[Zawgyi]

ကင္မရာေတြကို အေသးစိတ္စမ္းသပ္ ယွဥ္အမွတ္ေပးတဲ့ေနရာမွာ စိတ္ခ်ရတဲ့ နာမည္ၾကီး DxOMark ကေတာ့ အားလံုးသိျပီးသား ျဖစ္မွာပါ။ ဒါေပမယ့္လည္း အျမဲတမ္း ေနာက္ေက်ာဘက္ကင္မရာေတြပဲ စမ္းေနက်ဆိုေတာ့ Selfie ေကာင္းေကာင္းရိုက္ခ်င္တဲ့သူေတြအတြက္လည္း Comparison ေလး လုပ္ေပးေစခ်င္ခဲ့ၾကတာ ၾကာပါျပီ။

ခုေတာ့ ဆုေတာင္းျပည့္သြားသလုိပါပဲ။ DxOMark ကေနျပီး Selfie Camera အေကာင္းဆံုးဆိုတဲ့ ဖုန္းေတြကို အမွတ္ေပးျပီး စာရင္းခ်ျပခဲ့ပါျပီ။

အမွတ္ေပးစီစဥ္ထားတဲ့ ပံုအရဆို အေကာင္းဆံုးဆိုတဲ့ Selfie ပံုေတြ ရိုက္ခ်င္တဲ့သူေတြအတြက္ Google Pixel 3 ကို ေရြးသင့္ပါတယ္။ တကယ္လို႔မ်ား ပစၥည္းရွားတာ အဆင္မေျပမွာစိုးတာေတြေၾကာင့္ Pixel 3 မသံုးခ်င္ဘူးဆိုရင္ေတာ့ သူနဲ႔ အမွတ္တူတူ ရထားတဲ့ Samsung Galaxy Note 9 ကို ေရြးခ်ယ္သင့္ပါတယ္။

တတိယေနရာမွာေတာ့ 84 မွတ္နဲ႔ Xiaomi Mi Mix 3 ရိွေနျပီး Pixel 3 တို႔ Note 9 တို႔နဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလး ျပတ္က်န္ေနခဲ့တာပါ။ ဒါေပမယ့္လည္း iPhone XS Max နဲ႔ Galaxy S9 Plus တုိ႔ထက္ေတာ့ သာေနပါေသးတယ္။ သူျပီးရင္ Google Pixel 2 XL ေတြက ဆဌမေနရာေျမာက္မွာ ရိွေနျပီးေတာ့ Huawei Mate 20 Pro ေတြထက္ေတာင္ ေကာင္းေနပါေသးတယ္။ Galaxy S8 တို႔ Huawei P20 Pro တို႔ကေတာ့ နံပါတ္ ၈ နဲ႔ ၉ ေနရာေတြမွာ ရိွေနျပီး iPhone X ကေတာ့ နံပါတ္ ၁၀ ေနရာမွာ ရိွေနပါတယ္။

DxOMark ကေတာ့ ဒီအမွတ္ေတြက ဖုန္းတစ္လံုးခ်င္းစီမွာ Solo Selfie ေတြ Group Selfie ေတြ Indoor , Outoor Selfie ေတြ Selfie Video ရိုက္တာေတြ၊ သဘာဝအလင္းေရာင္ေအာက္မွာ ရိုက္တာေတြ၊ စသျဖင့္ စံုပလံုစီေအာင္ စမ္းသပ္ျပီးမွ အားလံုးျခံဳျပီး အမွတ္ေပးထားတာ ျဖစ္ပါတယ္။ ဆိုလိုတာက ပံုေတြတင္အမွတ္ေပးထားတာမ်ိဳးမဟုတ္ပါဘူး။ ဥပမာ Selfie Video ရိုက္တဲ့အခါမွာ Note 9 က Pixel 3 ထက္ ပိုသာေနတာမ်ိဳးပါ။

တစ္ခုထည့္ေတြးရမွာက Nubia X တို႔ Vivo NEX Dual Display တို႔လို ေရွ႕ကင္မရာ ေနာက္ကင္မရာအတူတူေတြကေရာ ဒီမွာ ထည့္စဥ္းစားလုိ႔ရလားဆိုတာ တစ္ခုေတာ့ ရိွပါတယ္။ DxOMark က Selfie အတြက္ပါ ထည့္စဥ္းစားျပီး ႏိႈင္းယွဥ္ေပးေနျပီဆိုေတာ့ ေနာင္မွာ Selfie ဦးစားေပးဝယ္မယ့္သူေတြမ်ားရိွရင္ အားကိုးစရာတစ္ခုရျပီလို႔ မွတ္ရေတာ့မွာပါပဲ။

