[Zawgyi]

Samsung ဟာ ဆန္းသစ္တီထြင္မႈေတြ ျပဳလုပ္ထားတဲ့ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္ၿပီး၊ Bixby ကို တိုးခ်ဲ႕ေတာ့မွာျဖစ္ေၾကာင္း မၾကာေသးခင္တုန္းက ေၾကညာခဲ့ပါတယ္။ အဆိုပါ ထုတ္ကုန္ေတြမွာ ေဖ်ာ္ေျဖေရးအပိုင္းအတြက္ ထုတ္လုပ္ထားတဲ့ ၉၈လက္မ QLED 8K TV နဲ႔ မိသားစုဝင္ေတြ ဆက္သြယ္ခ်ိတ္ဆက္ၿပီး အမွတ္တရ အခိုက္အတန္႔ေတြကို ျပန္လည္မွ်ေဝေပးႏိုင္မယ့္ Family Hub 2019 တို႔ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung ရဲ႕ ဥာဏ္ရည္တု နည္းပညာျဖစ္တဲ့ Bixby ကိုလည္း တျခားထုတ္ကုန္ေတြမွာ အသုံးျပဳႏိုင္ေအာင္ တိုးခ်ဲ႕ေတာ့မယ္လို႔ သိရပါတယ္။

Entertainment
Samsung ဟာ သူတို႔ရဲ႕ ၂၀၁၉ခုႏွစ္ထုတ္ TV ေတြျဖစ္တဲ့ ၆၅လက္မ၊ ၇၅လက္မ၊ ၈၂လက္မနဲ႔ ၈၅လက္မ ေမာ္ဒယ္ေတြထက္ ပိုမိုႀကီးမားတဲ့ ၉၈လက္မ QLED 8K TV ႀကီးကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဆိုပါ TV ႀကီးမွာ Quantum Processor 8K Chip ကို အသုံးျပဳထားတဲ့အတြက္ အေကာင္းမြန္ဆုံးေသာ QLED ႐ုပ္ထြက္အရည္အေသြးေတြကို ေထာက္ပံ့ေပးႏိုင္မွာပါ။ ဒါ့အျပင္ YouTube နဲ႔ Netflix တို႔လိုမ်ိဴး Streaming Service, Set-top Box, HDMI, USB ဒါမွမဟုတ္ Mobile Screen Mirroring စနစ္ကေန တစ္ဆင့္ TV ၾကည့္ရႈ႕တဲ့အခါမွာလည္း အနီးစပ္ဆုံး 8K အရည္အေသြးရရွိေအာင္ A.I. (Artificial Intelligence) နည္းပညာနဲ႔ Upscale လုပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

၂၀၁၉ခုႏွစ္ထုတ္ Samsung Smart TVs ေတြမွာဆိုရင္ မိမိႏွစ္သက္တဲ့ အေၾကာင္းအရာေတြကို ရွာေဖြၾကည့္ရႈ႕ဖို႔အတြက္ နည္းလမ္းေတြပိုမ်ားလာပါၿပီ။ ဒါ့ေၾကာင့္ Samsung က ႀကိဳက္ႏွစ္သက္ရာ အေၾကာင္းအရာေတြကို လြယ္လြယ္ကူကူနဲ႔ ျမန္ျမန္ဆန္ဆန္ ရွာေဖြၾကည့္ရႈ႕ႏိုင္ဖို႔အတြက္ အဆိုပါ Smart TVs ေတြမွာ အသံနဲ႔ခိုင္းေစလို႔ ရတဲ့ Bixby နဲ႔ A.I နည္းပညာေပါင္းစပ္ထားတဲ့ AI Remote ေတြကို ထည့္သြင္းေပးထားပါတယ္။ ဒ့ါအျပင္ iTunes Movies, TV Shows နဲ႔ Apple AirPlay 2 ေတြကိုလည္း လာမယ့္ ေႏြရာသီကစၿပီး Samsung Smart TV (2019) ေတြမွာ ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။ Samsung Smart TV (2018) ေတြမွာေတာ့ Firmware Update ကေန တစ္ဆင့္ ေထာက္ပံ့ေပးသြားမွာပါ။

