ကမ္ဘာ့အကြီးဆုံးအွန်လိုင်းဈေးရောင်းပွဲတော်အား မြန်မာနိုင်ငံတွင်လည်း လာမည့်နိုဝင်ဘာ ၁၁ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

11.11 အမှတ်အသားဖြင့် ကျင်းပတတ်သည့် 11.11 (နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပတတ်သည်။) အမည်ရှိ အွန်လိုင်းဈေးပွဲတော်မှာ Alibaba Group ၏ အထိမ်းအမှတ်အဖြစ် ကြီးမှူးကျင်းပလေ့ရှိသည့် ကမ္ဘာ့အကြီးမားဆုံးသော ဈေးရောင်းပွဲတော်ဖြစ်သည်။ လက်ရှိတွင် နေရာအနှံ့သို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး အာရှပစိတ်ဖိတ်၊ ဉရောပ၊ အမေရိကနှင့် မြန်မာနိုင်ငံများသို့ပါ ရောက်ရှိလာပြီဖြစ်သည်။

ယခုအကြိမ် ကျင်းပမည့် ဈေးပွဲတော်မှာ Shop.com.mm က မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် ကျင်းပပေးသည့်အခမ်းအနားဖြစ်သည်။ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက်ပိုမိုသည့် လျှော့ဈေးများ၊ အထူးအစီ အစဉ်များပါဝင်မည်ဖြစ်သည်။ COVID-19 ကာလကို ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသော်လည်း Shop အနေဖြင့် ယခုကဲ့သို့သော အခမ်းအနားများကျင်းပကာ အွန်လိုင်း စီးပွားရေးဆိုင်ရာလှုပ်ရှားမှုအဖြစ် တစ်တပ်တစ်အားပါဝင်လိုပါသည်။ လုပ်ငန်းများ၏ စီးပွားရေးကျဆင်းမှုမှာ ကျယ်ပြန့်လာလျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကာစတန်မာများက သူတို့ဝယ်ယူလိုသောထုတ်ကုန်များကို ပုံမှန်အနေအထားဖြင့် ဝယ်ယူ၍မရရှိနိုင်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း သူတို့၏ထုတ်ကုန်များကို ကာစတန်မာထံသို့ တိုက်ရိုက်မပေးပို့နိုင်သောအနေအထားဖြစ်လာသည်။ Shop အနေဖြင့် ထိုအချက်ကို သိမြင်ကာ စီးပွားရေးလုပ်ငန်းများအတွက်အထောက် အကူဖြစ်စေရန်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက်လည်းကောင်း အကူအညီပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ်က စိန်ခေါ်မှုတွေအပြည့်နဲ့နှစ်ပါပဲ၊ ဒါပေမဲ့ အဲဒီစိန်ခေါ်မှုနဲ့အတူ ကျွန်တော်တို့အနေနဲ့ မြန် မာနိုင်ငံရှိ ကာစတန်မာတွေ၊ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ လက်လီရောင်းချသူတွေနဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ 11.11 က အဲဒီဆောင်ရွက်ချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ e-Commerce က ကာစတန်မာတွေလိုချင်တဲ့ထုတ်ကုန်တွေကို တိုက်ရိုက်ဝယ်ယူနိုင်မယ့် အချက်ဖြစ်သလို ရောင်းသူတွေအတွက်လည်း သူတို့ရဲ့ Offline မှာမရတဲ့ ငွေတွေကို
ရရှိနိုင်မယ့် အခွင့်အလမ်းလည်းဖြစ်ပါတယ်။ 11.11 က မြန်မာနိုင်ငံမှာ နှစ်စဉ်ပြုလုပ်တဲ့ Alibaba ရဲ့ အရောင်းပွဲတော်ဖြစ်ပြီး e-Commerce ကို မြှင့်တင်ပေးတဲ့ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအခမ်းအနားအတွက် ကျွန်တော်တို့ပါတနာတွေ၊ လုပ်ငန်းရှင်တွေနဲ့ လပေါင်းများစွာပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ e-Commerce industry အတွက် မှတ်တမ်းသစ်ရေးနိုင်လိမ့်မယ်လို့လည်းယူဆထားပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မကျင်းပဖူးသေးတဲ့အကြီးဆုံး အရောင်းပွဲတော်တစ်ရပ်ဖြစ်လာပါလိမ့်မယ်” ဟု Shop ၏ မန်နေဂျင်းဒါ ရိုက်တာ Frans Maas ကပြောသည်။

