Android အသုံးပြုသူတွေအတွက် အရမ်းအသုံးဝင်စေမယ့် Music Player လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ သူ့နာမည်က Phonograph ပါ။

Free App တစ်ခုဖြစ်ပြီး ဘာကြော်ညာမှ မပါလို့ သုံးရတာအရမ်းအဆင်ပြေပါတယ်။ Android User တိုင်းက အမြဲလိုလို Third Party Music Player တွေရှာဖွေသုံးဆွဲနေကြပါတယ်။ အကြောင်းရင်းက Original Music Player က Feature မစုံတာ မလှတာ အစရှိတဲ့အကြောင်းရင်းတွေကြောင့်ပါ။ Google ရဲ့ Play Music တောင်မှပဲ သူ့ရဲ့ Music Service တွေကို ခနခန ကြော်ညာနေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။

Phonograph Music Player က ရိုးရိုးလေးနဲ့ကိုလှပါတယ်။ တစ်ခြား Music Player တွေမှာပါတဲ့ Feature တွေအကုန်ပါဝင်ပြီး Songs, Artists, Album နဲ့ Folder ဆိုပြီး သီချင်းတွေကိုအလွယ်တစ်ကူရှာဖို့ Design ဆွဲပေးထားတာပါ။

Now Playing အောက်နားမှာပဲ နောက်လာမယ့် Playlist ကိုတွေ့နိုင်တာကြောင့် နောက်ထပ်ဖွင့်မယ့် သီချင်းတွေကို အလွယ်တစ်ကူ ဖွင့်နိုင်တယ်။

Player ရဲ့ Theme ကို Light, Dark အစရှိသဖြင့်အလွယ်တစ်ကူပြောင်းနိုင်ပြီး

Color Accent ကိုလည်း ငါးရောင်ထိ ပြောင်းနိုင်မှာပါ။ တစ်ခြားအရောင်တွေလိုချင်ရင်တော့ Paid Version နဲ့ ရနိုင်ပါတယ်။

Size ကလည်းသိပ်မကြီးပဲ ပေါ့ပေါ့ပါးပါးနဲ့အသုံးဝင်ပါတယ်။ Phonograph Music Player ကို အောက်က Link တွေမှာ ရရှိနိုင်ပါတယ်။

Play Store Link: https://play.google.com/store/apps/details?id=com.kabouzeid.gramophone

APK Pure Link: https://apkpure.com/p/com.kabouzeid.gramophone