Samsung က အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Part 2 Event အတွက် “Get ready to unfold something unmistakably you” အမည်ရ Teaser ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ အဲဒီ ဗီဒီယိုမှာ ဂြိုလ်သား ၃ ယောက်က သူတို့ အဝတ်အစားတွေအတွက် အရောင်တွေကို ရွေးချယ်နေတာ ပြသထားပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က Leakster ၁ ယောက် ဖြစ်တဲ့ Tron က Galaxy Z Flip3 အတွက် Gray, Light Pink , White ,Blue နဲ့ Yellow အရောင်အသစ်တွေ ထုတ်လုပ်မယ်လို့ သတင်းပေးခဲ့ပါတယ်။ Evleaks ကတော့ အဲဒီ အရောင်တွေဟာ Home Appliance အသစ်တွေအတွက် ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။ အဲဒီ အရောင်တွေဟာ Design Studio ကနေ Customize လုပ်နိုင်တဲ့ Home Appliance Series ဖြစ်တဲ့ Samsung Bespoke ရဲ့ အရောင်တွေနဲ့ တူညီနေပါတယ်။

Samsung's BESPOKE appliances are customized at the Design Studio

Samsung အခု မျှဝေလိုက်တဲ့ Tweet အသစ်အရ Z Flip3 ကို Customize လုပ်နိုင်တဲ့ Design Studio ကို ပြုလုပ်ပေးဖို့ သေချာသွားပါတယ်။ အဲဒီ အစီအစဉ်ကို Z Fold3 အတွက်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ Foldable ဖုန်းတွေအပြင် Galaxy S21 Series , Galaxy Watch4 နဲ့ Buds2 တို့အတွက်ပါ Design Studio ကို ဖန်တီးပေးလာနိုင်ပါတယ်။

Samsung ဟာ ၂၄ နာရီအတွင်းမှာ တခြား ဗီဒီယိုအနည်းငယ်ကိုလည်း မျှဝေထားပါတယ်။ ပထမ ၁ ခုက Galaxy Themes ကို အသုံးပြုကာ ဖုန်းရဲ့ သွင်ပြင်ကို Customize ပြုလုပ်တာကို ပြသထားပြီး အဆုံးမှာ Galaxy Z Flip3 ကို မြင်ရပါတယ်။ နောက်ထပ် ဗီဒီယို ၁ ခုမှာ Z Fold3 ရဲ့ Split-screen လုပ်ဆောင်ချက်ကို အသုံးပြုကာ Multitasking ပြုလုပ်ထားတာကို ပြသထားပါတယ်။ Samsung ဟာ Foldable ဖုန်းတွေမှာ Customize လုပ်နိုင်တာကို အသားပေးထားပါတယ်။

Ref : gsmarena