Samsung က Case ပေါ်မှာ ဖုံးအုပ်နိုင်တဲ့ ‘Antimicrobial Coating’ ကို မှတ်ပုံတင်လိုက်ပြီး အဲဒီ Coating ဟာ ကိုရိုနာဗိုင်းရက်စ်ကို သတ်ပေးနိုင်ပါတယ်။ ‘Antimicrobial Coating’ ဟာ ဗိုင်းရက်စ်နဲ့ ဘက်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကို ကမ္ဘာအဝန်းမှာ ကူးစက်ခံစားနေရပါတယ်။ အဲဒီ ဗိုင်းရက်စ်ဟာ နံရံနဲ့ မျက်နှာပြင်တွေအပေါ်မှာ ကပ်ညိနေနိုင်တဲ့အတွက် Samsung က ဖုန်း ကိုယ်ထည်မှာ မကပ်ညိနိုင်အောင် ဗိုင်းရက်စ် သတ်ပေးနိုင်တဲ့ Case ကို ဖန်တီးတာ ဖြစ်ပါတယ်။ ‘Antimicrobial Coating’ ဟာ Case ပေါ်မှာ အမှုန်အမွှားတွေ မကပ်ညိနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရက်စ် ကာကွယ် ကုသဆေးကို မထုတ်လုပ်နိုင်သေးတဲ့အတွက် ကာကွယ်တာက အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဖုန်းတွေကို လူတွေ နေ့တိုင်း ကိုင်တွယ်နေကြတဲ့အတွက် ဗိုင်းရက်စ်များစွာ ကပ်ညိနေနိုင်ပါတယ်။ အဲဒီအတွက် Samsung ရဲ့ နည်းပညာ အသစ်က ဒီပြဿနာကို ဖြေရှင်းပေးမှာပါ။

Samsung ဟာ နိုင်ငံများစွာမှာ ဇွန်လ ၃၀ ရက်နေ့က ‘Antimicrobial Coating’ Patent ၁ ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ နောက်ထုတ်မယ့် စွမ်းရည်မြင့် Galaxy Note20 Series တွေမှာ အဲဒီ Case ပါလာကောင်းပါလာနိုင်ပါတယ်။

Ref : gizmochina