11.11 အခမ်းအနားတွင် Shop.com.mm အနေဖြင့်ကုန်စ္စည်းအမှတ်တံဆိပ်ပေါင်း ၅၀၀၀ကျော်မှ ကုန်ပစ္စည်းပေါင်း ၁၀၀၀၀၀ ကျော်ကို အထူးလျှော့ဈေးများဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ အီလက်ထရွန် နစ်ပစ္စည်းများ၊ ဖက်ရှင်အလှအပပစ္စည်းများ၊ မိခင်နှင့်ကလေးသုံးပစ္စည်းများ၊ လူ့ အသုံးအဆောင်ပစ္စည်းများကို မယုံကြည်နိုင်လောက်သောလျှော့ဈေးများဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ အခမ်းအနားမကျင်းပခင်တွင် အကြိုဈေးရောင်းပွဲတော်ကိုလည်း နိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်အထိကျင်းပဦးမည်ဖြစ်ကာ အထူး လျှော့ဈေးများ၊ 11.11 အတွင်းသာရရှိနိုင်မည့်အခွင့်အရေးများ ပါဝင်မည်ဖြစ်သည်။

11.11 အခမ်းအနားကို Shop’s App မှ‌တစ်ဆင့် ပါဝင်နိုင်မည်ဖြစ်ပြီး Shop Application ကို Google Play Store နှင့် Apple App Store တို့တွင် ဒေါင်းလုပ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်ပေါင်း ၅၀၀၀ ကျော်မှ ကုန်ပစ္စည်းပေါင်း ငါးသိန်းကျော်ကို ၉၀ရာခိုင်နှုန်းလျှော့ဈေး ဖြင့်ဝယ်ယူနိုင်မည့်အခွင့်အရေးလည်းပါဝင်မည့်အပြင် discount mechanics ဟူသည့် အထူးအစီအစဉ် တစ်ရပ်လည်းစီစဉ်ထားပါသည်။ ယင်းအစီအစဉ်တွင် အောက်ပါအချက်များပါဝင်မည်ဖြစ်သည်။

Discount Mechanics အစီအစဉ်

11 Ks deals
ကုန်ပစ္စည်းပေါင်း နှစ်သောင်းကျော်ကို ပုံမှန်ဈေးမဟုတ်ဘဲ မြန်မာငွေ ၁၁ ကျပ် (အခမဲ့) ဖြင့်သတ်မှတ် ထားသည့်အချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်သည်။

Payment Partner Discount
JCB, VISA card များဖြင့်ဝယ်ယူခြင်း၊ အော်ဒါမှာခြင်းများပြုလုပ်မည်ဆိုပါက ၁၅ ရာခိုင်နှုန်းလျှော့ဈေး ရရှိမည်ဖြစ်သည်။

Coupon Giveaways
Shop အနေဖြင့် အော်ဒါမှာယူမှုအပေါ်မူတည်ကာ လျှော့ဈေးကူပွန်များပေးအပ်မည်ဖြစ်ပြီးထိုကူပွန်များ ကို အသုံးပြုကာ ခြောက်သောင်းကျပ်အထိဝယ်ယူနိုင်ရန် အခွင့်အလမ်းရှိမည်ဖြစ်သည်။

Shipping Discounts
Shop အနေဖြင့် အခမဲ့နီးပါးဖြစ်သော ၁၅၀၀ ကျပ်တည်းဖြင့် shipping discounts
ကိုလည်းရရှိမည်ဖြစ် သကဲ့သို့ shipping fees အားလုံးကိုလည်း ၉၉၅ ကျပ်တည်းဖြင့်ရရှိနိုင်မည့်အခွင့်အရေးများ၊ သတ်မှတ်အချိန်အတွင်း မည်သည့်နေရာကို မဆိုအခမဲ့ပို့ ဆောင်ပေးခြင်းအခွင့်အရေးများကိုလည်းရရှိမည် ဖြစ်သည်။

