Zawgyi

Samsung ဟာ သူတုိ႔ရဲ႕ပထမဆုံး Foldable စမတ္ဖုန္းျဖစ္တဲ့ Galaxy Fold ကို အခုႏွစ္ ေဖေဖာ္ဝါရီတည္းက အမ်ားေရွ႕ေမွာက္ကို ခ်ျပခဲ့တာပါ။ ဒါေပမယ့္ ေတာင္ကုိရီးယားအေျခစုိက္ကုမၸဏီဟာ ဒီဖုန္းကို စက္တင္ဘာလထဲေရာက္မွ ေစ်းကြက္ထဲကို စတင္ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

မ်ဳိးဆက္သစ္ Foldable စမတ္ဖုန္း သို႔မဟုတ္ Galaxy Fold 2 အတြက္ ေလာေလာဆယ္ Samsung က ဘာမွမေျပာေသးေပမယ့္လည္း တရားဝင္ဝက္ဘ္ဆုိက္တစ္ခုမွာေတာ့ ေမာ္ဒယ္နံပါတ္ SM-F700F နဲ႔ Foldable စမတ္ဖုန္း တစ္ခုအတြက္ Support Page အသစ္ကို ဖြင့္လွစ္လာခဲ့ပါတယ္။ အဆုိပါဖုန္းဟာ Galaxy Fold လိုမဟုတ္ဘဲ Motorola RAZR 2019 Foldable ဖုန္းလုိပဲ ေဒါင္လုိက္ခ်ဳိးေခါက္ႏုိင္တဲ့ Clamshell ဒီဇုိင္းလည္း ျဖစ္ပါတယ္။

Samsung ဟာ တရုတ္ႏုိင္ငံအတြင္းမွာ Galaxy Fold ကို စတင္ေရာင္းခ်ခဲ့ရာမွာ ေအာင္ျမင္မႈရရွိခဲ့ၿပီး မိနစ္အနည္းငယ္အတြင္း ေရာင္းသမွ် အလုံးေရအားလုံးကုန္ခဲ့တာပါ။ အဲ့ဒီေနာက္ Galaxy W20 အမည္ရ 5G Foldable ဖုန္းတစ္လုံးကို ထပ္မံမိတ္ဆက္သြားဖို႔ ေၾကညာလုိက္ၿပီး အစမွာ Clamshell ဒီဇုိင္းလို႔ သတင္းထြက္ခဲ့ေပမယ့္ တကယ္တမ္း Galaxy Fold ရဲ႕ 5G ဗားရွင္းသာျဖစ္ေနခဲ့ပါတယ္။ ဒါ့ေၾကာင့္ အခု SM-F700F ဟာ အေစာပုိင္းမွာ သတင္းေပါက္ၾကားခဲ့တဲ့ Clamshell ပုံစံနဲ႔ Foldable စမတ္ဖုန္းျဖစ္ႏုိင္ပါတယ္။

အဆုိပါ ဝက္ဘ္စာမ်က္ႏွာဟာ စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ မေဖာ္ျပထားေသးပါဘူး။ ဒါေပမယ့္ သူ႕ရဲ႕ လွ်ဳိ႕ဝွက္ထုတ္လုပ္ေရးအမည္က “Bloom” လို႔ေပးထားတာကို သိရၿပီး Galaxy S11 မိတ္ဆက္ၿပီးတာနဲ႔ အခ်ိန္တုိအတြင္း ထြက္ေပၚလာမယ္လို႔ေတာ့ သတင္းထြက္လာပါတယ္။

Ref – GSM Arena

Unicode

Samsung ဟာ သူတို့ရဲ့ပထမဆုံး Foldable စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ကို အခုနှစ် ဖေဖော်ဝါရီတည်းက အများရှေ့မှောက်ကို ချပြခဲ့တာပါ။ ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဟာ ဒီဖုန်းကို စက်တင်ဘာလထဲရောက်မှ ဈေးကွက်ထဲကို စတင်ရောင်းချနိုင်ခဲ့ပါတယ်။

မျိုးဆက်သစ် Foldable စမတ်ဖုန်း သို့မဟုတ် Galaxy Fold 2 အတွက် လောလောဆယ် Samsung က ဘာမှမပြောသေးပေမယ့်လည်း တရားဝင်ဝက်ဘ်ဆိုက်တစ်ခုမှာတော့ မော်ဒယ်နံပါတ် SM-F700F နဲ့ Foldable စမတ်ဖုန်း တစ်ခုအတွက် Support Page အသစ်ကို ဖွင့်လှစ်လာခဲ့ပါတယ်။ အဆိုပါဖုန်းဟာ Galaxy Fold လိုမဟုတ်ဘဲ  Motorola RAZR 2019 Foldable ဖုန်းလိုပဲ ဒေါင်လိုက်ချိုးခေါက်နိုင်တဲ့ Clamshell ဒီဇိုင်းလည်း ဖြစ်ပါတယ်။

Samsung ဟာ တရုတ်နိုင်ငံအတွင်းမှာ Galaxy Fold ကို စတင်ရောင်းချခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပြီး မိနစ်အနည်းငယ်အတွင်း ရောင်းသမျှ အလုံးရေအားလုံးကုန်ခဲ့တာပါ။ အဲ့ဒီနောက် Galaxy W20 အမည်ရ 5G Foldable ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်သွားဖို့ ကြေညာလိုက်ပြီး အစမှာ Clamshell ဒီဇိုင်းလို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်း Galaxy Fold ရဲ့ 5G ဗားရှင်းသာဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် အခု SM-F700F ဟာ အစောပိုင်းမှာ သတင်းပေါက်ကြားခဲ့တဲ့ Clamshell ပုံစံနဲ့ Foldable စမတ်ဖုန်းဖြစ်နိုင်ပါတယ်။

အဆိုပါ ဝက်ဘ်စာမျက်နှာဟာ စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ လျှို့ဝှက်ထုတ်လုပ်ရေးအမည်က “Bloom” လို့ပေးထားတာကို သိရပြီး Galaxy S11 မိတ်ဆက်ပြီးတာနဲ့ အချိန်တိုအတွင်း ထွက်ပေါ်လာမယ်လို့တော့ သတင်းထွက်လာပါတယ်။

Ref – GSM Arena