[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းကတည္းက စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြဟာ သူတို႔ရဲ႕ စမတ္ဖုန္းအသုံးျပဳသူေတြအတြက္ လုံၿခဳံစိတ္ခ်ရတဲ့ အဆင့္ျမင့္နည္းပညာကို ျပဳလုပ္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာပါ။ Fingerprint reader ေတြကို အသုံးျပဳၿပီး လုံၿခဳံေအာင္ ျပဳလုပ္တဲ့နည္းလမ္း၊ Face mapping နဲ႔ Hand ID လို႔ေခၚရမယ့္ လက္ဖဝါးျပင္မွာရွိတဲ့ ေသြးေၾကာေတြကို အာ႐ုံခံတဲ့ စနစ္ စတာေတြကို တီထြင္ခဲ့ၾကတာပါ။

လုံၿခဳံေရးနည္းလမ္းေတြကို အမ်ိဳးမ်ိဳးနဲ႔ တီထြင္ခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္အထိ ၿပီးျပည့္စုံတဲ့ စနစ္ကိုေတာ့ မရရွိေသးဘူးလို႔ ဆိုရမွာပါ။ Face Unlock မွာလည္း 3D ပုံစံတူနဲ႔ လွည့္စားၿပီး ဖြင့္လို႔ရတဲ့ အားနည္းခ်က္ ရွိေနသလို၊ လက္ေဗြဖတ္စနစ္မွာလည္း 3D print နဲ႔ လွည့္စားၿပီး ဖြင့္လို႔ရတုန္း ျဖစ္ပါတယ္။

မၾကာေသးခင္ကမွ ေဈးကြက္ထဲကို ေရာက္ရွိလာတဲ့ Samsung Galaxy S10 ရဲ႕ In-display fingerprint reader ကလည္း 3D print နဲ႔ လွည့္စားၿပီး ဖြင့္လို႔ရေၾကာင္း စမ္းသပ္မႈေတြအရ ေတြ႕ရွိလာရပါတယ္။ Darkshark အမည္ရွိတဲ့ အသုံးျပဳသူတစ္ေယာက္ဟာ သူ႔ရဲ႕လက္ေဗြရာကို 3D print ထုတ္ၿပီး စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။

အခ်ိန္ ၁၃ မိနစ္သာ ၾကာျမင့္တဲ့ 3D print ကို ျပဳလုပ္ၿပီးတဲ့ေနာက္ Darkshark ဟာ Samsung Galaxy S10 ရဲ႕ In-display Fingerprint reader ေပၚမွာ အဆိုပါ Print ကိုတင္ၿပီး အေပၚကလက္အိပ္စြပ္ထားတဲ့ လက္နဲ႔ ဖိလိုက္တဲ့အခါမွာ Fingerprint sensor က အသိအမွတ္ျပဳၿပီး Unlock လုပ္ေပးလိုက္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ Samsung Galaxy S10 ရဲ႕ In-display fingerprint စနစ္ကလည္း အားနည္းခ်က္ ရွိေနေသးတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

3D Print နဲ့ လှည့်စားပြီး Unlock လုပ်လို့ရတဲ့ Samsung Galaxy S10 Fingerprint Sensor

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတည်းက စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ စမတ်ဖုန်းအသုံးပြုသူတွေအတွက် လုံခြုံစိတ်ချရတဲ့ အဆင့်မြင့်နည်းပညာကို ပြုလုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ Fingerprint reader တွေကို အသုံးပြုပြီး လုံခြုံအောင် ပြုလုပ်တဲ့နည်းလမ်း၊ Face mapping နဲ့ Hand ID လို့ခေါ်ရမယ့် လက်ဖဝါးပြင်မှာရှိတဲ့ သွေးကြောတွေကို အာရုံခံတဲ့ စနစ် စတာတွေကို တီထွင်ခဲ့ကြတာပါ။

လုံခြုံရေးနည်းလမ်းတွေကို အမျိုးမျိုးနဲ့ တီထွင်ခဲ့ကြပေမယ့် လက်ရှိအချိန်အထိ ပြီးပြည့်စုံတဲ့ စနစ်ကိုတော့ မရရှိသေးဘူးလို့ ဆိုရမှာပါ။ Face Unlock မှာလည်း 3D ပုံစံတူနဲ့ လှည့်စားပြီး ဖွင့်လို့ရတဲ့ အားနည်းချက် ရှိနေသလို၊ လက်ဗွေဖတ်စနစ်မှာလည်း 3D print နဲ့ လှည့်စားပြီး ဖွင့်လို့ရတုန်း ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ဈေးကွက်ထဲကို ရောက်ရှိလာတဲ့ Samsung Galaxy S10 ရဲ့ In-display fingerprint reader ကလည်း 3D print နဲ့ လှည့်စားပြီး ဖွင့်လို့ရကြောင်း စမ်းသပ်မှုတွေအရ တွေ့ရှိလာရပါတယ်။ Darkshark အမည်ရှိတဲ့ Imgur အသုံးပြုသူတစ်ယောက်ဟာ သူ့ရဲ့လက်ဗွေရာကို 3D print ထုတ်ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

အချိန် ၁၃ မိနစ်သာ ကြာမြင့်တဲ့ 3D print ကို ပြုလုပ်ပြီးတဲ့နောက် Darkshark ဟာ Samsung Galaxy S10 ရဲ့ In-display Fingerprint reader ပေါ်မှာ အဆိုပါ Print ကိုတင်ပြီး အပေါ်ကလက်အိပ်စွပ်ထားတဲ့ လက်နဲ့ ဖိလိုက်တဲ့အခါမှာ Fingerprint sensor က အသိအမှတ်ပြုပြီး Unlock လုပ်ပေးလိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့် Samsung Galaxy S10 ရဲ့ In-display fingerprint စနစ်ကလည်း အားနည်းချက် ရှိနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: The Verge