Samsung ရဲ့ Foldable စမတ်ဖုန်းတွေဟာ စွမ်းရည်မြင့် တန်ဖိုးကြီး အမျိုးအစားတွေ ဖြစ်ပါတယ်။ အခုတော့ Samsung က စွမ်းရည်သင့် တန်ဖိုးနည်း Foldable စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

TrendForce က Samsung ဟာ နောက်နှစ်မှာ စွမ်းရည်သင့် Foldable စမတ်ဖုန်း ၁ လုံးကို ကြေညာမယ်လို့ ပြောပါတယ်။ အရင်ကလည်း အလားတူ သတင်းမျိုး ထွက်ခဲ့ပြီး အခုတော့ ပိုမို သေချာလာပါပြီ။ အဲဒီ Foldable စမတ်ဖုန်းဟာ စာအုပ်စတိုင်လား Clamshell လား ဆိုတာ မသိရသေးပါဘူး။

Samsung's midrange foldable is coming in 2024 with surprising price - GSMArena.com news

ဖြစ်နိုင်တာက Clamshell ဒီဇိုင်းဖြစ်ပြီး Specs တွေ လျှော့ချထားတဲ့ Galaxy Z Flip6 SE လို့ အမည်ပေးထားနိုင်ပါတယ်။ Huawei ကလည်း တန်ဖိုးနည်း Foldable စမတ်ဖုန်း ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။

Samsung's midrange foldable: coming in 2024 with exciting prices

Revegnus က Samsung ဟာ စွမ်းရည်သင့် Foldable စမတ်ဖုန်းကို ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ အကြား ရောင်းချနိုင်တယ်လို့ တွစ်တာမှာ သတင်းပေးထားပါတယ်။ ဥရောပမှာ ၆၅၀ ယူရို ဝန်းကျင် ကျသင့်နိုင်ပါတယ်။

ဒါဟာ တော်တော် ဈေးသက်သာတဲ့ Foldable စမတ်ဖုန်း ဖြစ်လာမှာပါ။ နှိုင်းယှဉ်ကြည့်ရင် Galaxy Z Flip5 ဟာ ၈၀၀ ယူရိုက စပါတယ်။

ကုမ္ပဏီများစွာက Foldable စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေကြပေမယ့် Samsung ကတော့ Foldable စမတ်ဖုန်း လောကကို ဦးဆောင်နေပါတယ်။ Apple ရဲ့ Foldable iPhone ကတော့ အခုထက်ထိ မထွက်လာသေးပါဘူး။

Ref : gsmarena