Source: GizmoChina

[Unicode]

ကင်မရာတွေကို အသေးစိတ်စမ်းသပ် ယှဉ်အမှတ်ပေးတဲ့နေရာမှာ စိတ်ချရတဲ့ နာမည်ကြီး DxOMark ကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့်လည်း အမြဲတမ်း နောက်ကျောဘက်ကင်မရာတွေပဲ စမ်းနေကျဆိုတော့ Selfie ကောင်းကောင်းရိုက်ချင်တဲ့သူတွေအတွက်လည်း Comparison လေး လုပ်ပေးစေချင်ခဲ့ကြတာ ကြာပါပြီ။

ခုတော့ ဆုတောင်းပြည့်သွားသလိုပါပဲ။ DxOMark ကနေပြီး Selfie Camera အကောင်းဆုံးဆိုတဲ့ ဖုန်းတွေကို အမှတ်ပေးပြီး စာရင်းချပြခဲ့ပါပြီ။

အမှတ်ပေးစီစဉ်ထားတဲ့ ပုံအရဆို အကောင်းဆုံးဆိုတဲ့ Selfie ပုံတွေ ရိုက်ချင်တဲ့သူတွေအတွက် Google Pixel 3 ကို ရွေးသင့်ပါတယ်။ တကယ်လို့များ ပစ္စည်းရှားတာ အဆင်မပြေမှာစိုးတာတွေကြောင့် Pixel 3 မသုံးချင်ဘူးဆိုရင်တော့ သူနဲ့ အမှတ်တူတူ ရထားတဲ့ Samsung Galaxy Note 9 ကို ရွေးချယ်သင့်ပါတယ်။

တတိယနေရာမှာတော့ 84 မှတ်နဲ့ Xiaomi Mi Mix 3 ရှိနေပြီး Pixel 3 တို့ Note 9 တို့နဲ့ယှဉ်ရင် တော်တော်လေး ပြတ်ကျန်နေခဲ့တာပါ။ ဒါပေမယ့်လည်း iPhone XS Max နဲ့ Galaxy S9 Plus တို့ထက်တော့ သာနေပါသေးတယ်။ သူပြီးရင် Google Pixel 2 XL တွေက ဆဌမနေရာမြောက်မှာ ရှိနေပြီးတော့ Huawei Mate 20 Pro တွေထက်တောင် ကောင်းနေပါသေးတယ်။ Galaxy S8 တို့ Huawei P20 Pro တို့ကတော့ နံပါတ် ၈ နဲ့ ၉ နေရာတွေမှာ ရှိနေပြီး iPhone X ကတော့ နံပါတ် ၁၀ နေရာမှာ ရှိနေပါတယ်။

DxOMark ကတော့ ဒီအမှတ်တွေက ဖုန်းတစ်လုံးချင်းစီမှာ Solo Selfie တွေ Group Selfie တွေ Indoor , Outoor Selfie တွေ Selfie Video ရိုက်တာတွေ၊ သဘာဝအလင်းရောင်အောက်မှာ ရိုက်တာတွေ၊ စသဖြင့် စုံပလုံစီအောင် စမ်းသပ်ပြီးမှ အားလုံးခြုံပြီး အမှတ်ပေးထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက ပုံတွေတင်အမှတ်ပေးထားတာမျိုးမဟုတ်ပါဘူး။ ဥပမာ Selfie Video ရိုက်တဲ့အခါမှာ Note 9 က Pixel 3 ထက် ပိုသာနေတာမျိုးပါ။

တစ်ခုထည့်တွေးရမှာက Nubia X တို့ Vivo NEX Dual Display တို့လို ရှေ့ကင်မရာ နောက်ကင်မရာအတူတူတွေကရော ဒီမှာ ထည့်စဉ်းစားလို့ရလားဆိုတာ တစ်ခုတော့ ရှိပါတယ်။ DxOMark က Selfie အတွက်ပါ ထည့်စဉ်းစားပြီး နှိုင်းယှဉ်ပေးနေပြီဆိုတော့ နောင်မှာ Selfie ဦးစားပေးဝယ်မယ့်သူတွေများရှိရင် အားကိုးစရာတစ်ခုရပြီလို့ မှတ်ရတော့မှာပါပဲ။

Source: GizmoChina