Zawgyi

SAMSUNG ဟာ စမတ္ဖုန္းေလာကမွာ ျပိဳင္ဘက္ေတြကို ပိုးစိုးပက္စက္ ေလွာင္ေျပာင္ေလ့ရွိတဲ့ Troller ၾကီးပါ။ Apple ရဲ႕ iPhone ေတြဟာဆိုရင္ SAMSUNG ရဲ႕ ေလွာင္ေျပာင္ဖို႔ အဓိက ပစ္မွတ္သဖြယ္ျဖစ္ခဲ့ျပီး ထြက္သမွ် iPhone တုိင္းနီးပါးကို ဆက္တိုက္ေလွာင္ေျပာင္ခဲ့ပါတယ္။ iPhone X ရဲ႕ Notch ကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေလွာင္ေျပာင္ခဲ့ျပီး Android ဖုန္းေတြကိုေတာ့ ေလွာင္ေျပာင္တာ မေတြ႔ရပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ ေအာက္တိုဘာ ၉ ရက္ေန႔ကမွ မိတ္ဆက္ထားတဲ့ Pixel 3XL ကိုေတာ့ ေပၚတင္ၾကီးေလွာင္ေျပာင္လိုက္ပါျပီ။

Pixel 3XL ဟာ ထြက္ရွိထားတဲ့ Leak ပံုရိပ္ေတြမွာ ျပထားသလိုပဲ သာမာန္ Notch ဖုန္းေတြထက္ အေတာ္ေလးၾကီးမားတဲ့ Notch ၾကီးပါဝင္လာပါတယ္။ အဲ့အတြက္ Google ရဲ႕ Fan ေတာ္ေတာ္မ်ားမ်ား စိတ္ပ်က္ခဲ့ၾကပါတယ္။ မၾကာေသးခင္ကမွ တြစ္တာ မွာ Google ရဲ႕ Made by Google ကေနျပီး Pixel 3/3XL အေၾကာင္း ၾကိဳက္တာ ေမးျမန္းႏိုင္တဲ့ ပိုစ့္တစ္ခုတင္ခဲ့ပါတယ္။ Pixel 3XL ရဲ႕ Notch အေပၚ မေကာင္းေျပာတဲ့ သူေတြ အေတာ္မ်ားခဲ့ျပီး တစ္ခ်ိဳ႕က SAMSUNG ရဲ႕ Flagship ဖုန္းေတြနဲ႔ ႏွိုင္းယွဥ္ျပီးေျပာခဲ့ပါတယ္။ အဲ့ဒီပိုစ့္ေအာက္မွာပဲ Samsung ရဲ႕ US Brand အခြဲျဖစ္တဲ့ SAMSUNG Mobile US ကေနျပီး “You could land a plane on it” ဆိုျပီး Pixel 3XL ရဲ႕ Notch ဟာ ေလယဥ္ဆင္းလို႔ရေလာက္တဲ့အထိ ၾကီးမားေနတယ္လို႔ ေပၚတင္ၾကီး Troll လိုက္ပါတယ္။

Pixel 3/3XL ဟာ SAMSUNG ရဲ႕ ေနာက္ဆံုးထြက္ GALAXY Note 9 နဲ႔ S9 Series တို႔ရဲ႕ အဓိက ျပိဳင္ဘက္ ျဖစ္ေနတဲ့ အတြက္ Google အေပၚ အာရံုစိုက္ေနတာ ျဖစ္ႏိုင္ျပီး အရမ္းၾကီး သိသိသာသာ ၾကီးမားေနတဲ့ Pixel 3XL ရဲ႕ Notch ဟာ SAMSUNG အသည္းအသန္ Troll ခဲ့တဲ့ iPhone X ရဲ႕ Notch ထက္ အေတာ္ေလးၾကည့္ရဆိုးေနတယ္ ဆုိတာကေတာ့ ျငင္းမရတဲ့ အခ်က္ပါပဲ။ Pixel 3XL ရဲ႕ Notch ဟာ Wide Angle Lens နဲ႔ Stereo Speaker ေတြေၾကာင့္ အဲ့ေလာက္ၾကီး မားေနတာပါ။ ဒါေပမယ့္လည္း အရင္ Pixel 2XL လို Notch မပါပဲ ထုတ္ရင္ အမ်ားၾကီး ၾကည့္ရပိုေကာင္းသြားမွာ အေသအခ်ာပါပဲ။ ဘာအတြက္ေၾကာင့္မ်ား ရုပ္ဆိုးဆိုး Notch ၾကီးကို ထည့္လိုက္တာလဲ ဆိုတာကေတာ့ စဥ္းစားစရာပါပဲ။ Google ရဲ႕ ေအာက္တုိဘာ ပြဲဟာဆိုရင္ ပြဲက်င္းပသြားတဲ့ပံုဟာ အေတာ္ေလး ဖရိုဖရဲႏိုင္ခဲ့ျပီး လေပါင္းမ်ားစြာ ေစာင့္ေမွ်ာ္ေနခဲ့ၾကတဲ့ Fan ေတြကို အေတာ္ေလးစိတ္ပ်က္ေစခဲ့ပါတယ္။

