Samsung ဟာ American fashion house နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး Galaxy Z  Flip Limited Edition အဖြစ် Thom Browne Edition ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီ Package မှာ Galaxy Buds+ နဲ့ Galaxy Active2 လည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုတခါ Galaxy Z Fold 2 Thom Browne Limited Edition ကို ဖြန့်ချိဦးမယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နာမည်ကျော် Leakster ဖြစ်တဲ့ Ice Universe က Weibo မှာ ဖြန့်ဝေခဲ့တာပါ။ သူကတော့ Galaxy Z Fold 2 Thom Browne Limited Edition ဟာ $2856 (၃၉ သိန်းဝန်းကျင်) ကျသင့်မယ်လို့ ဆိုပါတယ်။

တကယ်လို့ Standard ဗားရှင်းကို $1,980 (၂၇ သိန်း ဝန်းကျင်) နဲ့ ရောင်းချမယ်ဆိုရင်တောင် Limited Edition ရဲ့ ဈေးနှုန်းထက် ၁၀ သိန်းကျော် သက်သာနေဦးမှာပါ။ Limited Edition ရဲ့ စျေးနှုန်းဟာ ၃၉ သိန်းဝန်းကျင်ဆိုတာ တကယ်ကို ရူးလောက်စရာ တန်ဖိုး သတ်မှတ်မှုလို့ ဆိုနိုင်ပေမယ့် Package ထဲမှာတော့ Galaxy Watch 3 Titanium Edition နဲ့ Galaxy Buds Live တစ်စုံလည်း ပါဝင်ဦးမှာပါ။

Galaxy Z Fold 2 Thom Browne Limited Edition ကို Standard ဗားရှင်းနဲ့အတူ တစ်ပြိုင်နက် ရောင်းချမှာတော့ မဟုတ်ပါဘူး။ သေချာတာကတော့ Standard ဗားရှင်း ရောင်းချပြီးမှ Limited Edition ကို ရောင်းမှာပါ။ အခုထိလည်း ဒီ Device တွေ ဖြန့်ချိမယ့် နေ့ရက်နဲ့ အချိန်ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။

Ref: Gizmochina