ဗြိတိန် နိုင်ငံ Cambridge မှာ လူ ၁၀ ဦးအထိ စီးနင်းနိုင်တဲ့ မောင်းသူမဲ့ ဘတ်စ်ကားတွေ ပြေးဆွဲတော့မှာပါ။ Auto-Shuttles လို့ နာမည်ပေးထားပြီး Madingley Park , West Cambridge Campus နဲ့ The Institute of Astronomy အကြားမှာ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

နောက်လမှာတော့ အဲဒီကား ၃ စီးကို တခြား လမ်းကြောင်းတွေမှာ စမ်းသပ် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ The Greater Cambridge Partnership (GCP) က အဲဒီ မောင်းသူမဲ့ ကားတွေဟာ Cambridge မြို့ရဲ့ သယ်ယူပို့ဆောင်မှုကို တိုးတက်စေမယ်လို့ ပြောပါတယ်။

ကားခ ဘယ်လောက် သတ်မှတ်မလဲဆိုတဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ မောင်းသူမဲ့ ဘတ်စ်ကားဟာ အလိုအလျှောက် မောင်းနှင်မှာ ဖြစ်ပေမယ့် လုံခြုံရေးအတွက် လူ ၁ ယောက် လိုက်ပါမှာပါ။

မောင်းသူမဲ့ ဘတ်စ်ကားတွေဟာ တစ်နာရီကို မိုင် ၂၀ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ တစ်ခါ အားသွင်းထားရင် မိုင် ၁၀၀ မောင်းနှင်နိုင်ပါတယ်။ GCP က “ အဲဒီ ကားတွေဟာ နေ့ရာ ၊ ညပါ ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ လက်ရှိ အများပြည်သူ သယ်ယူပို့ဆောင်ပေးနေတဲ့ ကားတွေနဲ့ဆို ဒီလို မလုပ်နိုင်ပါဘူး။ အဲဒီ ကားတွေအတွက် Infrastructure တွေလည်း အများကြီး မလိုအပ်ပါဘူး။ “ လို့ ပြောပါတယ်။

Ref : bbc