Mega Rush Hour
Mega Rush Hour အတွင်း မည်သည့် Official store တွင်မဆိုအော်ဒါမှာဝယ်ယူသူတိုင်းအတွက် Save Flat 10%, up to 10,000Ks အစီအစဉ်လည်းပါဝင်မည်ဖြစ်သည်။

Official Stores များသည် အရည် အသွေးအကောင်းဆုံးထုတ်ကုန်များကို အာမခံသောတရားဝင်မှတ်ပုံတင်ထားသည့် အရောင်းဆိုင်များ ဖြစ်သည်။ ထိုစတိုးများတွင်ဝယ်ယူပြီး မကြိုက်လျှင် ပစ္စည်းကို ၁၄ ရက်အတွင်းအခမဲ့ ပြန်ပို့ပေးနိုင်ရန်လည်းဆောင်ရွက်ပေးသည်။

Mega Deals
Mega Deals! မှာ လျှော့ဈေးများကို အကြီးအကျယ်ချထားသော အစီအစဉ်ဖြစ်သည်။ Mega Deals discounts များမှာ အခြားမည်သည့်နေရာတွင်မှ မရနိုင်သောဈေးနှုန်းများဖြစ်သည်။

App Visit Challenge
Shop App သို့ နေ့စဉ်ဝင်ရောက်ကာ ငါးသောင်းကျပ်အထိ ကံထူးနိုင်မည့်အစီအစဉ်ဖြစ်သည်။ ထိုအပြင် အထူးလျှော့ဈေးများ၊ ကူပွန်များလည်း App ကိုဖွင့်သုံးသည်နှင့်ရရှိနိုင်မည့်အခွင့်အရေးများပါဝင်မည်ဖြစ်သည်။

Refer & Win
Shop’s new referral program အရ Shop App ကို သူငယ်ချင်းများထံမျှဝေအသုံးပြုစေပါက တစ်သောင်းကျပ်အထိ ကံထူးနိုင်မည့် အစီအစဉ်ဖြစ်သည်။

Shop First Games (SFG) Gaming Week
Shop ၏ နိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်နေ့တွင်ကျင်းပမည့် Shop First Games (SFG) ဂိမ်းအစီအစဉ်တွင် အနိုင်ရရှိသူများအား ဆုကူပွန်များနှင့် လျှော့ဈေးများပေးအပ်မည်ဖြစ်သည်။

ဂိမ်းကစားပြီး သုံးသောင်း ကျပ်အထိ ကူပွန်များရရှိနိုင်ကာ ထိုကူပွန်ကို 11.11 ၏ Shop First Games တွင် အသုံးပြုနိုင် မည်ဖြစ်သည်။

Mission 11.11
App ကိုသုံးပြီး Mission များကို ဆောင်ရွက်ကာ တစ်သောင်းကျပ်အထိအနိုင်ရရှိမည့်အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။
အဆိုပါအစီအစဉ်တွင် App ရှိ Cart ထဲသို့ ကိုယ်အကြိုက်နှစ်သက်ဆုံး item များကို ရွေးချယ်ခြင်း၊ ကြိုက်နှစ်သက်ရာ SFG ဂိမ်း ငါးမျိုးကိုကစားခြင်း၊ သူငယ်ချင်းများကို MegaDeals သုံး ခုမျှဝေခြင်း အစရှိသည့် ပျော်ရွှင်ကောင်းသော အစီအစဉ်များပါဝင်မည်ဖြစ်သည်။

Shop App ကို ဒေါင်းလုပ် ပြုလုပ်ပြီး Shop.com.mm 11.11 The World’s Biggest Sale တွင်ပါဝင်နိုင်မည်ဖြစ်သည်။

