Unicode

လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပသွားဖို့ရှိနေတဲ့ Consumer Electronic Show (CES) 2020 Event ဟာ အခုကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တာနဲ့အတူ မိတ်ဆက်လာမယ့် Product သတင်းတွေ တဖြည်းဖြည်းပေါက်ကြားလာနေပါပြီ။

အခုလည်း Samsung Electronics ကနေ ဒီ CES 2020 Event မှာ ယခင်တုန်းက မိတ်ဆက်ထားဖူးတဲ့ TV တွေနဲ့ လုံးဝတူညီခြင်းမရှိတဲ့ Premium Grade Bezel-less TV တစ်မျိုးကို မိတ်ဆက်လာတော့မှာပါ။ အခုသတင်းကို Senior Executive တစ်ဦးဖြစ်တဲ့ Kim Hyun-seok အပြင် တခြားသော Media တွေကပါ အတည်ပြုထားလိုက်ပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်ဘဲ Samsung ကနေ အဆိုပါ Bezel-less TV ကို လာမယ့် ဖေဖော်ဝါရီလမှာ Mass Production စတင်ပြီးထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Bezel-less TV ကို စျေးကွက်ထဲရောက်ရှိလာဖို့ အချိန်အကြာကြီးစောင့်ဆိုင်းစရာလည်း မလိုအပ်လောက်ပါဘူး။

ဒီလိုမျိုး Bezel-less TV ဖြစ်လာမှာဖြစ်တဲ့အတွက် Display Panel ဟာ TV ရဲ့ ဘေးဘောင်နေရာမှာ အစားထိုးလာမှာဖြစ်ပြီးတော့ Body Panel နဲ့ တသားထဲဖြစ်သွားမှာပါ။ ဒီလိုမျိုး ပြုလုပ်ရတဲ့အတွက် Samsung ဟာ 65″ နဲ့အထက် Screen Size နဲ့ပဲ ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် CES 2020 မှာတော့ စမတ်ဖုန်းအသစ်တွေထဲ TV နည်းပညာအသစ်တွေကို မြင်ရဖို့ပိုများပြားနေပါတယ်။

Ref – Gizmo China

Zawgyi

လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ က်င္းပသြားဖို႔ရွိေနတဲ့ Consumer Electronic Show (CES) 2020 Event ဟာ အခုက်င္းပဖို႔ ရက္ပိုင္းပဲလိုေတာ့တာနဲ႔အတူ မိတ္ဆက္လာမယ့္ Product သတင္းေတြ တျဖည္းျဖည္းေပါက္ၾကားလာေနပါၿပီ။

အခုလည္း Samsung Electronics ကေန ဒီ CES 2020 Event မွာ ယခင္တုန္းက မိတ္ဆက္ထားဖူးတဲ့ TV ေတြနဲ႔ လုံးဝတူညီျခင္းမရွိတဲ့ Premium Grade Bezel-less TV တစ္မ်ိဳးကို မိတ္ဆက္လာေတာ့မွာပါ။ အခုသတင္းကို Senior Executive တစ္ဦးျဖစ္တဲ့ Kim Hyun-seok အျပင္ တျခားေသာ Media ေတြကပါ အတည္ျပဳထားလိုက္ၿပီျဖစ္ပါတယ္။

ဒါတင္မဟုတ္ဘဲ Samsung ကေန အဆိုပါ Bezel-less TV ကို လာမယ့္ ေဖေဖာ္ဝါရီလမွာ Mass Production စတင္ၿပီးထုတ္လုပ္သြားမွာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Bezel-less TV ကို ေစ်းကြက္ထဲေရာက္ရွိလာဖို႔ အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းစရာလည္း မလိုအပ္ေလာက္ပါဘူး။

ဒီလိုမ်ိဳး Bezel-less TV ျဖစ္လာမွာျဖစ္တဲ့အတြက္ Display Panel ဟာ TV ရဲ႕ ေဘးေဘာင္ေနရာမွာ အစားထိုးလာမွာျဖစ္ၿပီးေတာ့ Body Panel နဲ႔ တသားထဲျဖစ္သြားမွာပါ။ ဒီလိုမ်ိဳး ျပဳလုပ္ရတဲ့အတြက္ Samsung ဟာ 65″ နဲ႔အထက္ Screen Size နဲ႔ပဲ ထုတ္လုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ လာမယ့္ CES 2020 မွာေတာ့ စမတ္ဖုန္းအသစ္ေတြထဲ TV နည္းပညာအသစ္ေတြကို ျမင္ရဖို႔ပိုမ်ားျပားေနပါတယ္။

Ref – Gizmo China