Unicode

မြန်မာနိုင်ငံတွင်းမှ လူငယ်များရဲ့ တက်ကြွစွာအားပေးမှုကြောင့် PUBG MOBILE ဟာ King of The Hill ပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့၊ ရန်ကုန်မြို့ မြန်မာပလာဇာမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပခဲ့ပါတယ်။ ဒီပွဲကိုတော့ Oppo Myanmar ကနေ Title Sponsor အဖြစ် ပါဝင်ကူညီပေးခဲ့ပြီး PUBG MOBILE ပရိသတ်တွေ၊ ပရိုကစားသမားတွေ စသဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြတာပါ။

King of The Hill ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ အသင်းလိုက်မဟုတ်ဘဲ တစ်ယောက်ချင်းစီ Solo Mode နဲ့ ဆော့ရတာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ကိုလည်း ကြိုစာရင်းပေးစရာမလိုပါဘူး။ ပြိုင်ပွဲကျင်းပတဲ့နေရာကို အရောက်လာပြီး စာရင်းပေးကာ ဆော့ကစားရမှာပါ။

စုစုပေါင်း ၅ ပွဲတိတိ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပွဲစဉ်တစ်ခုချင်းစီရဲ့ Chicken Dinner အနိုင်ရသူနဲ့ Kill အများဆုံး နှစ်ယောက်တို့ကို ဆုငွေအဖြစ် ဒေါ်လာတစ်ရာစီ ဆုချသွားမှာပါ။ ဒါ့ကြောင့် အများဆုံး ဆယ်ယောက်ထိ ဆုရပြီး သူတို့ရဲ့ Esports စွမ်းရည်ကို အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။

PUBG MOBILE ရဲ့ Business Development Manager ဖြစ်သူ Aman Kumar ကလည်း “ကျွန်တော်တို့ PUBG က မြန်မာကစားသမားတွေကို တန်ဖိုးထား လေးစားပါတယ်။ မနှစ်ကလည်း ပွဲတွေလုပ်ခဲ့ပြီး ရလဒ်နဲ့ ကစားသမားတွေရဲ့ စွမ်းရည်တွေက အရမ်းအလားအလာရှိတာ တွေ့ခဲ့ရတဲ့အတွက် အရမ်းအားရပါတယ်” လို့ ဆိုပါတယ်။ သူတို့ဟာ မည်သူမဆို အတွက် အဆင့်အတန်းမြင့်မားပြီး ပျော်ဖို့ကောင်း၊ စနစ်ကျတဲ့ Community တစ်ခုဖြစ်လာရန် ဖန်တီးပေးလိုပြီး နောက်ထပ်လဲ မြန်မာနိုင်ငံအတွက် အခွင့်အရေးသစ်တွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Oppo Myanmar မှ ယခုကျင်းပသွားတဲ့ ဒုတိယအကြိမ် King of The Hill ပြိုင်ပွဲအတွက် ပံ့ပိုးကူညီပေးတာကတော့ Oppo A9 2020 စမတ်ဖုန်းပါ။ ဒီဖုန်းမှာ RAM 8GB ထိ ထည့်သွင်းပေးထားပြီး ကစားနေတဲ့အချိန်မှာ ပိုကောင်းတဲ့ အတွေ့အကြုံကိုရရှိစေဖို့လည်း Frame Boost နဲ့ Touch Boost Engine တွေ ပါဝင်တဲ့ Game Boost 2.0 စနစ်၊ Dolby Atmos အသံနည်းပညာနှင့် 5,000 mAh ဘက္ထရီကြီးတို့ ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Zawgyi

