Zawgyi

လက္ရွိစမတ္ဖုန္းေစ်းကြက္ရဲ႕ အႀကီးဆုံးထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Samsung ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ သူတုိ႔စမတ္ဖုန္းထုတ္လုပ္မႈအားလုံးရဲ႕ ငါးပုံတစ္ပုံပမာဏအား တရုတ္ ODM ျဖစ္တဲ့ Wingtech ဆီမွာ ေျပာင္းေရႊ႕ထုတ္လုပ္ေတာ့မယ္လို႔ ဆုိပါတယ္။

ရုိက္တာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေတာင္ကုိရီးယားအေျခစိုက္ Samsung ဟာ ၂၀၂၀ ခုႏွစ္မွာ စမတ္ဖုန္း သန္း ၃၀၀ ထုတ္လုပ္ဖို႔ ပစ္မွတ္ထားေနၿပီး အဲ့ဒီထဲက သန္း ၆၀ ကို တရုတ္အေျခစုိက္ Wingtech ကေန ထုတ္လုပ္တပ္ဆင္ေစမွာျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ေတာ့ Galaxy A စီးရီးဝင္ ဟန္းဆက္ေတြကိုထုတ္လုပ္ေစမယ္လို႔ ယူဆရၿပီး Samsung ဟာ သူတုိ႔ရဲ႕ Flagship ေတြကိုေတာ့ ဗီယက္နမ္နဲ႔ အိႏၵိယမွာပဲ ဆက္လက္ထုတ္လုပ္ေနဦးမွာပါ။ Wingtech ဟာ လက္ရွိမွာ Xiaomi, Huawei နဲ႔ Oppo တုိ႔လို ျပည္တြင္းစမတ္ဖုန္းထုတ္လုပ္သူေတြအတြက္ တာဝန္ခံထုတ္လုပ္္ေပးေနတာျဖစ္ၿပီး အရင္က Samsung ဖုန္းအခ်ဳိ႕ကိုလည္း ထုတ္လုပ္ေပးဖူးပါတယ္။

ယခုႏွစ္အေစာပုိင္းမွာ Samsung ဟာ စမတ္ဖုန္းထုတ္လုပ္မႈကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏုိင္ဖို႔ တရုတ္ႏုိင္ငံမွာ တည္ေဆာက္ထားတဲ့ သူတုိ႔ရဲ႕ေနာက္ဆုံးက်န္ရွိတဲ့ စက္ရုံကို ပိတ္ခဲ့ပါတယ္။ တရုတ္ထုတ္လုပ္သူေတြဟာ စမတ္ဖုန္းေတြကို ပိုခ်ဳိသာတဲ့ေစ်းႏႈန္းနဲ႔ တပ္ဆင္ထုတ္လုပ္ႏုိင္ဖို႔ အစိတ္အပုိင္းနဲ႔ လုပ္အားခတုိ႔ကို ေစ်းသက္သက္သာသာနဲ႔ ထုတ္လုပ္ေပးေလ့ ရွိပါတယ္။

ဒီေျပာင္းလဲမႈက Samsung ကုိ Entry-level နဲ႔ Mid-range တန္း စမတ္ဖုန္းသစ္ထုတ္လုပ္မႈေတြမွာ တုိးတက္မႈ ရွိေစမွာပါ။ ကုမၸဏီႀကီးေတြက ODM ေတြဆီမွာ တည္ေဆာက္ရတဲ့ စမတ္ဖုန္းေတြကိုလည္း ႏုိင္ငံတြင္းမွာ ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြရဲ႕ ကြာလတီအတုိင္း ထုတ္လုပ္ေစတာျဖစ္တဲ့အတြက္ စိတ္ပူစရာေတာ့မရွိပါဘူး။

Ref – GSM Arena

Unicode

လက်ရှိစမတ်ဖုန်းဈေးကွက်ရဲ့ အကြီးဆုံးထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ သူတို့စမတ်ဖုန်းထုတ်လုပ်မှုအားလုံးရဲ့ ငါးပုံတစ်ပုံပမာဏအား တရုတ် ODM ဖြစ်တဲ့ Wingtech ဆီမှာ ပြောင်းရွှေ့ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ တောင်ကိုရီးယားအခြေစိုက် Samsung ဟာ ၂၀၂၀ ခုနှစ်မှာ စမတ်ဖုန်း သန်း ၃၀၀ ထုတ်လုပ်ဖို့ ပစ်မှတ်ထားနေပြီး အဲ့ဒီထဲက သန်း ၆၀ ကို တရုတ်အခြေစိုက် Wingtech ကနေ ထုတ်လုပ်တပ်ဆင်စေမှာဖြစ်ပါတယ်။

များသောအားဖြင့်တော့ Galaxy A စီးရီးဝင် ဟန်းဆက်တွေကိုထုတ်လုပ်စေမယ်လို့ ယူဆရပြီး Samsung ဟာ သူတို့ရဲ့ Flagship တွေကိုတော့ ဗီယက်နမ်နဲ့ အိန္ဒိယမှာပဲ ဆက်လက်ထုတ်လုပ်နေဦးမှာပါ။ Wingtech ဟာ လက်ရှိမှာ Xiaomi, Huawei နဲ့ Oppo တို့လို ပြည်တွင်းစမတ်ဖုန်းထုတ်လုပ်သူတွေအတွက် တာဝန်ခံထုတ်လုပ်ပေးနေတာဖြစ်ပြီး အရင်က Samsung ဖုန်းအချို့ကိုလည်း ထုတ်လုပ်ပေးဖူးပါတယ်။

ယခုနှစ်အစောပိုင်းမှာ Samsung ဟာ စမတ်ဖုန်းထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ တရုတ်နိုင်ငံမှာ တည်ဆောက်ထားတဲ့ သူတို့ရဲ့နောက်ဆုံးကျန်ရှိတဲ့ စက်ရုံကို ပိတ်ခဲ့ပါတယ်။ တရုတ်ထုတ်လုပ်သူတွေဟာ စမတ်ဖုန်းတွေကို ပိုချိုသာတဲ့ဈေးနှုန်းနဲ့ တပ်ဆင်ထုတ်လုပ်နိုင်ဖို့ အစိတ်အပိုင်းနဲ့ လုပ်အားခတို့ကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ပေးလေ့ ရှိပါတယ်။

ဒီပြောင်းလဲမှုက Samsung ကို Entry-level နဲ့ Mid-range တန်း စမတ်ဖုန်းသစ်ထုတ်လုပ်မှုတွေမှာ တိုးတက်မှု ရှိစေမှာပါ။ ကုမ္ပဏီကြီးတွေက ODM တွေဆီမှာ တည်ဆောက်ရတဲ့ စမတ်ဖုန်းတွေကိုလည်း နိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေရဲ့ ကွာလတီအတိုင်း ထုတ်လုပ်စေတာဖြစ်တဲ့အတွက် စိတ်ပူစရာတော့မရှိပါဘူး။

Ref – GSM Arena