[Zawgyi]

Qualcomm ဟာ မ်ိဴးဆက္သစ္ SoC ျဖစ္တဲ့ Snapdragon 855 ကို ၿပီးခဲ့တဲ့လတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Snapdragon 855 ကို တရားဝင္မိတ္ဆက္သြားၿပီ ဆိုေပမယ့္ Snapdragon 855 အသုံးျပဳထားတဲ့ စမတ္ဖုန္းကေတာ့ ေစ်းကြက္ထဲကို မေရာက္ရွိေသးပါဘူး။ ဒီေန႔မွာေတာ့ အဆိုပါ SoC ကို အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးက Geekbench ဝက္ဆိုက္ထဲကို ဝင္ေရာက္လည္ပတ္သြားခဲ့ပါတယ္။

Snapdragon 855 ကို အသုံးျပဳထားတဲ့ စမ္းသပ္ဆဲ ဖုန္းတစ္လုံးဟာ Geekbench မွာ Single-Core ရမွတ္ ၃၅၄၅ နဲ႔ Multi-Core ရမွတ္ ၁၁၁၅၀ကို ပိုင္ဆိုင္ထားပါတယ္။ အဆိုပါ ဖုန္းမွာ RAM အေနနဲ႔ 6GB ပါဝင္ခဲ့ၿပီး Androd 9 Pie Operating System ကို ထည့္သြင္းေမာင္းႏွင္ထားတာ ျဖစ္ပါတယ္။

Snapdragon 855 ဟာ AnTuTu မွာဆိုရင္လည္း တစ္ခါမွ မျမင္ဖူး၊ မၾကားဖူးတဲ့ ရမွတ္မ်ိဴးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းက ထြက္ေပၚခဲ့တဲ့ ေကာလဟလသတင္းတစ္ခုအရ Snapdragon 855 ကို အသုံးျပဳထားတဲ့ Sony Xperia XZ4 ရဲ႕ AnTuTu ရမွတ္ဟာ ၄သိန္းနီးပါးအထိ ရွိတယ္လို႔ သိရပါတယ္။ အဆိုပါရလဒ္အတိုင္းသာ တကယ္ထြက္လာမယ္ဆိုရင္ Snapdragon 855 (7nm) က သူနဲ႔တန္းတူ SoC ေတြျဖစ္တဲ့ Kirin 980 (7nm) နဲ႔ Exynos 9820 (8nm) ေတြကို အျပတ္အသတ္ အႏိုင္ယူႏိုင္မွာပါ။

Exynos 9820 (8nm) ကို အသုံးျပဳထားတဲ့ Galaxy S10+ ကေတာ့ AnTuTu ရမွတ္ ၃၆၂,၂၉၂ အထိ ရရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Exynos 9820 နဲ႔ Snapdragon 855 တို႔ရဲ႕ ရမွတ္ေတြက တရားဝင္ မဟုတ္ေသးတာေၾကာင့္ အတည္တက်ေတာ့ မွတ္ယူထားလို႔ မရေသးပါဘူး။ တရားဝင္ထြက္ရွိထားတဲ့ Kirin 980 အသုံးျပဳ Huawei Mate 20 ရဲ႕ AnTuTu ရမွတ္ကေတာ့ ၃၀၆,၆၀၈ ျဖစ္ၿပီး ဒီဇင္ဘာလအတြက္ Performance အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ AnTuTu ဇယားထိပ္မွာ ရပ္တည္ေနပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 855 ရဲ့ Geekbench ရမှတ်များ ထွက်ပေါ်

Qualcomm ဟာ မျိူးဆက်သစ် SoC ဖြစ်တဲ့ Snapdragon 855 ကို ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Snapdragon 855 ကို တရားဝင်မိတ်ဆက်သွားပြီ ဆိုပေမယ့် Snapdragon 855 အသုံးပြုထားတဲ့ စမတ်ဖုန်းကတော့ စျေးကွက်ထဲကို မရောက်ရှိသေးပါဘူး။ ဒီနေ့မှာတော့ အဆိုပါ SoC ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးက Geekbench ဝက်ဆိုက်ထဲကို ဝင်ရောက်လည်ပတ်သွားခဲ့ပါတယ်။

Snapdragon 855 ကို အသုံးပြုထားတဲ့ စမ်းသပ်ဆဲ ဖုန်းတစ်လုံးဟာ Geekbench မှာ Single-Core ရမှတ် ၃၅၄၅ နဲ့ Multi-Core ရမှတ် ၁၁၁၅၀ကို ပိုင်ဆိုင်ထားပါတယ်။ အဆိုပါ ဖုန်းမှာ RAM အနေနဲ့ 6GB ပါဝင်ခဲ့ပြီး Androd 9 Pie Operating System ကို ထည့်သွင်းမောင်းနှင်ထားတာ ဖြစ်ပါတယ်။

Snapdragon 855 ဟာ AnTuTu မှာဆိုရင်လည်း တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ရမှတ်မျိူးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ထွက်ပေါ်ခဲ့တဲ့ ကောလဟလသတင်းတစ်ခုအရ Snapdragon 855 ကို အသုံးပြုထားတဲ့ Sony Xperia XZ4 ရဲ့ AnTuTu ရမှတ်ဟာ ၄သိန်းနီးပါးအထိ ရှိတယ်လို့ သိရပါတယ်။ အဆိုပါရလဒ်အတိုင်းသာ တကယ်ထွက်လာမယ်ဆိုရင် Snapdragon 855 (7nm) က သူနဲ့တန်းတူ SoC တွေဖြစ်တဲ့ Kirin 980 (7nm) နဲ့ Exynos 9820 (8nm) တွေကို အပြတ်အသတ် အနိုင်ယူနိုင်မှာပါ။

Exynos 9820 (8nm) ကို အသုံးပြုထားတဲ့ Galaxy S10+ ကတော့ AnTuTu ရမှတ် ၃၆၂,၂၉၂ အထိ ရရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် Exynos 9820 နဲ့ Snapdragon 855 တို့ရဲ့ ရမှတ်တွေက တရားဝင် မဟုတ်သေးတာကြောင့် အတည်တကျတော့ မှတ်ယူထားလို့ မရသေးပါဘူး။ တရားဝင်ထွက်ရှိထားတဲ့ Kirin 980 အသုံးပြု Huawei Mate 20 ရဲ့ AnTuTu ရမှတ်ကတော့ ၃၀၆,၆၀၈ ဖြစ်ပြီး ဒီဇင်ဘာလအတွက် Performance အကောင်းဆုံး စမတ်ဖုန်းအဖြစ် AnTuTu ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

Ref : Gizmochina