Home
မိသားစုဝင္ေတြ ဆက္သြယ္ခ်ိတ္ဆက္ၿပီး အမွတ္တရ အခိုက္အတန္႔ေတြကို ျပန္လည္ေဝမွ်ေပးႏိုင္မယ့္ Family Hub 2019 ဟာ အရင္တုန္းကထက္ပိုၿပီး အဆင့္ျမင့္လာၿပီ ျဖစ္ပါတယ္။ ေရခဲေသတၱာေရွ႕က လြတ္ေနတဲ့ မ်က္ႏွာျပင္ေနရာကို Screen အစားထိုးလိုက္တာျဖစ္ၿပီး၊ အဆိုပါ Screen ကေန တစ္ဆင့္ မိသားစုဝင္ေတြ အခ်င္းခ်င္း ဓာတ္ပုံနဲ႔ မွတ္စုတိုေတြကို မွ်ေဝေပးႏိုင္ျခင္း၊ ေဖ်ာ္ေျဖေရး က႑အတြက္ သီးခ်င္းနဲ႔ ေရဒီယိုနားေထာင္ႏိုင္ျခင္း၊ Screen Mirroring စနစ္အသုံးျပဳၿပီး ဗီဒီယိုၾကည့္ႏိုင္ျခင္း၊ အိမ္မွာတပ္ဆင္ထားတဲ့ Smart Devices ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ျခင္း စတဲ့ လုပ္ေဆာင္ခ်က္ေတြကို တေနရာတည္းကေန ထိန္းခ်ဴပ္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Family Hub 2019 မွာ Bixby ကိုလည္း အသုံးျပဳႏိုင္ၿပီျဖစ္တဲ့အတြက္ မိမိသိလိုတဲ့ အေၾကာင္းအရာေတြကို ေမးျမန္းျခင္း၊ ခ်က္ျပဳတ္နည္း ရွာေဖြျခင္းနဲ႔ Uber Taxi လွမ္းေခၚျခင္းေတြကို အသံနဲ႔ ခိုင္းေစႏိုင္ဦးမွာ ျဖစ္ပါတယ္။ အေစာပိုင္းက ထြက္ရွိထားတဲ့ Family Hub ေမာ္ဒယ္ေတြကို အသုံးျပဳသူမ်ားအေနနဲ႔ အသစ္ထပ္မံပါဝင္လာတဲ့ Features အသစ္ေတြကို Software Update ကေနတစ္ဆင့္ အလိုအေလ်ာက္ ရရွိႏိုင္မယ္လို႔ သိရပါတယ္။

Samsung ရဲ႕ Family Hub 2019 နဲ႔ Front Load အဝတ္ေလွ်ာ္စက္ေတြဟာ CES 2019 မွာလည္း Innovation Award (ဆန္းသစ္တီထြင္မႈဆု) ေတြကို ရရွိပိုင္ဆိုင္ထားပါေသးတယ္။ Samsung Front Load အဝတ္ေလွ်ာ္စက္မွာ SuperSpeed လို႔ေခၚတဲ့ အလြန္ျမန္ဆန္တဲ့ ေလွ်ာ္ဖြတ္စနစ္ပါဝင္ၿပီး အေျခာက္ခံစနစ္ကို အလိုအေလ်ာက္ ခ်ိတ္ဆက္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ အဝတ္ေလွ်ာ္စက္ကို Bixby ကေနတစ္ဆင့္ အသံနဲ႔လည္း ထိန္းခ်ဴပ္ႏိုင္ဦးမွာပါ။

Samsung ရဲ႕ ဥာဏ္ရည္တုနည္းပညာျဖစ္တဲ့ Bixby ကို တိုးခ်ဲ႕ျခင္း
Samsung အေနနဲ႔ သူတို႔ရဲ႕ ဥာဏ္ရည္တုနည္းပညာျဖစ္တဲ့ Bixby ကို Galaxy စမတ္ဖုန္းေတြမွာ စတင္အသုံးျပဳခဲ့ပါတယ္။ ယခုအခါမွာေတာ့ Samsung ဟာ Bixby ကို Galaxy စမတ္ဖုန္းေတြသာမက Smart TV, ေရခဲေသတၱာနဲ႔ အဝတ္ေလွ်ာ္စက္ေတြမွာ စတင္အသုံးျပဳေနၿပီျဖစ္ၿပီး၊ ေနာက္ပိုင္းမွာ Air-con, AI Speaker နဲ႔ တျခားေသာ Smart Devices ေတြမွာပါ ထည့္သြင္းအသုံးျပဳေတာ့မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

