[Zawgyi]

ၿပီးခဲ့တဲ့ Developer conference မွာ ျပသခဲ့တဲ့ Samsung ရဲ႕ Foldable စမတ္ဖုန္းဟာ ေကာလာဟလ အေတာ္မ်ားမ်ားနဲ႔ သိပ္ၿပီး ကြာျခားမႈမရွိခဲ့ပါဘူး။ အခုလည္း အျပင္မွာ ၾကားေနရတဲ့ ေကာလာဟလေတြက Fol dabl ရဲ႕တန္ဖိုးဟာ အေမရိကန္ေဒၚလာ ႏွစ္ေထာင္ကေန ႏွစ္ေထာင့္ငါးရာၾကား ဆိုတာပါပဲ။

Samsung Foldable အတြက္ တန္ေၾကးက ေဒၚလာ ႏွစ္ေထာင္ဝန္းက်င္ေလာက္ ျဖစ္ႏိုင္တယ္ဆိုတာ လူတိုင္း ခန႔္မွန္းၿပီးသား ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အခု ထြက္လာတဲ့သတင္းကေတာ့ ေဈးႏႈန္းလိုပဲ ေကာလာဟလဆိုေပမယ့္ Gizmodo ရဲ႕ သတင္းေတြက အေတာ္ေလးကို နီးစပ္တယ္ဆိုတာကိုေတာ့ ေမ့ထားလို႔မရပါဘူး။

UK ရဲ႕ အႀကီးမားဆုံး Carrier ျဖစ္တဲ့ EE ဟာ Samsung Foldable ဖုန္းကို သယ္ေဆာင္လာမယ့္ တစ္ခုတည္းေသာ ကုမၸဏီျဖစ္မယ္လို႔ သတင္းေတြထြက္ေပၚလာတာပါ။ Gizmodo က Samsung ရဲ႕ ဝန္ထမ္းအခ်ိဳ႕နဲ႔ သတင္းေသခ်ာမႈကို ပိုၿပီးခိုင္မာေအာင္လုပ္ခဲ့ေသးတယ္လို႔ ဆိုပါတယ္။ UK အတြက္ေတာ့ EE က ေသခ်ာသြားပါၿပီ။ ထပ္ၿပီး အတည္ျပဳခ်က္ယူလို႔ မရေသးတာက ေဈးႏႈန္းပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

Gizmodo က Samsung ကို ေမးျမန္းခဲ့ရာမွာ ျပန္လည္ေျဖဆိုခဲ့တဲ့ အေျဖက “Samsung အေနနဲ႔ Foldable စမတ္ဖုန္းကို ၂၀၁၉ ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာ ျဖန႔္ျဖဴးမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ေမွ်ာ္မွန္းထားတဲ့ ထုတ္လုပ္မႈ ပမာဏက အနည္းဆုံး အလုံးေရ တစ္သန္းျဖစ္ပါတယ္” ဆိုတာပါပဲ။

EE နဲ႔ Samsung တို႔ရဲ႕ သတင္းေတြ ထြက္ေပၚလာတဲ့အတြက္ က်န္တဲ့ Carrier ေတြအေနနဲ႔ ဘယ္လို တုံ႔ျပန္လႈပ္ရွားမႈေတြ လုပ္သြားမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ EE ဟာ ယူေကကို 5G နည္းပညာ ပထမဦးဆုံး သယ္ေဆာင္လာမယ့္ Carrier လည္းျဖစ္ပါတယ္။

Ref: Android Authority

 

[Unicode]

ပြီးခဲ့တဲ့ Developer conference မှာ ပြသခဲ့တဲ့ Samsung ရဲ့ Foldable စမတ်ဖုန်းဟာ ကောလာဟလ အတော်များများနဲ့ သိပ်ပြီး ကွာခြားမှုမရှိခဲ့ပါဘူး။ အခုလည်း အပြင်မှာ ကြားနေရတဲ့ ကောလာဟလတွေက Fol dabl ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ နှစ်ထောင်ကနေ နှစ်ထောင့်ငါးရာကြား ဆိုတာပါပဲ။

Samsung Foldable အတွက် တန်ကြေးက ဒေါ်လာ နှစ်ထောင်ဝန်းကျင်လောက် ဖြစ်နိုင်တယ်ဆိုတာ လူတိုင်း ခန့်မှန်းပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခု ထွက်လာတဲ့သတင်းကတော့ ဈေးနှုန်းလိုပဲ ကောလာဟလဆိုပေမယ့် Gizmodo ရဲ့ သတင်းတွေက အတော်လေးကို နီးစပ်တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။

UK ရဲ့ အကြီးမားဆုံး Carrier ဖြစ်တဲ့ EE ဟာ Samsung Foldable ဖုန်းကို သယ်ဆောင်လာမယ့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်လာတာပါ။ Gizmodo က Samsung ရဲ့ ဝန်ထမ်းအချို့နဲ့ သတင်းသေချာမှုကို ပိုပြီးခိုင်မာအောင်လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ UK အတွက်တော့ EE က သေချာသွားပါပြီ။ ထပ်ပြီး အတည်ပြုချက်ယူလို့ မရသေးတာက ဈေးနှုန်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Gizmodo က Samsung ကို မေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေဆိုခဲ့တဲ့ အဖြေက “Samsung အနေနဲ့ Foldable စမတ်ဖုန်းကို ၂၀၁၉ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ ဖြန့်ဖြူးမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မျှော်မှန်းထားတဲ့ ထုတ်လုပ်မှု ပမာဏက အနည်းဆုံး အလုံးရေ တစ်သန်းဖြစ်ပါတယ်” ဆိုတာပါပဲ။

EE နဲ့ Samsung တို့ရဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ကျန်တဲ့ Carrier တွေအနေနဲ့ ဘယ်လို တုံ့ပြန်လှုပ်ရှားမှုတွေ လုပ်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ EE ဟာ ယူကေကို 5G နည်းပညာ ပထမဦးဆုံး သယ်ဆောင်လာမယ့် Carrier လည်းဖြစ်ပါတယ်။

Ref: Android Authority