensor ဖြစ်လာမှာပါ။ Sony ရဲ့ IMX989 Sensor ကို ယှဉ်ပြိုင်မှာပါ။ အဲဒီ Sensor ကို စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ သုံးရင် အသင့်တော်ဆုံး ဖြစ်လာမှာပါ။ ဒါပေမယ့် Tipster က GN6 Sensor ကို Samsung ဖုန်းတွေမှာ မသုံးဘူးလို့ ပြောပါတယ်။

200MP HP7 Sensor ကို အစပိုင်းက Galaxy S25 Ultra မှာ သုံးဖို့ စီစဉ်ထားခဲ့ပေမယ့် ကုန်ကျစားရိတ်များတဲ့အတွက် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ Revegnus က နောက်ထပ် 320MP Sensor ကိုလည်း ဖန်တီးနေတယ်လို့ ပြောပါတယ်။ အဲဒီ Sensor ကို Galaxy S26 Ultra မှာ သုံးထားနိုင်ပါတယ်။ MediaTek Dimensity 9200 Chipset ဟာ 320MP ကင်မရာတွေကို ထောက်ပံ့ပြီး နောက်ထွက်မယ့် Snapdragon Chip ဟာလည်း 320MP ကင်မရာတွေကို ထောက်ပံ့မှာပါ။ အဲဒီအတွက် 320MP Sensor တွေဟာ စမတ်ဖုန်းတွေမှာ ပါလာတော့မှာပါ။

Ref : gizmochina