Uber နဲ႔ Ticketmaster တို႔လိုမ်ိဴး ကုမၸဏီႀကီးေတြက သူတို႔ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပိုမိုလြယ္ကူထိေရာက္ေစဖို႔အတြက္ Samsung ရဲ႕ Bixby ကို အသုံးျပဳေနၾကတယ္လို႔ သိရပါတယ္။ ဒ့ါအျပင္ iHeartRadio ကလည္း Samsung နဲ႔ မဟာမိတ္ဖြဲ႕လိုက္ၿပီျဖစ္တဲ့အတြက္ Bixby ကိုပဲ အသုံးျပဳေတာ့မွာပါ။ Samsung ကေတာ့ Bixby ကို အသုံးျပဳမယ့္ မဟာမိတ္ကုမၸဏီေတြမ်ားလာတာနဲ႔အမွ် သူတို႔ရဲ႕ ဥာဏ္ရည္တုနည္းပညာႀကီးဟာ ပိုမိုႀကီးထြားလာၿပီး Google လိုမ်ိဴး Eco-system တစ္ခုကို ဖန္တီးေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ဒါ့အျပင္ Samsung က အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြနဲ႔ ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြကို ကာကြယ္ဖို႔က သူတို႔ရဲ႕ ပထမ ဦးစားေပးျဖစ္ေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားထားပါေသးတယ္။

[Unicode]

အဆင့်မြှင်တင်ထားတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ပြီး Bixby ကို တိုးချဲ့တော့မယ့် Samsung

Samsung ဟာ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ထားတဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ပြီး၊ Bixby ကို တိုးချဲ့တော့မှာဖြစ်ကြောင်း မကြာသေးခင်တုန်းက ကြေညာခဲ့ပါတယ်။ အဆိုပါ ထုတ်ကုန်တွေမှာ ဖျော်ဖြေရေးအပိုင်းအတွက် ထုတ်လုပ်ထားတဲ့ ၉၈လက်မ QLED 8K TV နဲ့ မိသားစုဝင်တွေ ဆက်သွယ်ချိတ်ဆက်ပြီး အမှတ်တရ အခိုက်အတန့်တွေကို ပြန်လည်မျှဝေပေးနိုင်မယ့် Family Hub 2019 တို့ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ ဥာဏ်ရည်တု နည်းပညာဖြစ်တဲ့ Bixby ကိုလည်း တခြားထုတ်ကုန်တွေမှာ အသုံးပြုနိုင်အောင် တိုးချဲ့တော့မယ်လို့ သိရပါတယ်။

Entertainment
Samsung ဟာ သူတို့ရဲ့ ၂၀၁၉ခုနှစ်ထုတ် TV တွေဖြစ်တဲ့ ၆၅လက်မ၊ ၇၅လက်မ၊ ၈၂လက်မနဲ့ ၈၅လက်မ မော်ဒယ်တွေထက် ပိုမိုကြီးမားတဲ့ ၉၈လက်မ QLED 8K TV ကြီးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ TV ကြီးမှာ Quantum Processor 8K Chip ကို အသုံးပြုထားတဲ့အတွက် အကောင်းမွန်ဆုံးသော QLED ရုပ်ထွက်အရည်အသွေးတွေကို ထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့အပြင် YouTube နဲ့ Netflix တို့လိုမျိူး Streaming Service, Set-top Box, HDMI, USB ဒါမှမဟုတ် Mobile Screen Mirroring စနစ်ကနေ တစ်ဆင့် TV ကြည့်ရှု့တဲ့အခါမှာလည်း အနီးစပ်ဆုံး 8K အရည်အသွေးရရှိအောင် A.I. (Artificial Intelligence) နည်းပညာနဲ့ Upscale လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ်ထုတ် Samsung Smart TVs တွေမှာဆိုရင် မိမိနှစ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေကြည့်ရှု့ဖို့အတွက် နည်းလမ်းတွေပိုများလာပါပြီ။ ဒါ့ကြောင့် Samsung က ကြိုက်နှစ်သက်ရာ အကြောင်းအရာတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ရှာဖွေကြည့်ရှု့နိုင်ဖို့အတွက် အဆိုပါ Smart TVs တွေမှာ အသံနဲ့ခိုင်းစေလို့ ရတဲ့ Bixby နဲ့ A.I နည်းပညာပေါင်းစပ်ထားတဲ့ AI Remote တွေကို ထည့်သွင်းပေးထားပါတယ်။ ဒ့ါအပြင် iTunes Movies, TV Shows နဲ့ Apple AirPlay 2 တွေကိုလည်း လာမယ့် နွေရာသီကစပြီး Samsung Smart TV (2019) တွေမှာ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ Samsung Smart TV (2018) တွေမှာတော့ Firmware Update ကနေ တစ်ဆင့် ထောက်ပံ့ပေးသွားမှာပါ။