အထူးလျှော့ဈေးအမျိုးမျိုးကိုရရှိမည်ဖြစ်သည့်အပြင် ၉၅၅ ကျပ်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာသို့လည်း ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းမိမိတို့၏ လက်ထဲရောက်မှသာ ငွပေးချေမှုစနစ် (cash-on delivery)၊ JCB ကဒ်၊ VISA ကဒ်၊ Mastercard စသည့်ငွေပေးချေမှုစနစ်များဖြင့်လည်း လက်ခံပေးသွားမည်ဖြစ်ပါသည်။

ဝယ်ယူသူများအနေဖြင့် ပိုမိုကျေနပ်မှုရှိစေရန်အတွက် မိမိတို့ဝယ်ယူထားသော ကုန်ပစ္စည်းများအဆင်မပြေမှု တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့လျှင် (၇)ရက်အတွင်း အခမဲ့ပြန်လည်ပေးပို့နိုင်မည်ဖြစ်ပါသည်။ ဆိုင်အားလုံးတွင် ပျော်စရာပရိုမိုးရှင်းများနှင့်အတူ အကောင်းဆုံးကုန်ပစ္စည်းများလည်း အမြဲရှိနေမည်ဖြစ်ပါသည်။ ဆိုင်များတွင် မယုံနိုင်လောက်တဲ့အထူးလျှော့ဈေးတွေနှင့်အတူ Daily Flash Sales
တွေလည်းရှိနေမှာဖြစ်ပြီး ကမ္ဘာအနှံ့တလွှားမှ ရာင်းချသူတွေအနေဖြင့် သူတို့ရဲ့ Global Collection တွေမှာလည်း ရွးချယ်စရာတွေ အများကြီးရှိနေအုံးမှာဖြစ်ပါသည်။ ထို့အပြင် ShopMart မှာလည်း ကုန်စုံပစ္စည်းများနှင့် အခြေခံမရှိမဖြစ်လိုအပ် သည့်ကုန်ပစ္စည်းများကိုပါ ရာင်းချပေးသွားမှာဖြစ်ပါသည်။ သင့်အနေဖြင့် အဝတ်အစားတွေဝယ်လိုလျှင်ဖြစ်စေ၊ ဖုန်းအသစ်ဝယ်ယူလိုလျှင်ဖြစ်စေ၊ ဆိုဖာ၊ မိတ်ကပ်ပစ္စည်းများအပြင်စားသောက်ကုန်များကိုလည်း ကျွန်ုပ်တို့၏ Shop တွင် စိတ်ကြိုက်မှာယူနိုင်မည်ဖြစ်ပါသည်။

Shop MM သည် မြန်မာနိုင်ငံ၏ အကြီးဆုံး e-commerce ပလက်ဖောင်းဖြစ်ပြီး ဝယ်ယူသူများကို သန်းပေါင်းများစွာသောပစ္စည်းများအား အမျိုးအစား အလိုက်ခွဲပြီး ရောင်းချပေးနေခြင်းဖြစ်သည်။ Shop.com.mm ကို ၂၀၁၈ ခုနှစ်၌ Alibaba က အပြီးတိုင်ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံရှိ ၀ယ်သူများနှင့် ရောင်းချသူများအား Virtual Marketplace သို့ အလွယ်တကူ ၀င်ရောက်နိုင်ရန်အတွက်စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းကပင် မြန်မာနိုင်ငံ၏ e-Commerce ကို နိုင်ငံတကာအဆင့်သို့ ရောက်အောင်ကူညီရန် ကမ္ဘာ့အဆင့်မီနည်းပညာကို ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် Shop အနေဖြင့် ကုန်ပစ္စည်းပေါင်းတစ်သန်းကျော်ကို ချက်ချင်းလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးနေပြီး တစ်နိုင်ငံလုံးရှိ ကုန်ပစ္စည်း များကို ဖြန့်ဖြူးပေးသည့် ထောက်ပံ့ပိုးဆောင်ရေးကွန်ရက်ကိုလည်း လုပ်ကိုင် လျှက်ရှိသည်။

Shop App ကို ဒေါင်းလုပ်ရယူရန် > https://bit.ly/3mlxyXP
11.11 The World Biggest Sale သိုဝင်ရောက်လေ့လာရန်> https://click.shop.com.mm/e/_eBMQ3