Unicode

SAMSUNG ဟာ စမတ်ဖုန်းလောကမှာ ပြိုင်ဘက်တွေကို ပိုးစိုးပက်စက် လှောင်ပြောင်လေ့ရှိတဲ့ Troller ကြီးပါ။ Apple ရဲ့ iPhone တွေဟာဆိုရင် SAMSUNG ရဲ့ လှောင်ပြောင်ဖို့ အဓိက ပစ်မှတ်သဖွယ်ဖြစ်ခဲ့ပြီး ထွက်သမျှ iPhone တိုင်းနီးပါးကို ဆက်တိုက်လှောင်ပြောင်ခဲ့ပါတယ်။ iPhone X ရဲ့ Notch ကို ပုံစံအမျိုးမျိုးနဲ့ လှောင်ပြောင်ခဲ့ပြီး Android ဖုန်းတွေကိုတော့ လှောင်ပြောင်တာ မတွေ့ရပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကမှ မိတ်ဆက်ထားတဲ့ Pixel 3XL ကိုတော့ ပေါ်တင်ကြီးလှောင်ပြောင်လိုက်ပါပြီ။

Pixel 3XL ဟာ ထွက်ရှိထားတဲ့ Leak ပုံရိပ်တွေမှာ ပြထားသလိုပဲ သာမာန် Notch ဖုန်းတွေထက် အတော်လေးကြီးမားတဲ့ Notch ကြီးပါဝင်လာပါတယ်။ အဲ့အတွက် Google ရဲ့ Fan တော်တော်များများ စိတ်ပျက်ခဲ့ကြပါတယ်။ မကြာသေးခင်ကမှ တွစ်တာ မှာ Google ရဲ့ Made by Google ကနေပြီး Pixel 3/3XL အကြောင်း ကြိုက်တာ မေးမြန်းနိုင်တဲ့ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ Pixel 3XL ရဲ့ Notch အပေါ် မကောင်းပြောတဲ့ သူတွေ အတော်များခဲ့ပြီး တစ်ချို့က SAMSUNG ရဲ့ Flagship ဖုန်းတွေနဲ့ နှိုင်းယှဉ်ပြီးပြောခဲ့ပါတယ်။ အဲ့ဒီပိုစ့်အောက်မှာပဲ Samsung ရဲ့ US Brand အခွဲဖြစ်တဲ့ SAMSUNG Mobile US ကနေပြီး “You could land a plane on it” ဆိုပြီး Pixel 3XL ရဲ့ Notch ဟာ လေယဉ်ဆင်းလို့ရလောက်တဲ့အထိ ကြီးမားနေတယ်လို့ ပေါ်တင်ကြီး Troll လိုက်ပါတယ်။

Pixel 3/3XL ဟာ SAMSUNG ရဲ့ နောက်ဆုံးထွက် GALAXY Note 9 နဲ့ S9 Series တို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ အတွက် Google အပေါ် အာရုံစိုက်နေတာ ဖြစ်နိုင်ပြီး အရမ်းကြီး သိသိသာသာ ကြီးမားနေတဲ့ Pixel 3XL ရဲ့ Notch ဟာ SAMSUNG အသည်းအသန် Troll ခဲ့တဲ့ iPhone X ရဲ့ Notch ထက် အတော်လေးကြည့်ရဆိုးနေတယ် ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ Pixel 3XL ရဲ့ Notch ဟာ Wide Angle Lens နဲ့ Stereo Speaker တွေကြောင့် အဲ့လောက်ကြီး မားနေတာပါ။ ဒါပေမယ့်လည်း အရင် Pixel 2XL လို Notch မပါပဲ ထုတ်ရင် အများကြီး ကြည့်ရပိုကောင်းသွားမှာ အသေအချာပါပဲ။ ဘာအတွက်ကြောင့်များ ရုပ်ဆိုးဆိုး Notch ကြီးကို ထည့်လိုက်တာလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။ Google ရဲ့ အောက်တိုဘာ ပွဲဟာဆိုရင် ပွဲကျင်းပသွားတဲ့ပုံဟာ အတော်လေး ဖရိုဖရဲနိုင်ခဲ့ပြီး လပေါင်းများစွာ စောင့်မျှော်နေခဲ့ကြတဲ့ Fan တွေကို အတော်လေးစိတ်ပျက်စေခဲ့ပါတယ်။