[Unicode]

Samsung W20 5G စမတ်ဖုန်းကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အဲဒီ ဖုန်းဟာ Galaxy Fold ရဲ့ 5G မော်ဒယ် ဖြစ်ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ Standard နဲ့ Extreme မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး Standard မော်ဒယ်ကို ၁၉,၉၉၉ ယွမ်နဲ့ Extreme မော်ဒယ်ကို ၂၉,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄,၂၀၀,၀၀၀ နဲ့ ၆,၂၀၀,၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Standard မော်ဒယ်ကို ဝယ်ရင် Galaxy Buds နဲ့ Extreme မော်ဒယ်ကို ဝယ်ရင် Galaxy Buds နဲ့ VIP Service တို့ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Samsung က W Series ဖုန်းတွေကို တရုတ်မှာပဲ ရောင်းပေးလေ့ရှိတဲ့အတွက် W20 5G ကို တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာမှာ ကုမ္ပဏီက Galaxy Fold 5G ကို ရောင်းပေးမှာပါ။

Samsung W20 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အဲဒီဖုန်းရဲ့ အပြင်ဘက်မှာ ၄ လက်မ AMOLED HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဖုန်းကို ဖြန့်လိုက်ရင် ၇.၃ လက်မ Flexible AMOLED HD+ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ Snapdragon 855+ မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage တွေ ထည့်သွင်းထားမှာပါ။ Android 9 Pie အခြေပြု One UI 2.0 ပါလာပါတယ်။

အနောက်ဘက်မှာ 16MP Ultrawide , 12MP Wide-angle နဲ့ 12MP Telephoto ကင်မရာ ၃ လုံးကို ထည့်သွင်းထားပါတယ်။ အရွယ်သေး မျက်နှာပြင်ရဲ့ အထက်မှာ 10MP အရှေ့ကင်မရာ ပါပါတယ်။ အတွင်းဘက် မျက်နှာပြင်ရဲ့ ညာဘက်အထက်မှာ 10MP နဲ့ 8MP ကင်မရာ ၂ လုံး ထည့်ထားပါသေးတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပြီး 15W Fast Charging , 15W Wireless Charging ပါတဲ့ 4,235mAh ဘက်ထရီ ထည့်ထားပါတယ်။ 9W Reverse Wireless Charging ကနေ တခြား ကိရိယာတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Samsung W20 5G ကို တရုတ္မွာ ေရာင္းၿပီ

Samsung W20 5G စမတ္ဖုန္းကို ၿပီးခဲ့တဲ့ လက ေၾကညာခဲ့ၿပီး အဲဒီ ဖုန္းဟာ Galaxy Fold ရဲ႕ 5G ေမာ္ဒယ္ ျဖစ္ပါတယ္။ အခုေတာ့ အဲဒီဖုန္းကို တရုတ္မွာ ေရာင္းေပးလိုက္ပါၿပီ။ Standard နဲ႔ Extreme ေမာ္ဒယ္ ၂ မ်ိဳး ထုတ္လုပ္ေပးထားၿပီး Standard ေမာ္ဒယ္ကို ၁၉,၉၉၉ ယြမ္နဲ႔ Extreme ေမာ္ဒယ္ကို ၂၉,၉၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၄,၂၀၀,၀၀၀ နဲ႔ ၆,၂၀၀,၀၀၀ ေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။

Standard ေမာ္ဒယ္ကို ၀ယ္ရင္ Galaxy Buds နဲ႔ Extreme ေမာ္ဒယ္ကို ၀ယ္ရင္ Galaxy Buds နဲ႔ VIP Service တို႔ကို လက္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ Samsung က W Series ဖုန္းေတြကို တရုတ္မွာပဲ ေရာင္းေပးေလ့ရွိတဲ့အတြက္ W20 5G ကို တျခား ႏိုင္ငံေတြမွာ ၀ယ္ယူႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ႏုိင္ငံတကာမွာ ကုမၸဏီက Galaxy Fold 5G ကို ေရာင္းေပးမွာပါ။

Samsung W20 5G ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။ အဲဒီဖုန္းရဲ႕ အျပင္ဘက္မွာ ၄ လက္မ AMOLED HD+ မ်က္ႏွာျပင္ တပ္ဆင္ထားပါတယ္။ ဖုန္းကို ျဖန္႔လိုက္ရင္ ၇.၃ လက္မ Flexible AMOLED HD+ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ Snapdragon 855+ ေမာင္းႏွင္ထားၿပီး 12GB RAM နဲ႔ 512GB Storage ေတြ ထည့္သြင္းထားမွာပါ။ Android 9 Pie အေျချပဳ One UI 2.0 ပါလာပါတယ္။

အေနာက္ဘက္မွာ 16MP Ultrawide , 12MP Wide-angle နဲ႔ 12MP Telephoto ကင္မရာ ၃ လံုးကို ထည့္သြင္းထားပါတယ္။ အရြယ္ေသး မ်က္ႏွာျပင္ရဲ႕ အထက္မွာ 10MP အေရွ႕ကင္မရာ ပါပါတယ္။ အတြင္းဘက္ မ်က္ႏွာျပင္ရဲ႕ ညာဘက္အထက္မွာ 10MP နဲ႔ 8MP ကင္မရာ ၂ လံုး ထည့္ထားပါေသးတယ္။ ေဘးဘက္ လက္ေဗြရာ ကိရိယာ ပါလာၿပီး 15W Fast Charging , 15W Wireless Charging ပါတဲ့ 4,235mAh ဘက္ထရီ ထည့္ထားပါတယ္။ 9W Reverse Wireless Charging ကေန တျခား ကိရိယာေတြကို ႀကိဳးမဲ့ အားသြင္းေပးႏုိင္ပါတယ္။

Ref : gizmochina