Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Mi CC9 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ Mi CC9 Pro ဆိုရင် 108MP Sensor ကို ပထမဆုံးအနေနဲ့ အသုံးပြုခဲ့တဲ့စမတ်ဖုန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုလည်း Xiaomi ကနေ Mi CC10 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ Xiaomi ကနေ Mi CC10 နဲ့ Mi CC10 Pro ဆိုပြီး ဖုန်း ၂ မျိုးကို မိတ်ဆက်သွားမှာဖြစ်ပြီးတော့ အခုလည်း Mi CC10 ဖုန်းရဲ့ Screen Protector ကို Online Shopping Website တစ်ခုမှာ တွေ့ရှိခဲ့ရပါပြီ။

အဆိုပါ Screen Protector ရဲ့ ဓါတ်ပုံအရ Mi CC10 ဟာ Screen ရဲ့ ဘယ်ဘက်မှာ Selfie Camera ကို Punch-hole Design ပြုလုပ်ထားပြီးတော့ ယခင် Mi CC9 Series လိုမျိုး Waterdrop Notch ကနေ အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပုံမှန် Flat Display တွေအစား Curved Display ပါဝင်လာမယ်လို့ သိရပါတယ်။

အဆိုပါ Website မှာပြသထားတဲ့ Mi CC10 ရဲ့ Render ဓါတ်ပုံမှာတော့ ကျောဘက် Camera Setup ကို Quad Camera Setup ကိုမှာ အဝိုင်းပုံစံပြုလုပ်ထားပြီး တကယ်တမ်းမှာတော့ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။ လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Mi CC10 Pro ဖုန်းမှာ Qualcomm Snapdragon 775G Chipset ၊ 12x Optical Zoom ကို Support ပေးနိုင်တဲ့ 108MP Primary Camera တွေပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက Mi CC9 ဖုန်းဟာ ဇူလိုင်လဝန်းကျင်မှာမိတ်ဆက်ခဲ့တဲ့အတွက် ဒီနှစ်မှာလည်း အလားတူအချိန်မှာပဲ မိတ်ဆက်လာပါတယ်။

Ref – Gizmo China