Samsung ဟာ ပုံမှန်အားဖြင့် Galaxy Note Series တွေကို ဩဂုတ်လဝန်းကျင်မှာ Galaxy Unpacked Event အနေနဲ့ မိတ်ဆက်ပြီး Foldable Device အသစ်တွေကိုပါ မိတ်ဆက်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးထူးဆန်းဆန်း Galaxy Unpacked Event မှာ Galaxy Note Series ဖုန်းတွေမပါတော့ဘဲ Foldable Phone တွေကိုပဲ​မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

ဒါကတော့ Samsung ကိုယ်တိုင်ကနေ တရားဝင် Galaxy Unpacked Event ကို လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခင်နဲ့မတူဘဲ​ မိတ်ဆက်မယ့် Device တွေကိုပါ Hashtag (#) နဲ့ ဖော်ပြသွားခဲ့ပါတယ်။

Samsung ကနေ ထုတ်ပြန်ထားချက်အရ အဆိုပါ Galaxy Unpacked Event မှာ အဓိကအနေနဲ့ Galaxy Z Fold3 ၊ Galaxy Z Flip3 စမတ်ဖုန်းတွေနဲ့ တခြား Wearable တွေဖြစ်တဲ့ Galaxy Buds2 ၊ Galaxy Watch4 တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းက သတင်းထွက်ခဲ့သလို Galaxy Note Series အသစ်အစား Galaxy Z Fold3 ကပဲ နေရာယူသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာလည်း အဆိုပါ Galaxy Z Fold3 နဲ့ Galaxy Z Flip3 ဖုန်းတွေအတွက် Specification တွေပေါက်ကြားထားပြီးဖြစ်ပြီး Qualcomm Snapdragon 888 Chipset နဲ့ Under Display Camera တွေကို ပထမဆုံးအသုံးပြုလာမယ့် Samsung Device တွေလည်း ဖြစ်လာမှာပါ။ Galaxy Z Fold3 မှာဆိုရင် Camera ပိုင်းကို အဆင့်မြှင့်တင်ထားပြီး Galaxy Z Flip3 မှာဆိုရင်လည်း Secondary Display ကို 1.9″ အထိ တိုးမြှင့်ပေးထားတာဖြစ်ပါတယ်။

ကျန်တဲ့ Galaxy Buds2 Earbuds နဲ့ Galaxy Watch4 Series ကလည်း ယခင်ထက် သိသိသာသာပိုကောင်းလာဦးမှာဖြစ်ပြီး Galaxy Watch4 Series ဆိုရင် အမျိုးအစား ၃ မျိုးအထိ မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Google နဲ့ပူးပေါင်းပြီး Wear OS အသစ်ကို အသုံးပြုထားတဲ့အတွက် ယခင်ထက် အသုံးပြုရတာပိုအဆင်ပြေလာစေမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Flagship Device တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့ကို ကျိန်းသေစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena