Chromebook တွေကို အပြိုင်အဆိုင်ထုတ်နေကြတာ Android Tablet ဈေးကွက်ဟာ တစ်ဖြည်းဖြည်းနဲ့ ကွယ်ပျောက်စပြုလာပါပြီ။ Chromebook တွေကိုတော့ Google ရဲ့ Chromium OS ကိုအသုံးပြုပေးထားတာဖြစ်ပြီး Android App တွေအသုံးပြုနိုင်ပါတယ်။

Samsung ကလည်း Chromebook ထုတ်တဲ့ကုမ္ပဏီတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးတော့ $600 ဝန်းကျင်ရှိတဲ့ Chromebook တွေကိုထုတ်လုပ်ရောင်းချနေပါတယ်။ Samsung Chromebook တွေထဲက အရင်နှစ်ကထွက်ပြီးသား Model ဖြစ်တဲ့ Samsung Chromebook Pro ကို Version အသစ်အနေနဲ့ထပ်ထုတ်လာပါတယ်။

အခု Chromebook Pro အသစ်မှာတော့ အရင် Version မှာမပါဝင်ခဲ့တဲ့ Backlit Keyboard ပါဝင်လာပြီပဲဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေ၊ Spec တွေကတော့ အရင်ကထုတ်ခဲ့တဲ့ Model အတိုင်းပဲ မပြောင်းလဲပါဘူး။ 12.3 Inch 2400×1600 Resolution ရှိတဲ့ Display၊ Intel Core M3 Processor နဲ့အတူ 4GB RAM, 32GB Storage ကို $599 နဲ့ရောင်းချနေပါတယ်။

အရင်ကထွက်ပြီးသား Backlit Keyboard မပါတဲ့ Chromebook Pro ကိုလည်း $599 နဲ့ပဲဆက်လက်ရောင်းချနေပါသေးတယ်။ Backlit Keyboard ကိုတော့ Chromebook Pro တွေမှာပဲထည့်ပေးထားတာဖြစ်ပြီး Chromebook Plus ကတော့ ဈေးပိုသက်သာတဲ့ Chromebook ဖြစ်တာကြောင့် Backlit Keyboard မပါတဲ့အတွက် အမှောင်ထဲမှာစာရိုက်ဖို့တော့ အမြဲအဆင်ပြေမှာမဟုတ်ပါဘူး။