Home
မိသားစုဝင်တွေ ဆက်သွယ်ချိတ်ဆက်ပြီး အမှတ်တရ အခိုက်အတန့်တွေကို ပြန်လည်ဝေမျှပေးနိုင်မယ့် Family Hub 2019 ဟာ အရင်တုန်းကထက်ပိုပြီး အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။ ရေခဲသေတ္တာရှေ့က လွတ်နေတဲ့ မျက်နှာပြင်နေရာကို Screen အစားထိုးလိုက်တာဖြစ်ပြီး၊ အဆိုပါ Screen ကနေ တစ်ဆင့် မိသားစုဝင်တွေ အချင်းချင်း ဓာတ်ပုံနဲ့ မှတ်စုတိုတွေကို မျှဝေပေးနိုင်ခြင်း၊ ဖျော်ဖြေရေး ကဏ္ဍအတွက် သီးချင်းနဲ့ ရေဒီယိုနားထောင်နိုင်ခြင်း၊ Screen Mirroring စနစ်အသုံးပြုပြီး ဗီဒီယိုကြည့်နိုင်ခြင်း၊ အိမ်မှာတပ်ဆင်ထားတဲ့ Smart Devices တွေနဲ့ ချိတ်ဆက်နိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို တနေရာတည်းကနေ ထိန်းချူပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Family Hub 2019 မှာ Bixby ကိုလည်း အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် မိမိသိလိုတဲ့ အကြောင်းအရာတွေကို မေးမြန်းခြင်း၊ ချက်ပြုတ်နည်း ရှာဖွေခြင်းနဲ့ Uber Taxi လှမ်းခေါ်ခြင်းတွေကို အသံနဲ့ ခိုင်းစေနိုင်ဦးမှာ ဖြစ်ပါတယ်။ အစောပိုင်းက ထွက်ရှိထားတဲ့ Family Hub မော်ဒယ်တွေကို အသုံးပြုသူများအနေနဲ့ အသစ်ထပ်မံပါဝင်လာတဲ့ Features အသစ်တွေကို Software Update ကနေတစ်ဆင့် အလိုအလျောက် ရရှိနိုင်မယ်လို့ သိရပါတယ်။

Samsung ရဲ့ Family Hub 2019 နဲ့ Front Load အဝတ်လျှော်စက်တွေဟာ CES 2019 မှာလည်း Innovation Award (ဆန်းသစ်တီထွင်မှုဆု) တွေကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။ Samsung Front Load အဝတ်လျှော်စက်မှာ SuperSpeed လို့ခေါ်တဲ့ အလွန်မြန်ဆန်တဲ့ လျှော်ဖွတ်စနစ်ပါဝင်ပြီး အခြောက်ခံစနစ်ကို အလိုအလျောက် ချိတ်ဆက်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ အဝတ်လျှော်စက်ကို Bixby ကနေတစ်ဆင့် အသံနဲ့လည်း ထိန်းချူပ်နိုင်ဦးမှာပါ။

Samsung ရဲ့ ဥာဏ်ရည်တုနည်းပညာဖြစ်တဲ့ Bixby ကို တိုးချဲ့ခြင်း
Samsung အနေနဲ့ သူတို့ရဲ့ ဥာဏ်ရည်တုနည်းပညာဖြစ်တဲ့ Bixby ကို Galaxy စမတ်ဖုန်းတွေမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါမှာတော့ Samsung ဟာ Bixby ကို Galaxy စမတ်ဖုန်းတွေသာမက Smart TV, ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေမှာ စတင်အသုံးပြုနေပြီဖြစ်ပြီး၊ နောက်ပိုင်းမှာ Air-con, AI Speaker နဲ့ တခြားသော Smart Devices တွေမှာပါ ထည့်သွင်းအသုံးပြုတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

Uber နဲ့ Ticketmaster တို့လိုမျိူး ကုမ္ပဏီကြီးတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူထိရောက်စေဖို့အတွက် Samsung ရဲ့ Bixby ကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ဒ့ါအပြင် iHeartRadio ကလည်း Samsung နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်တဲ့အတွက် Bixby ကိုပဲ အသုံးပြုတော့မှာပါ။ Samsung ကတော့ Bixby ကို အသုံးပြုမယ့် မဟာမိတ်ကုမ္ပဏီတွေများလာတာနဲ့အမျှ သူတို့ရဲ့ ဥာဏ်ရည်တုနည်းပညာကြီးဟာ ပိုမိုကြီးထွားလာပြီး Google လိုမျိူး Eco-system တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် Samsung က အသုံးပြုသူတွေရဲ့ အချက်အလက်တွေနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့က သူတို့ရဲ့ ပထမ ဦးစားပေးဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားထားပါသေးတယ်။