Cloud အခြေပြု မိုဘိုင်း လုံခြုံရေး ကုမ္ပဏီ Kryptowire ဟာ တရုတ်ကုမ္ပဏီ Unisoc ရဲ့ Chip ပါတဲ့ စမတ်ဖုန်းတွေမှာ လုံခြုံရေး ဟာကွက်တွေ ရှိနေတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Unisoc ဟာ အခုနောက်ပိုင်းမှာ realme , OPPO , Xiaomi , Nokia တို့နဲ့ ပူးပေါင်းထားတဲ့အတွက် Unisoc ရဲ့ Chip ပါတဲ့ ဖုန်းတွေဟာ တော်တော်များလာပါပြီ။

Unisoc

Kryptowire က Unisoc SC9863A Chipset ပါတဲ့ စမတ်ဖုန်းတွေမှာ ဟက်ကာတွေက သုံးစွဲသူ ဒေတာတွေကို ခိုးယူနိုင်တဲ့ အပြင် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ Chip ကို Nokia နဲ့ realme အပါအဝင် စမတ်ဖုန်း များစွာမှာ ထည့်သွင်းထားတာပါ။ ဟက်ကာတွေဟာ Call, System Record , Text Messages, Contacts နဲ့ သုံးစွဲသူ ဒေတာတွေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်း မျက်နှာပြင်ကို Video Recording ပြုလုပ်နိုင်သလို အရှေ့ ကင်မရာကနေ Video ရိုက်ကူးနိုင်ပါတယ်။ အဝေးကနေ ဖုန်းကို ထိန်းချုပ်နိုင်ပြီး ဒေတာတွေကို ဖျက်ဆီးနိုင်ပါတယ်။

UNISOC Tiger T606 Processor - Benchmarks and Specs - NotebookCheck.net Tech

Kryptowire က အဲဒီ ပြဿနာကို Unisoc အပါအဝင် ဖုန်း ထုတ်လုပ်သူတွေနဲ့ Carriers တွေကို အသိပေးထားပြီးပြီဖြစ်ပါတယ်။ Unisoc ဟာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်ရပြီး Unisoc SC9863A ဟာ တော်တော် အိုဟောင်းနေပြီ ဖြစ်တဲ့အတွက် ထုတ်လုပ်မှု လုံးဝ ရပ်နားသွားနိုင်ပါတယ်။

လုံခြုံရေး ဟာကွက်တွေဟာ Chipset ထုတ်လုပ်သူတွေမှာ ဖြစ်လေ့ရှိကြပြီး Unisoc မှာ ဒီပြဿနာ ကြုံတာကလည်း သိပ်မထူးဆန်းပါဘူး။ Unisoc ဟာ တရုတ်နဲ့ နိုင်ငံခြား ဖုန်း ကုမ္ပဏီတွေအတွက် ယုံကြည်စိတ်ချရတဲ့ Chipset ထုတ်လုပ်သူ ဖြစ်အောင် ကြိုးစားနေပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း သိသိသာသာ အောင်မြင်လာပါတယ်။

Ref : gizchina