Samsung က ဖေဖော်ဝါရီလမှာ Intel Chip ပါတဲ့ Galaxy Book2 Pro 360 ကို ကြေညာခဲ့ပြီး အခုတော့ Qualcomm ရဲ့ Snapdragon 8cx Gen 3 Chipset ပါတဲ့ မော်ဒယ်ကို မိတ်ဆက်လိုက်ပါတယ်။ မော်ဒယ်အသစ်ကို တောင်ကိုရီးယားမှာ ကြေညာလိုက်တာ ဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ ရောင်းမှာပါ။

Samsung Galaxy Book2 Pro 360 with Qualcomm Snapdragon 8cx Gen 3, Up to 35 Hours of Battery Life Launched: Price, Specifications – Droid News

8cx Gen 3 ဟာ Windows-on-ARM Device တွေအတွက် ပထမဆုံး 5nm Chipset ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ Gen 2 နဲ့ နှိုင်းယှဉ်ရင် Multi-core CPU စွမ်းရည်က ၈၅ ရာခိုင်နှုန်း၊ GPU စွမ်းရည်က ၆၀ ရာခိုင်နှုန်းပိုကောင်းလာပါတယ်။

လက်ပ်တော့ရဲ့ Intel Version နဲ့ နှိုင်းယှဉ်ရင် တူညီတဲ့ ၁၃.၃ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အလေးချိန်က ၁.၀၄ ကီလိုဂရမ်နဲ့ အထူက ၁၁.၅ မီလီမီတာပဲ ရှိတဲ့အတွက် အလွန်ပါးလွှာ ပေါ့ပါးပါတယ်။ AMOLED မျက်နှာပြင်ကို ၃၆၀ ဒီဂရီခေါက်ချိုးနိုင်တဲ့အတွက် S Pen Stylus နဲ့ တွဲကာ တက်ဘလက်လို သုံးနိုင်ပါတယ်။

Samsung announced a new version of the Galaxy Book 2 Pro 360 with an ARM chip Qualcomm Snapdragon 8cx Gen 3 | gagadget.com

ဘက်ထရီ သက်တမ်းက သိသိသာသာ တိုးတက်လာပြီး Snapdragon ပါတဲ့ လက်ပ်တော့ဟာ ၁ ခါအားသွင်းထားရင် ဗီဒီယိုတွေကို ၃၅ နာရီကြည့်နိုင်ပါတယ်။ Intel မော်ဒယ်က ၂၁ နာရီပဲ ကြည့်နိုင်ပါတယ်။ 5G , WiFi 6E ထောက်ပံ့ထားတာက ဆက်သွယ်မှု ပိုကောင်းစေပါတယ်။

Windows 11 ပါတဲ့အတွက် စီးပွားရေးလုပ်ငန်းသုံးဖို့ ပိုသင့်တော်ပါတယ်။ Microsoft ရဲ့ Secured-Core PC Specification ပါတဲ့အတွက် ဟာ့ဒ်ဝဲကို Firmware Level အထိ Lock လုပ်ပေးနိုင်ပြီး ဒါဟာ Windows ရဲ့ အမြင့်ဆုံး လုံခြုံရေး Level ဖြစ်ပါတယ်။

Samsung Galaxy Book2 Pro 360 ကို ကိုရီးယားမှာ ဝမ် ၁.၈၉ သန်း သတ်မှတ်ထားပြီး ဒေါ်လာ ၁,၅၀၀ ဝန်းကျင် ရှိပါတယ်။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena