Samsung Display က Consumer Electronics Show (CES) 2023 မှာ Peak Brightness 2000 nit ကျော်တဲ့ စမတ်ဖုန်း OLED မျက်နှာပြင်ကို ပြသလိုက်ပါတယ်။ အဲဒီ UDR (Ultra Dynamic Range ) 2000 Luminance ရလာဒ်ကို UL Solutions မှာ မှတ်ပုံတင်ထားပြီး Samsung ဟာ မိုဘိုင်း မျက်နှာပြင် နည်းပညာမှာ ဆရာတစ်ဆူဆိုတာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ အဲဒီ Peak Brightness Value ဟာ အသစ်ကြေညာထားတဲ့ S95C နဲ့ S90C Quantum Dot OLED TVs တွေမှာလည်း ပါလာပါတယ်။

Samsung unveils 2,000 nit OLED display for smartphones | Dev & Gear

Samsung Display ဟာ UDR 1500 nit Luminance Rating ပါတဲ့ မျက်နှာပြင် အသစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Samsung က UDR မျက်နှာပြင် အသစ်ဟာ သဘာဝ ပိုကျပြီး ကြွယ်ဝတဲ့ အရောင်တွေကို ပြသပေးနိုင်ကာ နေအိမ် ပြင်ပမှာ အသုံးပြုရင်တောင် သိသာထင်ရှားတယ်လို့ ပြောပါတယ်။

Samsung displays brightest 2000 nits smartphone OLED - Sammy Fans

ဘယ် Samsung စမတ်ဖုန်းမှာ UDR မျက်နှာပြင် အသစ် ပါလာမလဲ ဆိုတာ မသိရသေးပေမယ့် နောက်ထွက်မယ့် စွမ်းရည်မြင့် Galaxy S23 Series တွေမှာ ထည့်သွင်းထားနိုင်ပါတယ်။ HDR Content အတွက် 2000 nit Peak Brightness ထုတ်လုပ်ပေးနိုင်တဲ့ Apple iPhone 14 Pro Series အတွက် Samsung က OLED မျက်နှာပြင်တွေ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

Ref : gsmarena