Samsung ဟာ လက်ရှိအချိန်မှာ နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy S23 Series Flagship ဖုန်းတွေအပြင် Galaxy Z Fold5 နဲ့ Galaxy Z Flip5 လိုမျိုး Foldable ဖုန်းတွေအကုန်လုံးမှာ Qualcomm ရဲ့ Snapdragon 8 Gen 2 For Galaxy Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါကြောင့် လောလောဆယ်မှာ Samsung ဟာ Flagship ဖုန်းတွေအတွက် ကိုယ်ပိုင် Exynos Chipset အစား Snapdragon Chipset ကိုပဲ အသုံးပြုနေဦးမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် Mid-Range ဖုန်းတွေမှာတော့ Samsung ဟာ ကိုယ်ပိုင် Exynos Chipset တွေကိုပဲ ဆက်လက်အသုံးပြုဦးမယ့် ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Samsung ဟာ Mid-Range Exynos Chipset အသစ်တွေအတွက် AMD နဲ့ ပူးပေါင်းမှုတွေပြုလုပ်ထားတယ်ဆိုပြီး သိရှိရတာကြောင့်ဖြစ်ပါတယ်။

ယခုသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Revegnus ကနေ ပြောကြားခဲ့တာဖြစ်ပြီး Samsung ရဲ့ Exynos 1430 Chipset နဲ့ Exynos 1480 Chipset အသစ်တွေမှာ AMD ရဲ့ mRDNA-based GPU တွေကို ထည့်သွင်းပေးသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ Exynos 2200 Chipset မှာလည်း AMD ရဲ့ mRDNA GPU ပါဝင်ခဲ့ပြီး Manhattan 3.1 စမ်းသပ်မှုမှာ 170.7 fps အထိရရှိခဲ့ပြီး Apple ရဲ့ A14 Bionic Chip တောင်မှ 120fps ပဲရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အခုထွက်ရှိလာမယ့် Exynos Mid-Range Chipset အသစ်တွေဟာ Gaming ပိုင်းမှာ ယခင်ထက်တော့ ပိုမိုကောင်းမွန်နိုင်ပေမယ့် Revegnus ကတော့ Gaming Performance အစား ISP (Image Signal Processing) ပိုင်းကို ပိုမို အာရုံစိုက်ထားမယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ Exynos Mid-Range Chipset အသစ်တွေကို ဘယ်ဖုန်းတွေမှာ စတင်ပြီး အသုံးပြုလာမလဲဆိုတာကိုတော့ သိရှိရခြင်းမရှိသေးဘဲ ဖြစ်နိုင်ခြေများနေတာကတော့ Galaxy A Series ဖုန်းတွေမှာပဲ ထည့်သွင်းလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China