Zawgyi

ေနာက္ႏွစ္အတြက္ Flagship Series စမတ္ဖုန္းေတြျဖစ္တဲ့ Samsung ရဲ႕ Galaxy S11 ေတြက 120Hz Display အျပင္ Camera ပိုင္းကိုပါ သိသိသာသာ Upgrade လုပ္လာမွာျဖစ္ပါတယ္။ ဘယ္ေလာက္ထိလည္းဆိုရင္ Galaxy S11+ ဖုန္းမွာ Camera ၅ လုံးအထိကို တပ္ဆင္လာမယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။

အခုလိုမ်ိဳး Camera အေရအတြက္ မ်ားျပားလာတာထက္ ပိုၿပီး အဓိကက်တဲ့ အားသာခ်က္ကေတာ့ Samsung ကေန လက္ရွိ Flagship ဖုန္းေတြမွာ ဆက္တိုက္ကို အသုံးျပဳလာတဲ့ 12MP Primary Sensor ေနရာမွာ 108MP ISOCELL Bright HMX Sensor နဲ႔ အစားထိုးလာမွာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Galaxy S11 Series ဖုန္းေတြဟာ လက္ရွိ Mi Note 10 တျဖစ္လဲ Mi CC 9 Pro လိုမ်ိဳးပဲ 108MP Camera ပါဝင္တဲ့ဖုန္းတစ္ခုျဖစ္လာမွာပါ။

ဒါေပမယ့္ အခုလိုမ်ိဳး 108MP ISOCELL Bright HMX Sensor ကို ေျပာင္းလဲအသုံးျပဳလိုက္တာ ယခင္တုန္းက 12MP Primary Sensor ရဲ႕ အားသာခ်က္ျဖစ္တဲ့ Dual Pixel Autofocus စနစ္ကိုေတာ့ အသုံးျပဳႏိုင္ေတာ့မွာမဟုတ္တဲ့ပုံစံပါပဲ။ ဒီသတင္းကို နာမည္ႀကီး Leakster တစ္ဦးျဖစ္တဲ့ Ice Universe က ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ Dual Pixel AF ေနရာမွာ Laser Autofocus ကို ေျပာင္းလဲအသုံးျပဳလာမယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Laser Autofocus ဟာ စမတ္ဖုန္းေတြထဲမွာ နည္းပညာအသစ္အဆန္းမဟုတ္ဘဲ ယခင္ထဲက Flagship ဖုန္းအခ်ိဳ႕မွာ ပါဝင္ခဲ့ၿပီးျဖစ္ၿပီးေတာ့ ပုံမွန္အားျဖင့္ Dual Pixel AF ထက္ အနည္းငယ္အားနည္းတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း S11 Series လိုမ်ိဳး ဖုန္းေတြမွာ အသုံးျပဳလာမွာျဖစ္တဲ့အျပင္ သီးျခား ToF Sensor ေတြလည္းပါဝင္လာႏိုင္တဲ့အတြက္ အခုလို Laser Autofocus ကို ေျပာင္းလိုက္လို႔ Focus ပိုင္းမွာ သိသာတဲ့ကြာျခားခ်က္ရွိမရွိကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

နောက်နှစ်အတွက် Flagship Series စမတ်ဖုန်းတွေဖြစ်တဲ့ Samsung ရဲ့ Galaxy S11 တွေက 120Hz Display အပြင် Camera ပိုင်းကိုပါ သိသိသာသာ Upgrade လုပ်လာမှာဖြစ်ပါတယ်။ ဘယ်လောက်ထိလည်းဆိုရင် Galaxy S11+ ဖုန်းမှာ Camera ၅ လုံးအထိကို တပ်ဆင်လာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

အခုလိုမျိုး Camera အရေအတွက် များပြားလာတာထက် ပိုပြီး အဓိကကျတဲ့ အားသာချက်ကတော့ Samsung ကနေ လက်ရှိ Flagship ဖုန်းတွေမှာ ဆက်တိုက်ကို အသုံးပြုလာတဲ့ 12MP Primary Sensor နေရာမှာ 108MP ISOCELL Bright HMX Sensor နဲ့ အစားထိုးလာမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy S11 Series ဖုန်းတွေဟာ လက်ရှိ Mi Note 10 တဖြစ်လဲ Mi CC 9 Pro လိုမျိုးပဲ 108MP Camera ပါဝင်တဲ့ဖုန်းတစ်ခုဖြစ်လာမှာပါ။

ဒါပေမယ့် အခုလိုမျိုး 108MP ISOCELL Bright HMX Sensor ကို ပြောင်းလဲအသုံးပြုလိုက်တာ ယခင်တုန်းက 12MP Primary Sensor ရဲ့ အားသာချက်ဖြစ်တဲ့ Dual Pixel Autofocus စနစ်ကိုတော့ အသုံးပြုနိုင်တော့မှာမဟုတ်တဲ့ပုံစံပါပဲ။ ဒီသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe က ဖော်ပြခဲ့တာဖြစ်ပြီးတော့ Dual Pixel AF နေရာမှာ Laser Autofocus ကို ပြောင်းလဲအသုံးပြုလာမယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Laser Autofocus ဟာ စမတ်ဖုန်းတွေထဲမှာ နည်းပညာအသစ်အဆန်းမဟုတ်ဘဲ ယခင်ထဲက Flagship ဖုန်းအချို့မှာ ပါဝင်ခဲ့ပြီးဖြစ်ပြီးတော့ ပုံမှန်အားဖြင့် Dual Pixel AF ထက် အနည်းငယ်အားနည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း S11 Series လိုမျိုး ဖုန်းတွေမှာ အသုံးပြုလာမှာဖြစ်တဲ့အပြင် သီးခြား ToF Sensor တွေလည်းပါဝင်လာနိုင်တဲ့အတွက် အခုလို Laser Autofocus ကို ပြောင်းလိုက်လို့ Focus ပိုင်းမှာ သိသာတဲ့ကွာခြားချက်ရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena