[Zawgyi]

Samsung ရဲ႕ Galaxy A90 နဲ႔ ပတ္သက္တဲ့သတင္းေတြက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းေလာက္ကတည္းက ပ်ံ႕ႏွံ႔ေနတာပါ။ ဒီတုန္းကေတာ့ Galaxy A90 ဟာ Pop-up ကင္မရာနဲ႔ ျဖစ္မယ္လို႔ သတင္းထြက္ေပၚခဲ့သလို အခ်ိဳ႕ကလည္း Rotation Camera ပုံစံ၊ အခ်ိဳ႕ကလည္း Slider နဲ႔ထြက္လာမယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။

Asphalt 9 content မွာေရးသားထားတဲ့ စာသားေတြထဲမွာ Galaxy A90 ဟာ Galaxy S10 Series နဲ႔အတူ ပါဝင္လာတာေတြ႕ရပါတယ္။ မူလက Samsung ဟာ သူတို႔ရဲ႕ Galaxy A90 devices ကို အာရွနဲ႔ ဥေရာပေဈးကြက္မွာပဲ ျဖန႔္ခ်ိမယ္လို႔ ဆိုထားေပမယ့္ အခုေတာ့ အေမရိကန္မွာလည္း ေရာင္းခ်သြားဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။

ေနာက္ဆုံးထြက္ေပၚလာတဲ့ သတင္းေတြအရဆိုရင္ေတာ့ Galaxy A90 ဟာ Pop-up ကင္မရာနဲ႔ျဖစ္ဖို႔ ရာႏႈန္းပိုမ်ားတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ဒီ Pop-up ဟာ စမတ္ဖုန္းရဲ႕ ဘယ္ဘက္ျခမ္းမွာရွိမလား၊ အလယ္တည့္တည့္မွာ ရွိမလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

မ်က္ႏွာျပင္မွာ Notch နဲ႔ Punch-hole ေတြ မရွိေတာ့တဲ့အတြက္ Screen-to-body ratio ကေတာ့ 92% အထိ ရွိလာႏိုင္ပါတယ္။ ဒါ့အျပင္ ေက်ာဘက္ကင္မရာသုံးလုံးတပ္ဆင္ေပးထားမွာျဖစ္သလို In-display fingerprint scanner လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

အမေရိကန်ဈေးကွက်မှာလည်း ရောင်းချဖွယ်ရှိတဲ့ Samsung Galaxy A90

Samsung ရဲ့ Galaxy A90 နဲ့ ပတ်သက်တဲ့သတင်းတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းလောက်ကတည်းက ပျံ့နှံ့နေတာပါ။ ဒီတုန်းကတော့ Galaxy A90 ဟာ Pop-up ကင်မရာနဲ့ ဖြစ်မယ်လို့ သတင်းထွက်ပေါ်ခဲ့သလို အချို့ကလည်း Rotation Camera ပုံစံ၊ အချို့ကလည်း Slider နဲ့ထွက်လာမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

Asphalt 9 content မှာရေးသားထားတဲ့ စာသားတွေထဲမှာ Galaxy A90 ဟာ Galaxy S10 Series နဲ့အတူ ပါဝင်လာတာတွေ့ရပါတယ်။ မူလက Samsung ဟာ သူတို့ရဲ့ Galaxy A90 devices ကို အာရှနဲ့ ဥရောပဈေးကွက်မှာပဲ ဖြန့်ချိမယ်လို့ ဆိုထားပေမယ့် အခုတော့ အမေရိကန်မှာလည်း ရောင်းချသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင်တော့ Galaxy A90 ဟာ Pop-up ကင်မရာနဲ့ဖြစ်ဖို့ ရာနှုန်းပိုများတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီ Pop-up ဟာ စမတ်ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိမလား၊ အလယ်တည့်တည့်မှာ ရှိမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မျက်နှာပြင်မှာ Notch နဲ့ Punch-hole တွေ မရှိတော့တဲ့အတွက် Screen-to-body ratio ကတော့ 92% အထိ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာသုံးလုံးတပ်ဆင်ပေးထားမှာဖြစ်သလို In-display fingerprint scanner လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GSMArena