ျမန္မာႏုိင္ငံတြင္းမွ လူငယ္မ်ားရဲ႕ တက္ၾကြစြာအားေပးမႈေၾကာင့္ PUBG MOBILE ဟာ King of The Hill ၿပိဳင္ပြဲကို ဒီဇင္ဘာ ၂၂ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာမွာ ဒုတိယအႀကိမ္အျဖစ္ ထပ္မံက်င္းပခဲ့ပါတယ္။ ဒီပြဲကိုေတာ့ Oppo Myanmar ကေန Title Sponsor အျဖစ္ ပါဝင္ကူညီေပးခဲ့ၿပီး PUBG MOBILE ပရိသတ္ေတြ၊ ပရိုကစားသမားေတြ စသျဖင့္ ေပ်ာ္ရႊင္စြာ ပါဝင္ဆင္ႏႊဲခဲ့ၾကတာပါ။

King of The Hill ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ေတြဟာ အသင္းလုိက္မဟုတ္ဘဲ တစ္ေယာက္ခ်င္းစီ Solo Mode နဲ႔ ေဆာ့ရတာျဖစ္ၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ကိုလည္း ႀကိဳစာရင္းေပးစရာမလိုပါဘူး။ ၿပိဳင္ပြဲက်င္းပတဲ့ေနရာကို အေရာက္လာၿပီး စာရင္းေပးကာ ေဆာ့ကစားရမွာပါ။

စုစုေပါင္း ၅ ပြဲတိတိ ယွဥ္ၿပိဳင္ေစမွာျဖစ္ၿပီး ပြဲစဥ္တစ္ခုခ်င္းစီရဲ႕ Chicken Dinner အႏုိင္ရသူနဲ႔ Kill အမ်ားဆုံး ႏွစ္ေယာက္တုိ႔ကို ဆုေငြအျဖစ္ ေဒၚလာတစ္ရာစီ ဆုခ်သြားမွာပါ။ ဒါ့ေၾကာင့္ အမ်ားဆုံး ဆယ္ေယာက္ထိ ဆုရၿပီး သူတုိ႔ရဲ႕ Esports စြမ္းရည္ကို အသိအမွတ္ျပဳခံရမွာျဖစ္ပါတယ္။

PUBG MOBILE ရဲ႕ Business Development Manager ျဖစ္သူ Aman Kumar ကလည္း “ကၽြန္ေတာ္တုိ႔ PUBG က ျမန္မာကစားသမားေတြကို တန္ဖိုးထား ေလးစားပါတယ္။ မႏွစ္ကလည္း ပြဲေတြလုပ္ခဲ့ၿပီး ရလဒ္နဲ႔ ကစားသမားေတြရဲ႕ စြမ္းရည္ေတြက အရမ္းအလားအလာရွိတာ ေတြ႕ခဲ့ရတဲ့အတြက္ အရမ္းအားရပါတယ္” လုိ႔ ဆုိပါတယ္။ သူတုိ႔ဟာ မည္သူမဆုိ အတြက္ အဆင့္အတန္းျမင့္မားၿပီး ေပ်ာ္ဖုိ႔ေကာင္း၊ စနစ္က်တဲ့ Community တစ္ခုျဖစ္လာရန္ ဖန္တီးေပးလိုၿပီး ေနာက္ထပ္လဲ ျမန္မာႏုိင္ငံအတြက္ အခြင့္အေရးသစ္ေတြ ဖန္တီးေပးႏုိင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Oppo Myanmar မွ ယခုက်င္းပသြားတဲ့ ဒုတိယအႀကိမ္ King of The Hill ၿပိဳင္ပြဲအတြက္ ပံ့ပုိးကူညီေပးတာကေတာ့ Oppo A9 2020 စမတ္ဖုန္းပါ။ ဒီဖုန္းမွာ RAM 8GB ထိ ထည့္သြင္းေပးထားၿပီး ကစားေနတဲ့အခ်ိန္မွာ ပိုေကာင္းတဲ့ အေတြ႕အႀကဳံကိုရရွိေစဖို႔လည္း Frame Boost နဲ႔ Touch Boost Engine ေတြ ပါဝင္တဲ့ Game Boost 2.0 စနစ္၊ Dolby Atmos အသံနည္းပညာႏွင့္ 5,000 mAh ဘကၳရီႀကီးတို႔ ပါဝင္တဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။