[Zawgyi]
Ref : gizchina
[Unicode]
ဒုတိယ အကြိမ် Flash Sale မှာ ခဏလေးနဲ့ ပစ္စည်းပြတ်သွားတဲ့
Xiaomi မကြာခင်က ကြေညာခဲ့တဲ့ Black Shark 2 Pro Gaming Smartphone ကို တရုတ်မှာ ရောင်းချပေးနေပါပြီ။ ဒုတိယ အကြိမ် Flash Sale ကို သြဂုတ်လ ၄ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တာပါ။ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်မှာ Black Shark ရဲ့ တရားဝင် ဝက်ဘ်ဆိုက်က ပစ္စည်း ပြတ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ 12GB+128GB နဲ့ 12GB+256GB Model ၂ လုံး ရောင်းချပေးခဲ့တာပါ။ မြန်မာငွေ ၆၅၀,၀၀၀ နဲ့ ၇၆၀,၀၀၀ ဝန်းကျင် အသီးသီး ရှိပါတယ်။
ဒုတိယ အကြိမ် Flash Sale မှာ ခဏလေးနဲ့ ပစ္စည်း ပြတ်သွားတာပါ။ သြဂုတ်လ ၅ ရက်နေ့မှာ နောက်တစ်သုတ် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Black Shark 2 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Black Shark 2 Pro မှာ Samsung က ထုတ်ထားတဲ့ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 855+ ထည့်သွင်းထားပါတယ်။ 27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ်။ UFS 3.0 Storage က ဒေတာတွေ ကူးပြောင်းရာမှာ မြန်ဆန်ပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 48MP+12MP Cameras တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။ Android 9 Pie Stock Version မောင်းနှင်ထားပါတယ်။ 12GB RAM ထည့်သွင်းထားပါတယ်။ Storage ကို ၂ မျိုးရွေးချယ်နိုင်ပြီး 128GB နဲ့ 256GB တွေ ဖြစ်ပါတယ်။ အရောင် ၅ မျိုး ရွေးချယ်နိုင်ပြီး အနက်၊ ငွေ၊ အပြာ၊ လိမ္မော်၊ ခရမ်းရောင်တွေ ဖြစ်ပါတယ်။
Ref : gizchina