[Zawgyi]

Samsung ဟာ လာမယ့္ Devices သစ္ေတြမွာ Brand New One UI နဲ႔ ထြက္လာဖို႔ ေၾကညာထားခဲ့သလို လက္ရွိ Devices ေတြအတြက္လည္း Android Pie Update အတြက္ Beta Version ကို အထူးတလည္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ Android Pie Stable Version ကို လာမယ့္ႏွစ္ ဇန္နဝါရီမွ ထုတ္ေပးမယ္ဆိုေပမယ့္လည္း အခုအခါမွာေတာ့ ပထမ Beta Version ရဲ႕ Bugs ေတြအားလုံးကို ရွင္းထုတ္ၿပီး ဒုတိယအႀကိမ္ေျမာက္ Beta Update ကို ထုတ္ေပးေနၿပီလို႔ သိရပါတယ္။

လက္ရွိထုတ္ေပးလိုက္တဲ့ ဒုတိယေျမာက္ Android Pie Beta Update ေတြဟာ Galaxy S9 နဲ႔ S9+ ေတြအတြက္ ျဖစ္တယ္လို႔ သိရပါတယ္။ ခ်ိဳ႕ယြင္းခ်က္ေတြကို ျပင္ဆင္ၿပီးတဲ့အျပင္ အေရွ႕ကင္မရာနဲ႔ ပတ္သက္ ၿပီးေတာ့လည္း တိုးတက္ေအာင္ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ Update တုန္းကတည္းက အေရွ႕ကင္မရာရဲ႕စြမ္းေဆာင္ရည္ကို ပိုၿပီးတိုးတိုက္ေအာင္ ျပဳလုပ္ေနတာျဖစ္ေၾကာင္းလည္း သိရပါတယ္။ အထူးသျဖင့္ ျပင္းထန္တဲ့ ေနာက္ခံအလင္းေရာင္ေတြနဲ႔ ႀကဳံေတြ႕ရင္ ပိုေကာင္းတဲ့ ပုံရိပ္ဖမ္းယူမႈျဖစ္ဖို႔နဲ႔ Software တစ္ခုလုံး တည္ၿငိမ္မႈရွိေစေရးအတြက္ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီတစ္ေခါက္ ထုတ္ေပးတဲ့ Update ဟာ 700MB ျဖစ္တာေၾကာင့္ အနည္းငယ္ႀကီးတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုေကာင္းတဲ့ အသုံးျပဳမႈအေတြ႕အႀကဳံကိုလည္း ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ Google ရဲ႕ November Security Patch ကိုလည္း ရရွိႏိုင္မယ္လို႔ သိရပါတယ္။ Galaxy Note9 ေတြအတြက္ေတာ့ သိပ္မၾကာခင္မွာပဲ Beta program ကို ျဖန႔္ျဖဴးေပးေတာ့မယ္လို႔ ေကာလာဟလေတြ ထြက္ေနပါတယ္။ ဒီေနာက္မွာေတာ့ Galaxy S8-series နဲ႔ Note8 တို႔အတြက္ ျဖန႔္ျဖဴးေပးမွာျဖစ္တယ္လို႔လည္း ၾကားသိရပါတယ္။

 

Ref: GSMarena

 

[Unicode]

Samsung ဟာ လာမယ့် Devices သစ်တွေမှာ Brand New One UI နဲ့ ထွက်လာဖို့ ကြေညာထားခဲ့သလို လက်ရှိ Devices တွေအတွက်လည်း Android Pie Update အတွက် Beta Version ကို အထူးတလည် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Android Pie Stable Version ကို လာမယ့်နှစ် ဇန်နဝါရီမှ ထုတ်ပေးမယ်ဆိုပေမယ့်လည်း အခုအခါမှာတော့ ပထမ Beta Version ရဲ့ Bugs တွေအားလုံးကို ရှင်းထုတ်ပြီး ဒုတိယအကြိမ်မြောက် Beta Update ကို ထုတ်ပေးနေပြီလို့ သိရပါတယ်။

လက်ရှိထုတ်ပေးလိုက်တဲ့ ဒုတိယမြောက် Android Pie Beta Update တွေဟာ Galaxy S9 နဲ့ S9+ တွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ချို့ယွင်းချက်တွေကို ပြင်ဆင်ပြီးတဲ့အပြင် အရှေ့ကင်မရာနဲ့ ပတ်သက် ပြီးတော့လည်း တိုးတက်အောင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ Update တုန်းကတည်းက အရှေ့ကင်မရာရဲ့စွမ်းဆောင်ရည်ကို ပိုပြီးတိုးတိုက်အောင် ပြုလုပ်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ နောက်ခံအလင်းရောင်တွေနဲ့ ကြုံတွေ့ရင် ပိုကောင်းတဲ့ ပုံရိပ်ဖမ်းယူမှုဖြစ်ဖို့နဲ့ Software တစ်ခုလုံး တည်ငြိမ်မှုရှိစေရေးအတွက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတစ်ခေါက် ထုတ်ပေးတဲ့ Update ဟာ 700MB ဖြစ်တာကြောင့် အနည်းငယ်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပိုကောင်းတဲ့ အသုံးပြုမှုအတွေ့အကြုံကိုလည်း ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Google ရဲ့ November Security Patch ကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ Galaxy Note9 တွေအတွက်တော့ သိပ်မကြာခင်မှာပဲ Beta program ကို ဖြန့်ဖြူးပေးတော့မယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ဒီနောက်မှာတော့ Galaxy S8-series နဲ့ Note8 တို့အတွက် ဖြန့်ဖြူးပေးမှာဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

Ref: GSMarena