[Zawgyi]

Samsung က Galaxy Fold ကို ႏိုင္ငံမ်ားစြာမွာ တိုးခ်ဲ႕ေရာင္းခ်ေပးေနပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ ဒုတိယေျမာက္ Foldable Phone ျဖစ္တဲ့ W20 5G ကို ေၾကညာေတာ့မွာပါ။ အရင္သတင္းေတြအရ အဲဒီ ဖုန္းကို ဒီလထဲမွာ မိတ္ဆက္မယ္လို႔ပဲ သိခဲ့ရတာပါ။ အခုေတာ့ China Telecom က မီဒီယာေတြအတြက္ ဖိတ္စာေတြကို မွ်ေ၀လိုက္ၿပီး ဓါတ္ပံုမွာ Galaxy Fold နဲ႔ ဆင္တူတဲ့ ဖုန္း ဒီဇိုင္းကို ျမင္ရပါတယ္။ ဒါေပမယ့္ ေဒါင္လိုက္ အတြင္းဘက္ကို ေခါက္ခ်ိဳးထားတာ ျဖစ္ပါတယ္။

တခ်ိဳ႕သတင္းေတြအရ W20 5G ဟာ Galaxy Fold ရဲ႕ 5G Model ျဖစ္မယ္လို႔ သိရပါတယ္။ ဓါတ္ပံုအရ ဒီလ ၁၉ ရက္ေန႔မွာ W20 5G ကို တရုတ္ႏုိင္ငံ ၀ူဟန္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး တပ္ဆင္ထားမွာ ျဖစ္ၿပီး Galaxy Fold မွာလို ညာဘက္ျခမ္းမွာ အသံ၊ ပါ၀ါနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာေတြ ထည့္ထားမယ္လို႔ ထင္ရပါတယ္။

အဲဒီ ဖုန္းရဲ႕ Specification ေတြကို မသိရေသးေပမယ့္ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ 5G Modem ပါတဲ့ Exynos 990 Chip အသစ္ ထည့္သြင္းထားႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ လကုန္က ကုမၸဏီဟာ ေဒါင္လိုက္ေခါက္ခ်ိဳး ဖုန္း ၁ လံုးကို အရိပ္အျမြက္ ျပသခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ဖုန္းဟာ ေရာင္းတန္းအဆင့္ မေရာက္ေသးဘဲ ဖန္တီးေနဆဲ အဆင့္ပဲ ျဖစ္ႏုိင္ပါတယ္။ လာမယ့္ ရက္ေတြမွာ W20 5G ရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုမို သိလာရေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိမွာ Foldable Phone ေတြကို ေၾကညာထားတဲ့ အထင္ကရ ကုမၸဏီဆိုလို႔ Huawei နဲ႔ Samsung ပဲရွိပါေသးတယ္။ Samsung က လာမယ့္ႏွစ္မွာ အဲဒီဖုန္းေတြ အမ်ားအျပားထုတ္လုပ္ေရာင္းခ်မယ္လို႔ ဆိုထားပါတယ္။ လာမယ့္ႏွစ္မွာ တျခား ၿပိဳင္ဖက္ ကုမၸဏီေတြရဲ႕ Foldable Phone ေတြလည္း အၿပိဳင္အဆိုင္ထြက္လာေတာ့မွာပါ။

Ref : gsmarena

[Unicode]

Samsung W20 5G ကို ဒီလ ၁၉ ရက်မှာ ကြေညာမည်

Samsung က Galaxy Fold ကို နိုင်ငံများစွာမှာ တိုးချဲ့ရောင်းချပေးနေပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ဒုတိယမြောက် Foldable Phone ဖြစ်တဲ့ W20 5G ကို ကြေညာတော့မှာပါ။ အရင်သတင်းတွေအရ အဲဒီ ဖုန်းကို ဒီလထဲမှာ မိတ်ဆက်မယ်လို့ပဲ သိခဲ့ရတာပါ။ အခုတော့ China Telecom က မီဒီယာတွေအတွက် ဖိတ်စာတွေကို မျှဝေလိုက်ပြီး ဓါတ်ပုံမှာ Galaxy Fold နဲ့ ဆင်တူတဲ့ ဖုန်း ဒီဇိုင်းကို မြင်ရပါတယ်။ ဒါပေမယ့် ဒေါင်လိုက် အတွင်းဘက်ကို ခေါက်ချိုးထားတာ ဖြစ်ပါတယ်။

တချို့သတင်းတွေအရ W20 5G ဟာ Galaxy Fold ရဲ့ 5G Model ဖြစ်မယ်လို့ သိရပါတယ်။ ဓါတ်ပုံအရ ဒီလ ၁၉ ရက်နေ့မှာ W20 5G ကို တရုတ်နိုင်ငံ ဝူဟန်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Galaxy Fold မှာလို ညာဘက်ခြမ်းမှာ အသံ၊ ပါဝါနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာတွေ ထည့်ထားမယ်လို့ ထင်ရပါတယ်။

အဲဒီ ဖုန်းရဲ့ Specification တွေကို မသိရသေးပေမယ့် ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ 5G Modem ပါတဲ့ Exynos 990 Chip အသစ် ထည့်သွင်းထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကုန်က ကုမ္ပဏီဟာ ဒေါင်လိုက်ခေါက်ချိုး ဖုန်း ၁ လုံးကို အရိပ်အမြွက် ပြသခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းဟာ ရောင်းတန်းအဆင့် မရောက်သေးဘဲ ဖန်တီးနေဆဲ အဆင့်ပဲ ဖြစ်နိုင်ပါတယ်။ လာမယ့် ရက်တွေမှာ W20 5G ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ Foldable Phone တွေကို ကြေညာထားတဲ့ အထင်ကရ ကုမ္ပဏီဆိုလို့ Huawei နဲ့ Samsung ပဲရှိပါသေးတယ်။ Samsung က လာမယ့်နှစ်မှာ အဲဒီဖုန်းတွေ အများအပြားထုတ်လုပ်ရောင်းချမယ်လို့ ဆိုထားပါတယ်။ လာမယ့်နှစ်မှာ တခြား ပြိုင်ဖက် ကုမ္ပဏီတွေရဲ့ Foldable Phone တွေလည်း အပြိုင်အဆိုင်ထွက်လာတော့မှာပါ။

Ref : gsmarena