[Zawgyi]

၂၀၁၉ အစမွာ Samsung Galaxy Fold ရဲ႕ မေကာင္းသတင္းေတြထြက္ခဲ့ေပမယ့္ အခုေတာ့ ႏုိင္ငံအမ်ားစုမွာ ေရာင္းေကာင္းေနပါတယ္။ မီဒီယာေတြက စေရာင္းၿပီး သိပ္မၾကာခင္မွာ ပစၥည္းျပတ္သြားတယ္လို႔ ေျပာပါတယ္။ ကုမၸဏီက ရည္မွန္းထားတဲ့ ေရာင္းအား ပမာဏကို မရေသးေပမယ့္ လာမယ့္ႏွစ္မွာ Foldable Device ေတြ အမ်ားအျပား ထုတ္လုပ္ေရာင္းခ်ဖို႔ ရည္မွန္းထားပါတယ္။

Samsung CEO DJ Koh က “ လာမယ့္ႏွစ္မွာ Galaxy Fold ေရာင္းအား အရမ္းေကာင္းေအာင္ စီစဥ္ထားပါတယ္။ လာမယ့္ႏွစ္မွာ Foldable Phone အမ်ားအျပား ေတြ႕ရေတာ့မွာပါ။ “ လို႔ ဆိုးလ္မွာ က်င္းပတဲ့ Samsung AI Forum မွာ ေျပာပါတယ္။ ကုမၸဏီဟာ မတူညီတဲ့ Foldable Phone Design ေတြကို ဖန္တီးေနပါတယ္။ မၾကာခင္ကပဲ ေဒါင္လိုက္ ေခါက္ခ်ိဳးႏုိင္တဲ့ ဒီဇိုင္းကို ျမင္ခဲ့ၾကပါတယ္။ လာမယ့္ႏွစ္မွာ Samsung က Foldable Phone ၁ လံုးမက ေရာင္းမွာ ေသခ်ာပါတယ္။

မၾကာခင္ကထြက္ခဲ့တဲ့ သတင္းအရ ကုမၸဏီဟာ ၂၀၂၀ အကုန္မွာ Foldable Phone ၆ သန္းေလာက္ကို ကမာၻအ၀န္းမွာ ေရာင္းဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ DJ Koh က ဘာမွ မေျပာပါဘူး။ လက္ရွိမွာ Foldable Phone ေတြရဲ႕ ၀ယ္လိုအားက မတည္ၿငိမ္ေသးပါဘူး။ နည္းပညာက ေစ်းႀကီးေသးတဲ့အတြက္ ေဘာစိေတြပဲ ကိုင္ႏုိင္မွာပါ။

ေနာက္ထပ္ Foldable Phone အသစ္ကို ဘယ္ေတာ့ ခ်ျပမလဲလို႔ ေမးတာကို Koh က မၾကာခင္ သိရေတာ့မယ္လို႔ ေျပာပါတယ္။ အခ်ိန္ကာလကိုေတာ့ သူက မေျပာသြားပါဘူး။ Foldable Display နည္းပညာကို ဖန္တီးေနတာ Samsung ကုမၸဏီ ၁ ခုထဲ မဟုတ္ပါဘူး။ ဒါေပမယ့္ Galaxy Fold လို ဖုန္းကို ေရာင္းခ်ထားႏုိင္တဲ့အတြက္ Apple လို ဒိတ္ဒိတ္ႀကဲ ၿပိဳင္ဖက္ေတြထက္ အသာရေနပါတယ္။

Ref : gizmochina

[Unicode]

လာမယ့်နှစ်မှာ Foldable Phone အများအပြား ထုတ်မယ့် Samsung

၂၀၁၉ အစမှာ Samsung Galaxy Fold ရဲ့ မကောင်းသတင်းတွေထွက်ခဲ့ပေမယ့် အခုတော့ နိုင်ငံအများစုမှာ ရောင်းကောင်းနေပါတယ်။ မီဒီယာတွေက စရောင်းပြီး သိပ်မကြာခင်မှာ ပစ္စည်းပြတ်သွားတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ရည်မှန်းထားတဲ့ ရောင်းအား ပမာဏကို မရသေးပေမယ့် လာမယ့်နှစ်မှာ Foldable Device တွေ အများအပြား ထုတ်လုပ်ရောင်းချဖို့ ရည်မှန်းထားပါတယ်။

Samsung CEO DJ Koh က “ လာမယ့်နှစ်မှာ Galaxy Fold ရောင်းအား အရမ်းကောင်းအောင် စီစဉ်ထားပါတယ်။ လာမယ့်နှစ်မှာ Foldable Phone အများအပြား တွေ့ရတော့မှာပါ။ “ လို့ ဆိုးလ်မှာ ကျင်းပတဲ့ Samsung AI Forum မှာ ပြောပါတယ်။ ကုမ္ပဏီဟာ မတူညီတဲ့ Foldable Phone Design တွေကို ဖန်တီးနေပါတယ်။ မကြာခင်ကပဲ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းကို မြင်ခဲ့ကြပါတယ်။ လာမယ့်နှစ်မှာ Samsung က Foldable Phone ၁ လုံးမက ရောင်းမှာ သေချာပါတယ်။

မကြာခင်ကထွက်ခဲ့တဲ့ သတင်းအရ ကုမ္ပဏီဟာ ၂၀၂၀ အကုန်မှာ Foldable Phone ၆ သန်းလောက်ကို ကမ္ဘာအဝန်းမှာ ရောင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ DJ Koh က ဘာမှ မပြောပါဘူး။ လက်ရှိမှာ Foldable Phone တွေရဲ့ ဝယ်လိုအားက မတည်ငြိမ်သေးပါဘူး။ နည်းပညာက ဈေးကြီးသေးတဲ့အတွက် ဘောစိတွေပဲ ကိုင်နိုင်မှာပါ။

နောက်ထပ် Foldable Phone အသစ်ကို ဘယ်တော့ ချပြမလဲလို့ မေးတာကို Koh က မကြာခင် သိရတော့မယ်လို့ ပြောပါတယ်။ အချိန်ကာလကိုတော့ သူက မပြောသွားပါဘူး။ Foldable Display နည်းပညာကို ဖန်တီးနေတာ Samsung ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ ဒါပေမယ့် Galaxy Fold လို ဖုန်းကို ရောင်းချထားနိုင်တဲ့အတွက် Apple လို ဒိတ်ဒိတ်ကြဲ ပြိုင်ဖက်တွေထက် အသာရနေပါတယ်။

Ref : gizmochina