Samsung ဟာ ၂၀၁၇ ခုနှစ်က Galaxy Upcycling Program ကို စတင် ပြုလုပ်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က တော်တော်ကောင်းပါတယ်။ စမတ်ဖုန်း အဟောင်းတွေကို အသုံးဝင်တဲ့ ပစ္စည်းတွေ အဖြစ် ဖန်တီးတာ ဖြစ်ပြီး Samsung က Arcade Machine ကနေ Automatic Pet Feeder အထိ ဖန်တီးပြခဲ့ပါတယ်။ နမူနာတွေကို ကြည့်ချင်ရင် ဒီလင့် ကိုသွားပါ။

Samsung Breathes Life Into Old Hardware With "Upcycling at Home" Scheme

ဒါပေမယ့် Soldering Iron အသုံးပြုတတ်သူတွေက အဲဒီပစ္စည်းတွေ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Samsung ဟာ Galaxy Upcycling Program ကနေ လွယ်လွယ်ကူကူ ဖန်တီးနိုင်အောင် ပြုလုပ်ပေးလိုက်ပြီး ဖုန်းအဟောင်းနဲ့ ဆော့ဖ်ဝဲပဲ လိုအပ်ပါတယ်။

အောက်က ဗီဒီယိုမှာ နမူနာ ၂ ခုကို ပြသထားပါတယ်။ ပထမ ၁ ခုက Baby Monitor ဖြစ်ပြီး ကလေး ငိုနေရင် လူကြီးတွေရဲ့ စမတ်ဖုန်းကို Notification နဲ့ အကြောင်းကြားပေးမှာပါ။ နောက် ၁ ခုက ညနေဘက်ရောက်ရင် မီးလုံးတွေကို အလိုလို ဖွင့်ပေးနိုင်တဲ့အတွက် သင် ရုံးက ပြန်လာရင် မီးဖွင့်စရာ မလိုတော့ပါဘူး။

Samsung ဟာ ပြီးခဲ့တဲ့ နှစ်က Galaxy စမတ်ဖုန်းတွေကနေ မျက်လုံး စမ်းသပ်စစ်ဆေးတဲ့ Tools တွေကို တည်ဆောက်ပြခဲ့ပါတယ်။ Samsung TVs တွေရဲ့ Cardboard Box တွေကနေ နေအိမ်အတွက် ပရိဘောဂတွေတောင် ဖန်တီးပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် Samsung TVs အားလုံးမှာ ဒီလို ပြန်လည် အသုံးချနိုင်တဲ့ ထုပ်ပိုးမှုတွေ ပါလာမှာပါ။

Ref : gsmarena